ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: October 2018

ဓမ္မကျောင်းတော်လုပ်ငန်းညှိနိုင်းစည်းဝေး

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။            ဓမ္မကျောင်းတော် (၁၀)နှစ်ပြည့် မော်ကွန်းမှတ်တမ်းစာအုပ် ပြုစုရေးနှင့် ယဉ်ကျေးလိမ္မာပြန့်ပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဓမ္မကျောင်းတော် ဖြစ်မြောက်ရေးနှင့် ထွန်းကားပြန့််ပွားရေးကော်မတီဝင်များနှင့် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတို့၏ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့  နံနက် ၉း၃၀ နာရီအချိန်တွင် နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ နေပြည်တော် လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ မကွေးတိုင်း စေတုတ္တရာမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်၊ မင်းလှမြို့နယ်၊ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တို့မှ ရဟန်းရှင်လူ စုစုပေါင်း (၅၀)ဦးတက်ရောက် ပါဝင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။ Read More