ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၁)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: February 2016

နည်းပြဆရာဖြစ်နယ်လှည့်သင်တန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မင်းကင်းဒေသတွင် ဓမ္မကျောင်းတော်ကျောင်းပေါင်း(၂၀)ကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှ မတ်လ(၃)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် ဓမ္မကျောင်းတော်ပေါင်း(၂၇)ကျောင်းကို မတ်လ(၁) ရက်နေ့မှ (၅)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပါသည်။ ...
Read More

ဆင့်ပွားသင်တန်းဖွင့်လှစ်

ဖေဖော်ဝါရီလ( ၂၇)ရက်နေ့IMG_3784 IMG_3783 IMG_3782 IMG_3781တွင် ပျော်ဘွယ်မြို့နယ် ဓမ္မျေကျာင်းတော်ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးကော်မတီမှ နည်းပြ(ဆင့်ပွား)သင်တန်းကို ပျော်ဘွယ်မြို့ သာယာကုန်းကျောင်းတိုက်တွင်ဖွင့်လှစ်ခဲ့ပါသည်။ ...
Read More