ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

ဝိပဿနာတရားစခန်းများကိုလည်း အောက်ပါအတိုင်း ဖွင့်လှစ်ဆောင်ရွက်သွားပါမည်-
၁။ အပတ်စဉ် (၁၄၀) ဇူလိုင်လတရားစခန်းကို ၂၀၁၈-ခုနှစ် ဇူလိုင်လ ၁၉-ရက် ကြာသပတေးနေ့မှ ၂၉-ရက် တနင်္ဂနွေနေ့ထိလည်းကောင်း (ယောဂီဟောင်းများသာ)
၂။ အပတ်စဉ် (၁၄၁) သြဂုတ်လတရားစခန်းကို ၂၀၁၈-ခုနှစ် သြဂုတ်လ ၁၆-ရက် ကြာသပတေးနေ့မှ ၂၆-ရက် တနင်္ဂနွေနေ့ထိ ဖြစ်ပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: January 2017

ရန်အောင်မြင်တောရကျောင်းတွင် ၀ိသုံဂါမသိမ် နှုတ်ခြင်း

နေပြည်တော်မြို့တော်ဝန်က ရန်ကင်းတောရဆရာတော်အား (၁၃၊၃၊၂၀၁၆) ရက်နေ့တွင် ရန်အောင်မြင်တောရကျောင်းကို လှူဒါန်းခဲ့ပါသည်။ မြို့တော်ဝန်ကျောင်းသည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ သံတမန် ဇုန်နှင့် ရတနာမဉ္စူလမ်း၌ တည်ရှိပါသည်။ မြို့တော်ဝန်လှူဒါန်းသည့်ကျောင်း ဖြစ်သဖြင့် မြို့တော်ဝန်ကျောင်းဟူ၍လည်း ခေါ်ကြပါသည်။ ဤကျောင်းတွင် ဆရာတော်တစ်ပါးတည်း ကပ္ပိယတစ်ဦးဖြင့် သီတင်းသုံးတော်မူသည့် ကျောင်းဖြစ်ပါသည်။ [caption id="attachment_6396" align="aligncenter" width="300"]Yan Aung Myin Dhamma Training Center[/caption] A(112) A(119) Read More

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)သင်တန်းဆင်းပွဲနှင့် နှစ်ပတ်လည်ရေစက်ချအခမ်းအနား

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)သင်တန်းဆင်းပွဲနှင့် အလှူရှင် နှစ်ပတ်လည်ရေစက်ချ အခမ်း အနားကို ၂၀၁၇ခု၊ ဇန္န၀ါရီလ(၈)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင် ကျင်းပ ပြုလုပ်ပါသည်။ မြတ်စွာဘုရားရှင်အား " နမောတဿ" မဟာပဏာမဘုရားရှိခိုးဖြင့် (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပါသည်။ “မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟိုအတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာ တော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း(၂၆/၂၀၁၇)သင် တန်းသား/သူများ ကိုယ်စား သင်တန်းသူ ဒေါ်နှင်းခန့်မွှေးမှ ကျေးဇူးတင် စကား လျှောက်ထားပါသည်။ [caption id="attachment_6380" align="aligncenter" width="300"]Training closing Dhamma Training...
Read More

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)

  • ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)၊ ၇.၁.၂၀၁၇ နေ့နံနက်တွင် အောင်ခြင်း(၈)ပါး သင်ခန်းစာကို ဆရာဦးကျော်ညွန့်(ပျော်ဘွယ်)မှ အသိမျှဝေပေးပါသည်။
  • IMG_4178
  • Training
  • Dhamma Training Center
  • မှော်ဘီ၊ သာသနာ့ဝန်ဆောင်ကျောင်းတိုက်မှ စာချဆရာတော် ဦးဓမ္မသာရမှ ပါဋိစာ အရေးအဖတ် ကို ဟောပြောသင်ကြား ပေးတော်မူပါသည်။
  • Read More