ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၇)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်တနင်္ဂနွေနေ့ညနေမှ ဇန်န၀ါရီလ(၁)ရက် အင်္ဂါနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါသဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားဦးရေကို ကန့်သတ်ထားပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: August 2016

အမှတ်စဉ်(၂၄/၂၀၁၆) နည်းပြဆရာဖြစ်သင်တန်းဆင်ပွဲ

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၄/၂၀၁၆) နည်းပြဆရာဖြစ်သင်တန်းကို ဇူလိုင်လ(၁၀)ရက်နေ့တွင် ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန၏ ဓမ္မဗိမာန်တော်အတွင်း၌ ကျင်းပပြီးစီးခဲ့ပါသည်။ IMG_4177 IMG_4176 IMG_4175 IMG_4174 IMG_4173Read More

ကလေးဗဟိုပြု ချဉ်းကပ်နည်း (CCA) သင်ကြားနည်းစနစ်များအား သင်ကြားနေစဉ်

IMG_3734IMG_3728 IMG_3725 IMG_3724 IMG_3718ဓမ္မကျောင်းတော် ရင်သွေးငယ်လေးများကို ဓမ္မစာပေများ သင်ကြားရာတွင် ပူးပေါင်းပါဝင်လာစေရန် သင်ကြားနည်းစနစ်များအား အုပ်စု(Group)အလိုက် သရုပ်ဖော် သင်ကြားနေစဉ်။...
Read More

အမှတ်စဉ် (၂၄/၂၀၁၆)ကို ဖွင့်လှစ်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်(၂၄/၂၀၁၆)ကို ဖွင့်လှစ်ရာတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းမှ(၁၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ(၁)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ(၄)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၂၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ(၇)ဦးနှင့် မကွေးတိုင်းဒေသကြီးမှ (၂၈)ဦး စုစုပေါင်း (၈၀)ဦး တက်ရောက်ကြပါသည်။ သင်တန်းသား(၁၆)ဦးနှင့် သင်တန်းသူ(၆၄)ဦး စုစုပေါင်း(၈၀)ဦး ဖြစ်ပါသည်။IMG_3441 IMG_3450 IMG_3448 IMG_3445 Read More

ဓမ္မကျောင်းတော်ပေါင်း (၅)ကျောင်းဖွင့်ပွဲ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ထေရာဂုဏ်ရည်ကျောင်းတိုက်၊ ရုံးဆိပ်တောင်ေa (68) a (41)ကျးရွာတွင် သြဂုတ်လ(၂)ရက်နေ့၌ ဓမ္မကျောင်းတော်ပေါင်း (၅)ကျောင်း စုပေါင်းဖွင့်လှစ်ခဲ့ပါသည်။ ၎င်းဖွင့်ပွဲကို မြတ်စွာဘုရားရှင်အား နမောတဿ မဟာပဏာမ ဘုရားရှိခိုး(၃)ကြိမ် ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သံဃနာယက အကျိုးတော်ဆောင်ဆရာတော်မှ ထိုဖွင့်ပွဲသို့ တက်ရောက်ကြသော ကျေးရွာဒေသခံများ၊ ရပ်မိရပ်ဖများနှင့် ဆရာ/ဆရာမများအား (၅)ပါးသီလချီးမြှင့်ပြီး သြဝါဒစကား မိန့်ကြားတော်မူပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး၊ ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့်ပွားရေးအဖွဲ့၏ ဥက္ကဌဆရာတော်၊ မဟာဝိသုဒ္ဒါရုံ...
Read More