ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

၃။ နွေရာသီယောဂီဟောင်းများတရားစခန်း (Summer Retrete) ကို
မေလ(၅)ရက်နေ့မှ (၁၂)ရက်နေ့ထိ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အချိန်ပြည့်ယောဂီ (၁၅)ဦး၊ အချိန်ပိုင်းယောဂီ (၁၅)ဦး လက်ခံမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်သင်တန်း

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်သင်တန်းကို ဇူလိုင်(၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာန၌ ပို့ချသင်ကြားခဲ့ပါသည်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည်(၁)နာရီအချိန်တွင် သင်တန်းပို့ချ သွားမည်ဖြစ်ပါသည်။
ထို့ကြောင့် သင်တန်းတက်ရောက်လိုသူများ မည်သူမဆို ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တက်ရောက်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။IMG_1494

IMG_1496

IMG_1497

IMG_1501

IMG_1502

IMG_1503

No Comments Yet.

Leave a comment