ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: March 2020

အထူးကြေငြာချက် (28.03.2020)

အထူးကြေငြာချက်

WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို ကူးစက်မြန်ရောဂါဟု သတ်မှတ်ထားသဖြင့် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန် ကျောင်း)တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်းပို့ချလျှက်ရှိသည့် ပဋ္ဌာန်းပဥှာဝါရသင်တန်းကို ခေတ္တရပ်နားရန်လိုအပ်ကြောင်းဆရာတော်မိန့်ကြားတော်မူပါသည်။သင်တန်းများပြန်လည်ဖွင့်လှစ်မည့်ပို့ချမည့်ရက်ကို နိုင်ငံတော်၏ကြေငြာချက်ပေါ်မူတည်ပြီး ထပ်မံကြေငြာပေးပါမည်။

...
Read More