ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ်သုံးရက်
ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၈)ကို ဖွင့်လှစ်ပါမည်။
သင်တန်းကာလ-
၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်သောကြာနေ့မှ ဇန်န၀ါရီလ(၁၃)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါ သဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ သာသနာပြု လုပ်ငန်းများနှင့် တိုက်ဆိုင်နေပါသဖြင့် အမှတ်စဉ် (၁၄၈) နှစ်ညအိပ် သုံးရက်တရားစခန်းကို ၂၀၁၉ခုနှစ် ဇန်န၀ါရီလ (၁၁) (၁၂) (၁၃)သို့ ပြောင်း၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

35/2018သင်တန်းဆင်းပွဲ အခမ်းအနား

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း အမှတ်စဉ်  (၃၅/၂၀၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ်လ (၈)ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂း၃၀)တွင် ကျင်းပပါသည်။

တာဝန်ခံ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အုန်းမြင့်မှ ခြုံငုံသုံးသပ်ကာ သင်တန်းသားများကိုစား သင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး နေ့လည် (၂း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

သင်တန်းဆင်းပွဲ (35)

Dhamma Training Center

 

Comments are closed.