ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: August 2016

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် သင်တန်း

ရန်ကင်းတောရဆရာတော်မှ IMG_4480 IMG_4482 IMG_4499အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် သင်တန်းကှို ရန်ကင်းတောရကျောင်း၌ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းပို့ချလျက်ရှိရာ ယနေ့သြဂုတ်လ (၂၈)ရက် တနင်္ဂနွေနေ့တွင် မိုးများသည်းထန်စွာ ရွာသွန်းနေသည့်ကြားကပင် သင်တန်းသား သင်တန်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတက်ရောက်လိုသူများ မည်သူမဆို ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေနေ့တိုင်း အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်သင်တန်းကို တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။ ...
Read More

(၁၁၈)ကြိမ်မြောက် ဝိပဿ နာ (၁၀)ရက် တရားစခန်း ပြီးစီး

လူလတ်လူကြီးများ အားထုတ်ခဲ့ကြသည့် (၁၁၈)ကြိမ်မြောက် ဝိပဿ နာ (၁၀)ရက် တရားစခန်းသည် သြဂုတ်လ(၂၈)ရက် တနင်္ဂနွေနေ့ ညနေတွင် အောင်မြင်စွာIMG_4442 IMG_4451ပြီးစီးခဲ့ပါသည်။...
Read More

လူငယ်၊ လူလတ်၊ လူကြီး ယောဂီဟောင်းများတွေ့ဆုံပွဲ

ရန်ကင်းတောရကျောင်းတွင် လစဉ် လတစ်လ၏ နောက်ဆုံးပတ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြုလုပ်လျက်ရှိသော လူငယ်၊ လူလတ်၊ လူကြီး ယောဂီဟောင်းများတွေ့ဆုံပွဲ အပါတ်စဉ်(၄၄)ကိုလည်း ရာသီဥတု IMG_4480 IMG_4483ဆိုးဝါးသည့်ကြားကပင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ ...
Read More