ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ် သုံးရက် ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၆)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ-
၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၇)ရက်သောကြာနေ့ညနေမှ (၉)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ သင်တန်းသားစာရင်းကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: March 2017

အမှတ်စဉ် (၁၂၅) ၀ိပဿနာ တရားစခန်း

ရန်ကင်းတောရပရိယတ်ပဋိပတ်ဋ္ဌာနတွင် ၂၀၁၇ခု၊ မတ်လ (၄)ရက်မှ (၁၄) ရက်ထိ လူလတ်နှင့်လူကြီးဝိပဿနာ တရားစခန်းအမှတ်စဉ် (၁၂၅) ကိုဖွင့်လှစ်ပါသည်။ [caption id="attachment_6842" align="aligncenter" width="300"]vipassana 125 Dhamma Training center[/caption] နေပြည်တော်မှ (၉)ဦး၊ မကွေးမှ (၂)ဦး ၊ မိုးကုတ်မှ (၈)ဦး၊ ယောဂီပေါင်း (၁၉)ဦးတရားစခန်းဝင်ကြပါသည်။ Read More

ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင် အထက်တန်းကျောင်းတွင် နေပြည်တော်၊ ယဉ်ကျေးလိမ္မာစင်တာ မှ ဗုဒ္ဓဘာသာ သင်ခန်းစာများကို အချိန်ပိုင်း သင်ကြားပို့ချပေးပါသည်။

နေပြည်တော်၊ ယဉ်ကျေးလိမ္မာစင်တာ မှ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်ခန်းစာများကို ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင် အထက်တန်း ကျောင်းတွင် အချိန်ပိုင်း သင်ကြားပို့ချပေးပါသည်။ [caption id="attachment_6829" align="aligncenter" width="169"]CAE Private School Dhamma Training Center[/caption] ဆရာလေး ဒေါ်ဓမ္မဒိန္နာက အထွေထွေယဉ်ကျေးခြင်း၊ ဆရာလေးဒေါ်ကုသလာ က ထိခြင်းငါးဖြာ ဆရာမကြီး ဒေါ်ခင်အုန်းမြင့် က သရဏဂုံသင်ခန်းစာ နှင့် အိမ်၌ယဉ်ကျေးခြင်း ဆရာမကြီးဒေါ်ဝင်းဝင်းခိုင်က...
Read More

နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေးမှုသင်တန်း

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈း၃၀ နာရီ    တွင် ကျင်းပပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားတွင်     မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့၊ ဗဟိုအတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော်  ဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ် သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော်မှ ရှင်သာမဏေနှင့် သီလရှင်များအား သင်တန်းဆင်း သြ၀ါဒ မိန့်ကြားတော်မူပါသည်။ ရှင်သာမဏေနှင့် သီလရှင်များက ကျေးဇူးတင်စကား ပြောကြားပါသည်။ Read More