ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၄) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဒုတိယ အကြိမ်မြောက် ကပ္ပိယ ဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခု ဒီဇင်ဘာလ ၁၅ ရက် ညနေ မှ ၁၆ ရက်နေ့ အထိ ကျင်း ပပြုလုပ်မည် ဖြစ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ (ယောဂီဟောင်းများသာ)

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: April 2016

ဓမ္မကျောင်းတော်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

IMG_6707 IMG_6698 IMG_6701 ပြင်ဦးလွင်မြို့နယ် ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် တည်တံ့ပြန့်ပွားရေး အဖွဲ့တည်ရာမြို့နယ်ရုံးတွင် ဧပြီလ(၃၀)ရက်စနေနေ့ ညနေ ၃နာရီအချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့ အတွင်းရေးမှူးဆရာတော်၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာနှင့် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ နေပြည်တော်ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ ပဓာနနာယက...
Read More

Facebook Page ဘာသာရေး အစွန်းရောက်သူတို့၏ လက်ဝယ်မှ ပြန်လည်လွတ်မြောက်လာခြင်း

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ Facebook page (Dhamma School- ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်းဌာန)သည် ၁.၄.၂၀၁၆ (သောကြာနေ့) ညနေ ၄:၄၅ အချိန်တွင် ဘာသာရေး အစွန်းရောက်သူတချို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။ နေပြည်တော်ယဉ်လိမ္မာစင်တာ၏ သာသနာပြု လုပ်ငန်းများကို မြတ်နိုးကြသည့် ကွန်ပျူတာကျွမ်းကျင်ပညာရှင်များကလည်း ၎င်းဘာသာရေးအစွန်းရောက်သူတို့ လက်ဝယ်တွင် ကျရောက်ကာခြ ယ်လှယ်ခံနေရသော Facebook page ကို ပြန်လည်ရှင်သန်လာရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်မှုကြောင့် ၂၇.၄.၂၀၁၆ (ဗုဒ္ဓဟူးနေ့) ည ၁၁:၃၀ အချိန်တွင် ပြန်လည်အောင်မြင်ခဲ့ပါသည်။ ၎င်းဘာသာရေး အစွန်းရောက်သူတို့လက်ထဲ ကျရောက်နေချိန်တွင် မိမိတို့၏ ဘာသာရေးနှင့် ယဉ်ကျေးလိမ္မာ page တွင် ၎င်းတို့၏ ညစ်ညမ်းသောဆဲဆိုမှုများနှင့် ပုံများ တင်ထားမှုအပေါ် နားလည်ပေးကြပါရန်တောင်းပန်အပ်ပါသည်။ ၎င်းFacebook...
Read More