ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: January 2016

မေ့မျောနေသည့်လူမမာကိုမေတ္တာပို့သင့်သည်

COMA (10) ဗုဒ္ဓဘာသာဝင်များသာမက ဘာသာဝင်တိုင်းကမိမိတို့၏ လူမမာကိုမေတ္တာပို့သခြင်းဖြင့်ကူညီ ပေးနိုင်ပါသေးသည်။ ဆောင်ရွက်ရန် နည်းလမ်းမှာ လူမမာကို စူးစူးစိုက်စိုက် အာရုံစိုက်ကာ အမှန်တကယ် ကောင်းစားစေချင်၊ ကျန်းမာစေချင်၊ ချမ်းသာစေချင်သည့် စိတ်ထားဖြင့် မေတ္တာပို့ရပါမည်။ နားလည်လွယ်ပြီးရိုးရှင်းသည့် စကားလုံးဖြင့် မေတ္တာပို့သသင့်ပါသည်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုလျှင်လည်း လုံလောက်ပါသည်။ ကိုယ်စိတ် ငြိမ်းအေးပါစေဟုမေတ္တာ ပို့သလျှင်လည်း ပြည့်စုံပါသည်။ စကားလုံးထက် ချမ်းသာကောင်းစားစေချင်သည့်စိတ်က ပို၍ ပဓာနကျပါ သည်။ မေတ္တာပို့သရာ၌ ဘာသာတရားကိုးကွယ်မှုက ဟန့်တား နှောင့်ယှက်မရှိပါ။ မည်သည့် ဘာသာဝင်ဖြစ်စေ May you be happy...
Read More

အမှတ်စဉ် (၂၄/၂၀၁၆) နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၄/၂၀၁၆)ကို ဖွင့်လှစ်ရာတွင် နေပြည်တော် ပြည်ထောင်စုကောင်စီနယ်မြေအတွင်းမှ (၁၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၄)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၂၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၇)ဦးနှင့် မကွေးတိုင်းဒေသကြီးမှ (၂၈)ဦး စုစုပေါင်း (၈၀)ဦး တက်ရောက်ကြပါသည်။ သင်တန်းသား(၁၆)ဦးနှင့် သင်တန်းသူ(၆၄)ဦး စုစုပေါင်း(၈၀)ဦး ဖြစ်ပါသည်။ IMG_3422 IMG_3426 IMG_3445 IMG_3448Read More