ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Let’s Bike

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

ဆိုင်ကယ်မောင်းမယ်   Let’s Bike

          တိုးတက်ဖွံ့ဖြိုးလာတာနှင့်အမျှ ဆိုင်ကယ်တွေက စက်ဘီးရဲ့ နေရာကို အတင်းလုယူ လိုက်ကြပါပြီ။

         စက်ဘီးလဲရင် ဒူးကွဲ၊ တံတောင်ပွန်းရုံ၊ အလွန်ဆုံး လက်ကျိုးရုံထက် မပိုပါဘူး။ ကားက မောင်းတဲ့သူ ခံရခဲတယ်။ ဆိုင်ကယ်ကတော့ သတိဥာဏ် အဆင်ခြင်နည်းရင် စက္ကန့်ပိုင်းမှာတင် လူကောင်းကနေ ဒုက္ခိတ  ဘ၀ကို ရောက်သွားနိုင်သလိုဘ၀ခြားသည့်တိုင်လည်း ဖြစ်သွားနိုင်ပါတယ်။  

Daily Life

Dhamma Training Center

             ဒါကြောင့် ဆိုင်ကယ် စက်မနှိုးခင် seat ပေါ်ထိုင်ပြီး လက်ကိုင်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီးတာနှင့် မိမိသွားမယ့် အရပ်မျက်နှာမှာရှိတဲ့ ပုဂ္ဂိုလ်တွေကို  မေတ္တာပို့လိုက်ပါဦးလား။

မေတ္တာဟာ ဘေးအန္တရာယ် ကင်းစေနိုင်ပါတယ်။ ဝေနေယျအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ။

  May All Living Being be Healthy.

.         ဝေနေယျအားလုံး ကိုယ်စိတ်နှစ်ဖြာ ပျော်ရွှင် ချမ်းမြေ့ပြီး ငြိမ်းအေးပါစေ။

           May All Living Being be Happy and Peaceful.

မေတ္တာပို့ပြီးသွားရင်တော့ သော့ဖွင့်စက်နှိုးတာပေါ့။                                                                                        စက်ရှိန်ကြောင့် ဆိုင်ကယ် တုန်ခါတာတွေ၊ လက်နဲ့လီဘာကို လှည့်ကစားရတာတွေ၊ စက်သံ ပြောင်းလဲတာတွေ၊ မီးခိုးငွေ့ အနံ့ရတာတွေ၊ ဂီယာ ပြောင်းရတာတွေ၊  ဘီးလှိမ့်သွားတာတွေကိုလည်း သိနိုင်သလောက်၊ သိနိုင်သလောက်ကို သိ သိ သိ ပေးပါ။

          လမ်းပေါ် ဆိုင်ကယ်ပြေးနေတုန်းလည်း သိနိုင် သလောက်ကို သိ သိ သိပေးပါဦးလား။

          မေတ္တာလည်း ပို့ပြီးပြီ။ တရားသတိလည်း ရှိနေပြီ၊ ခရီးလည်း အစစ အဆင်ပြေ ချောမွေ့မှာပါ။

          May your journey be safe and peace!

Comments are closed.