ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: May 2020

ရန်ကင်းတောရဆရာတော်သည် “ဘ၀နှင့် ပဋ္ဌာန်းတရားတော်” ကျမ်းစာအုပ်ကို ရေးသား ပြုစုတော်မူနေပါသည်။

ရန်ကင်းတောရဆရာတော်သည် ပြင်ဦးလွင်မြို့ သိမ်အင်းကျေးရွာတွင် သီတင်းသုံး နေတော်မူပြီး "ဘ၀နှင့် ပဋ္ဌာန်းတရားတော်" ကျမ်းစာအုပ်ကို ရေးသား ပြုစုတော်မူနေပါသည်။ "နေပြည်တော်မှာရေးနေတာ ခြောက်လကျော်သော်လည်း စာအုပ်မပြီးနိုင်ခဲ့ဘူး၊ ဒီမှာက အလုပ် တော်တော်လေး ခရီးရောက်ပါတယ်။ စာမူကြမ်း အပြည့်အ၀ပြီးပြီ။ ဘုန်းကြီး အခု စာမူ စစ်နေတယ်၊ ကျမ်းညွှန်းစာရင်းလည်း ပြုစုနေတယ်။  နိဒါန်းရေးဖို့၊ အမှာစာရေးဖို့နှင့် နောက်ဆက်တွဲ စာညွှန်းတွေထည့်ဖို့လောက်ပဲ ကျန်ပါတော့တယ်" ဟု ကျမ်းစာအုပ် အခြေအနေကို မိန့်တော်မူပါသည်။ ပဋ္ဌာန်းဆရာကြီး ဦးအုန်းကျော်ကလည်း စာအုပ်ပြီးစီးရေးအတွက် ဆရာတော်ကို အနီးကပ်...
Read More

ရန်ကင်းတောရဆရာတော်၏ နေရာမရွေးဆောင်ရွက်လေ့ရှိသည့် အလှူ

ရန်ကင်းတောရဆရာတော်သည်  COVID-19 ကာလတွင် မိမိ၏ကိုယ်ပိုင်အချိန်ကို သီးသန့်ယူကာ ဘ၀နှင့်ပဋ္ဌာန်းကျမ်းစာအုပ် လက်စသတ်ရေးသားနိုင်ရန်နှင့် တရားအားထုတ်နိုင်ရန်အတွက် ပြင်ဦးလွင်၌ ခေတ္တ သီးသန့်သီတင်းသုံးတော်မူနေပါသည်။ ထိုစဉ်ကာလ သီတင်းသုံးရာကျောင်းအနီးတစ်ဝိုက်ရှိ နွမ်းပါးသူများကို ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥတို့ကို  စွန့်ကျဲ လှူဒါန်းတော်မူပါသည်။/ Read More