ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။
၂။ အပတ်စဉ် (၁၄၂) စက်တင်ဘာ တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၂၀-ရက် ကြာသပတေးနေ့မှ ၃၀-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2016

ပရိယတ္တိဆောင် သံဃာတော်များ ဦးဆောင်သည့် အလင်းပြကြယ် ဓမ္မကျောင်းတော် သင်ကြားရေးအဖွဲ့၏ နှစ်ပတ်လည် အလုပ်အမှုဆောင် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပကာ လုပ်ငန်းစဉ် (၁၁) ရပ်ချမှတ်နိုင်ခဲ့ပါသည်။

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် စာသင်တိုက် အသီးသီးမှ ပရိယတ္တိစာသင်သား သံဃာတော်များ ဦးဆောင်ပါဝင်သည့် အလင်းပြ ကြယ် ဓမ္မကျောင်းတော် သင်ကြားရေးအဖွဲ့၏ နှစ်ပတ်လည် အလုပ်အမှုဆာင် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၂၄)ရက်မှ (၂၆) ရက်နေ့ အထိ (၃) ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။  အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြတ်စွာဘုရားရှင်၏ အဆုံးအမများ ကလေးသူငယ် လူရွယ်လူလတ်များ၏ ရင်တွင်း၌ ကိန်း အောင်းပြီး ယဉ်ကျေးလိမ္မာသူများ တိုးပွားလာစေရန်နှင့် နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး၊ နွေရာသီသင်တန်းမှသည် တနင်္ဂနွေနေ့တိုင်း ပုံမှန် သင်ကြားပေးသော တနင်္ဂနွေဓမ္မကျောင်းတော်များ ဖွင့်လှစ်ကာ စဉ်ဆက် မပြတ် သင်ကြားနိုင်ရေးတို့အတွက် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။ ဤဆွေးနွေးပွဲသို့...
Read More

တနင်္ဂနွေနေ့၏ အဘိဓမ္မာ နှင့် ၀ိသုဒ္ဓိမဂ် သင်တန်း

[caption id="attachment_5671" align="aligncenter" width="300"]Abidama Class Dhamma Training Center[/caption] IMG_1610 IMG_1612နေပြည်တော်  ယဉ်ကျေးလိမ္မာစင်တာ၊ ရန်ကင်းတောရပရိယတ်ပဋိပတ် ဌာနတွင် ရန်ကင်းတောရဆရာတော်မှ အဘိဓမ္မာနှင့် ၀ိသုဒ္ဓိမဂ် သင်တန်းကို ယနေ့ (၂၃.၁၀.၂၀၁၆) တနင်္ဂနွေနေ့ နေ့လည် (၁း၀၀) နာရီအချိန်တွင် သင်ကြားပို့ချပေး ပါသည်။ “အနုရက္ခိံ မမ သီလံ၊ နာရက္ခိံ...
Read More