ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် နှစ်ညအိပ်သုံးရက်
ဝိပဿ နာတရားစခန်း အမှတ်စဉ် (၁၄၈)ကို ဖွင့်လှစ်ပါမည်။
သင်တန်းကာလ-
၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၁၁)ရက်သောကြာနေ့မှ ဇန်န၀ါရီလ(၁၃)ရက် တနင်္ဂနွေနေ့ညနေထိဖြစ်ပါသည်။ နေရာထိုင်ခင်း အခက်အခဲရှိပါ သဖြင့် အချိန်ပြည့် အချိန်ပိုင်း သင်တန်းသားကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၏ သာသနာပြု လုပ်ငန်းများနှင့် တိုက်ဆိုင်နေပါသဖြင့် အမှတ်စဉ် (၁၄၈) နှစ်ညအိပ် သုံးရက်တရားစခန်းကို ၂၀၁၉ခုနှစ် ဇန်န၀ါရီလ (၁၁) (၁၂) (၁၃)သို့ ပြောင်း၍ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

35/2018 နည်းပြသင်တန်း

နည်းပြဆရာဖြစ်သင်တန်းဖွင့်လှစ်ပါသည်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ်

(၃၅/၂၀၁၈)ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိနယ၀ံသပါလအသင်းတည်ရှိရာ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ခုနှစ် သြဂုတ်လ (၂)ရက် ကြာသပတေးနေ့မှ (၂. ၈.၂၀၁၈)ရက်နေ့မှ သြဂုတ်လ (၈)ရက် ဗုဒ္ဓဟူးနေ့အထိ ဖွင့်လှစ်ရာ ပြည်နယ်နှင့်တိုင်း ဒေသကြီး (၅)ခုမှ သင်တန်းသား ဆရာ၊  ဆရာမစုစုပေါင်း  (၅၂)ဦး သင်တန်းတက်ရောက်လျှက်ရှိပါသည်။

(က) နေပြည်တော်တိုင်း၊ လယ်ဝေးမြို့နယ်၊ တပ်ကုန်းမြို့နယ် မှ  (၁၃)ဦး

(ခ) မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် မှ                                  (၂)ဦး

(ဂ) မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် မှ                             (၁၂)ဦး

(ဃ) မကွေးတိုင်း နတ်မောက်မြို့ မှ                                      (၁၃)ဦး

(င)  မကွေးတိုင်း မင်းလှမြို့နယ် (ရေနံမ) မှ                            (၅)ဦး

(စ) ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် မှ                                       (၆)ဦး

(ဆ) ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှ                      (၁)ဦးတို့ဖြစ်ပါသည်

Dhamma Traning Center

Dhamma Traning Center

နည်းပြသင်တန်စ

Dhamma Traning Center

Comments are closed.