ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၂) တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၂၀-ရက် ကြာသပတေးနေ့မှ ၃၀-ရက် တနင်္ဂနွေနေ့ထိ ဖွင့်လှစ်ပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: September 2016

ဝိပဿနာတရားစခန်း ပြီးစီးခြင်း

IMG_1380 ရန်ကင်းတောရကျောင်းတွင် ဖွင့်လှစ်သော ဝိပဿနာ (၁၀)ရက် တရားစခန်း အမှတ်စဉ် (၁၁၉) ကို စက်တင်ဘာလ (၂၅)ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါသည်။ ...
Read More

ဓမ္မကျောင်းတော်များ၏ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပေးပို့ရန်ကိစ္စ

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာသို့ ပြိုင်ပွဲဝင်ဓာတ်ပုံများ ပေးပို့ထားသည့် ဓမ္မကျောင်းတော်များမှာ က။ မြစ်ကြီးနားမြို့မှ ရတနာ့ ဂုဏ်ရည် ဓမ္မကျောင်းတော် ခ။ ဆောမြို့နယ်မှ လောင်းရှည် ဂ။ နေပြည်တော် ပြည်ထောင်စုနယ်မြေမှ (၁) ကံဦးဓမ္မကျောင်းတော် (ကျည်တောင်အုပ်စု) (၂) ရှမ်းရွာ ဓမ္မကျောင်းတော် (၃) ရုံးပင် ဓမ္မကျောင်းတော် (၄) ညိုပင် ဓမ္မကျောင်းတော် (၅) ပျံချီ ဓမ္မကျောင်းတော် (၆) မွန်းတည့်ခွင် ဓမ္မကျောင်းတော် ...
Read More

ဝိပဿ နာတရားစန်း အမှတ်စဉ် (၁၁၉)

ရန်ကင်းတောရပရိယတိပဋိပတ် ဌာနတွင် အမှတ်စဉ် (၁၁၉) ဝိပဿနာတရားစခန်းကိုစက်တင်ဘာလ(၁၅)ရက်နေ့မှ(၂၅)ရက်နေ့အထိဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ တရားစခန်း၏ပထမနေ့တွင် ရန်ကင်းတောရဆရာတော်မှ မဂ္ဂင်(၈)ပါးတရားတော်မြတ်ကို အကျယ်တ၀င့်ဟောကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်၏ အဆုံးအမဖြစ်သောသီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာတို့ကိုတရားအားထုတ်နေကြသည့် ယောဂီများကတရားစခန်းအတွင်းမှာသာမက ဘ၀ထဲအထိပါလိုက်နာကျင့်သုံးတတ်စေရန် သွန်သင်ဆုံးမပေးလျက်ရှိပါသည်။ သီလမဂ္ဂင်(၃)ပါးမှ သမ္မာဝါစာ (Right speech) ကောင်းစွာပြောဆိုမှု (၄)ပါး ၁။ လိမ်ညာစကားမပြောရ ၂။ ဂုံးချောစကားမပြောရ ၃။ ကြမ်းတမ်းစကားမပြောရ ၄။ ပိန်ဖျင်းစကားမပြောရ လိမ်ညာဝါကြွား ၊ ဂုံးချော၊ ကြမ်းတမ်း၊ ပိန်ဖျင်းသောစကားတို့သည် မိစ္ဆာဝါစာ (Wrong speech) ဖြစ်ကြောင်း? သမ္မာကမ္မန္တ (Right action) ကောင်းစွာပြုလုပ်မှု (၃)ပါး ၁။ သူ့အသက် မသတ်ရ ၂။ သူတစ်ပါးဥစ္စာမခိုးရ ၃။ လင်ရှိမယား၊ မယားရှိလင်နှင့် မလွန်ကျူးရလွန်ကျူးပါက(Wrong action) ဖြစ်ကြောင်းနှင့် သမ္မာအာဇီဝ (Right livelihood) ကောင်းစွာအသက်မွေးမှု မိစ္ဆာဝါစာ (Wrong speech)(၄) ပါးဖြင့် ငွေမရှာရပါ။...
Read More