ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သင်တန်းများကို Covid-19 ကပ်ရောဂါဘေးကြောင့် ရပ်နားထားရာမှ (၂၀၂၁) ခုနှစ် နှစ်ဆန်းမှစ၍ Zoom Application ကို သုံးပြီး Video Conferencing System ဖြင့် သင်တန်းများကို ပုံမှန်ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး အစည်းအဝေးများကိုလည်း ပုံမှန် ကျင်းပသွားမည် ဖြစ်ပါသည်။

Video Conferencing System ဖြင့် ဖွင့်လှစ်ပို့ချမည့် သင်တန်းများ

၁။ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ (နေ့စဉ်ပုံမှန်သင်တန်း)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် (လူငယ်သင်တန်း)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၎။ ဓမ္မကျောင်းတော် နည်းပြဆရာဖြစ်သင်တန်း (ဆရာ၊ ဆရာမများသင်တန်း)
၅။ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်း၏ သင်တန်းများ (သံဃာတော်များ)
၆။ ရင်သွေးငယ်များအတွက် ဓမ္မကျောင်းတော်သင်တန်း (ရင်သွေးငယ်များ)
၇။ Dhamma Training Center ၏ ပုံမှန်သင်တန်းများနှင့် အစည်းအဝေးများ

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Monthly Archives: June 2020

ဓမ္မကျောင်းတော်များတွင် Online စနစ်ဖြင့် သင်ကြားပို့ချနိုင်ရန် ဆွေးနွေး

Zawgyi/unicode   ဓမ္မကျောင်းတော်များတွင် Online စနစ်ဖြင့် သင်ကြားပို့ချနိုင်ရန် ဆွေးနွေး            ၂၀၂၀-ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် ပြင်ဦးလွင်မြို့ သိမ်အင်းကျေးရွာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေး ဗဟိုအဖွဲ့အတွင်းရေးမှူး ရန်ကင်းတောရဆရာတော် နှင့် အလုပ်အမှုဆောင်ဆရာတော်များ ပြင်ဦးလွင် ဓမ္မကျောင်းတော် သင်ကြားရေး ဆရာ ဆရာမများနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများမှ ဓမ္မကျောင်းတော်များတွင် Online စနစ်ဖြင့် သင်ကြားပို့ချနိုင်ရန် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။            အဆိုပါအစည်းအဝေးတွင် နိုင်ငံတကာတက္ကသိုလ်အသီးသီးမှ online စနစ်ဖြင့် ပို့ချလျက် ရှိသော သင်တန်းများ၊ သင်ကြားရေးနည်းစနစ်များ အကြောင်းကို...
Read More


အစားထိုး၍ မရသည့် ဆုံးရှုံးမှုတစ်ခု သင်တန်းနည်းပြဆရာမ ဒေါ်သီတာညွန့်သည် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာသတ္ထုသန့်စင် စက်ရုံတွင် ဒုတိယညွှန်ကြားရေးမှူး ရာထူးတာဝန်တစ်ဖက်ဖြင့် အလုပ်တာဝန်ကို ပင်ပန်းသည်ဟု မထင်မှတ်ပဲ နေပြည်တော် ရန်ကင်းတောရဆရာတော် သာသနာပြုလုပ်ငန်းများကို အားတတ်သရော ပါဝင်ဆောင်ရွက်ခဲ့ပါ သည်။ ရန်ကင်းတောရကျောင်း၏ ရှေးယခင် တောရသာသနာရှိစဉ်ကာလကပင် ရန်ကင်းတောရဆရာတော်ပါး ယောဂီတပည့်အဖြစ် နည်းခံယူကာ သတိပဋ္ဌာန်ဝိပဿနာတရားကို နေ့စဉ်အချိန်မရွေး အားထုတ်ခဲ့ပြီး အလုပ်အလွန်များသည့် ကြားကပင်ဖြစ်စေ၊ နေထိုင်မကောင်းသည့်နေ့ရက်များ၌ပင်ဖြစ်စေ ဥပုသ်သီလကို မကျိုးမပေါက်စေဘဲ ရာသက်ပန်မြတ်မြတ်နိုးနိုး စောင့်ထိန်းခဲ့သည့် နည်းပြဆရာမ ယောဂီတစ်ဦးဖြစ်ပါသည်။ Read More