ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ တွင် ဖွင့်လှစ်မည် ဖြစ်ပါ၍ ကြိုတင် စာရင်းပေးပို့နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရှင်သာမဏေ အပါး (၄၀) နှင့် သီလရှင် (၂၀) ပါး သာ လက်ခံမည် ဖြစ်ပါသည်။
(ဓမ္မကျောင်းတော် တက်ရောက်နေသော ကျောင်းသား/သူများ ကို ဦးစား ပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၅) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ယောဂီဟောင်းများ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးအဖွဲ့ (ဗဟို အဖွဲ့) ၏ ဦးဆောင်မှုဖြင့်နည်းပြဆရာဖြစ်သင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သြဂုတ်လ(၂၁)ရက်နေ့မှ (၃၁)ရက်နေ့ထိတွင် ဗဟိုအဖွဲ့တည်ရှိရာ မန္တလေးမြို့ ဓမ္မရံသီမိုးဂုတ်ဝိပဿ ရိပ်သာတွင်လည်းကောင်း။ စက်တင်ဘာလ(၄)ရက်နေ့မှ (၁၄)ရက်နေ့အထိတွင် နေပြည်တော်စင်တာတွင်လည်းကောင်း ဖွင့်လှစ်ကျင်းပပေးမည် ဖြစ်ပါသည်။

No Comments Yet.

Leave a comment