ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ တွင် ဖွင့်လှစ်မည် ဖြစ်ပါ၍ ကြိုတင် စာရင်းပေးပို့နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရှင်သာမဏေ အပါး (၄၀) နှင့် သီလရှင် (၂၀) ပါး သာ လက်ခံမည် ဖြစ်ပါသည်။
(ဓမ္မကျောင်းတော် တက်ရောက်နေသော ကျောင်းသား/သူများ ကို ဦးစား ပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၅) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ယောဂီဟောင်းများ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2016

နေပြည်တော်တွင် ဓမ္မကျောင်းတော်များဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ ခွဲ(၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၏ ဦးဆောင်မှုဖြင့် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားသည့် ဓမ္မကျောင်းတော်ပေါင်း (၇၀၀)ကျော်မှ တာဝန်ရှိကြသည့် ဆရာတော် သံဃာတော်များ၊ ကော်မတီဝင်များနှင့် ဆရာဆရာမများ စုံလင်စွာ တွေ့ဆုံကြသည့် နှစ်ပတ်လည်ပွဲကို နှစ်စဉ်ကျင်းလာခဲ့ပါသည်။ ယခုနှစ်တွင်လည်း စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၁၆ခုနှစ် နိုင်ဝင်ဘာလ(၂၆)ရက်နှင့် (၂၇)ရက်စနေနေ့ နှင့် တနင်္ဂနွေနေ့ တို့ တွင် ကျင်းပမည်ဖြစ်ပါသည်။ နှစ်ပတ်လည်ပွဲ အခမ်းအနားကြီးသို့ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ တက်ရောက်လာကြမည့် ကိုယ်စားလှယ်များအနေဖြင့် စာတမ်းများ တင်သွင်းမည့် အစီအစဉ်လည်းပါဝင်ပါသည်။ တင်သွင်းရမည့် စာတမ်းခေါင်းစဉ်များမှာ (၁) ယဉ်ကျေးလိမ္မာသင်တန်းများအတွက် ခေတ်မီပြီး ထိရောက်သည့် သင်ကြားရေး ဆိုင်ရာစာတမ်း (၂) ယဉ်ကျေးလိမ္မာသင်တန်းများတွင် ကလေးသူငယ်များ ကျောင်းတက် မှန်ရေး ဆိုင်ရာစာတမ်း (၃) ယဉ်ကျေးလိမ္မာသင်တန်းများ ရေရှည်တည်တံ့ရေး ဆိုင်ရာစာတမ်းတို့ ဖြစ်ပါသည်။စာတမ်းကိုစိတ်ပါဝင်စားသူတိုင်းတစ်ဦးချင်းဖြစ်စေ၊အဖွဲ့ အစည်း...
Read More