ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၃၉) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၀) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: June 2016

ဓမ္မကျောင်းတော်(၁၉)ကျောင်း စုပေါင်းဖွင့်ပွဲနှင့် ဓမ္မကျောင်းတော် တိုင်းဒေသကြီး ကော်မတီဖွဲ့စည်းခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူးကျင်းပသော ဓမ္မကျောင်းတော်ပေါင်း (၁၉)ကျောင်း စုပေါင်းဖွင့်ပွဲနှင့် မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနားကို ဇွန်လ(၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သမိုင်းဝင်ရှေးဟောင်းပင်းမြို့၊ ပုဗ္ဗာရုံကျောင်းတိုက်၊ ရှင်အရဟံဗောဓိမဟာအောင်မြေ၌ ဖွင့်လှစ်ပါသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး(၉)မြို့နယ် ဓမ္မကျောင်းတော်များမှ ဦးဆောင်ဆရာတော်သံဃာတော်(၇၁)ပါး၊ ဓမ္မကျောင်းတော်ကော်မတီ အလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ဒေသခံရပ်မိရပ်ဖများ(၁၅၀)ဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ဓမ္မကျောင်းတော် ရင်သွေးငယ်လေးများ(၂၀၀)ဦး စုစုပေါင်း( ၄၂၁)ဦး တက်ရောက်ကြသည်။ ထိုအခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ ဗဟိုအတွင်းရေးမှူး(၁)နှင့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သြဝါဒါစရိယ ရန်ကင်းတောရဆရာတော် ပေးပို့သော သဝဏ်လွှာကို မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော်ဖြစ်မြောက်ရေးနှင့် IMG_1324 Read More

အမှတ်စဉ်(၂၃/၂၀၁၆) နည်းပြဆရာဖြစ်သင်တန်းကို ဖွင့်လှစ်မည်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၃/၂၀၁၆)ကို ဇူလိုင်လ(၂)ရက်နေ့မှ (၉)ရက်နေ့အထိ ဓမ္မကျောင်းတော် ဗုဒ္ဓ ဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၌ ဖွင့်လှစ်သွားပါမည်ခင်ဗျာ။ ဆရာ/မ ဦးရေ ကန့်သတ်ထားပါသည်။ သင်တန်းတက်ရောက်မည့် သူများသည် မိမိတို့၏ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းများနှင့် သုံးစွဲနေသည့် ဆေးဝါးများကို ယူဆောင် လာရပါမည်။ အသေးစိတ်သိရှိလိုပါက ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်လည်းကောင်း၊ Email ဖြင့်လည်းကောင်း ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်ခင်ဗျာ။ ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04 ။ Email;sayadaw@dhammatrainingcenter.com နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ။...
Read More

သင်တန်းဆင်းပွဲ

အမှတ်စဉ်(၂၂/၂၀၁၆) နည်းပြဆရာဖြစ်သင်တန်းဆင်းပွဲကို ဇွန်လ(၂၅)ရက်နေ့ နေ့လည်(၁)နာရီချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ IMG_1077 IMG_1072 IMG_1061 IMG_1055...
Read More