ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ကြည့်တာနှင့်မြင်တာ

မျက်တောင်ခတ်တာ   Blinking

          မျက်ခွံမှိတ်တာ အစအဆုံးကို ခုပဲ သတိပြု ကြည့်လိုက်ပါလား။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

          တဖြတ်ဖြတ် မှိတ်လိုက် ဖွင့်လိုက်၊ မှိတ်လိုက်၊ ဖွင့်လိုက် ဖြစ်နေတဲ့ မျက်ခွံကို သေသေချာချာ စူးစူး စိုက်စိုက် စိတ်ဝင်စားပြီး ခဏတာလေး သိ သိ သိ သိ ပေးနေနိုင်ရင်လည်း တရားအားထုတ်နေတာပါပဲ။

ကြည့်တာနှင့်မြင်တာ  Looking and seeing

           မြင်တာလား?။ ကြည့်တာလား?။  ပြူတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ပါ။  ငါ့ကို ကြည့်စမ်း။ ငါ့ကိုချက်ချင်း ကြည့်လိုက်စမ်းပါလို့ မြင်ကွင်းတွေဟာ အော်ခေါ်နေသလိုပါပဲ။

မြင်တာ ဟုတ်သေး လို့လား၊ ကြည့်နေတာနော်။ ပြူတင်းပေါက်ကနေအးအေးဆေးဆေး   မြင်ရုံမျှ၊ မြင်ရုံမျှမြင်အောင် လေ့ကျင့်ကြည့်ပါလား။

Daily Life

Dhamma Training Center

            ဒါဆိုရင် မြင်တာနှင့် ကြည့်တာရဲ့ ကွာဟမှုကို သတိပြုမိပါတော့မယ်။ မြင်တာမှာ  အပူမရှိဘူး။

ကြည့်တာမှာ  အပူရှိတယ်။ သတိတော်တော်ကောင်းရင် ဒါကို ကောင်း ကောင်း သိနိုင်ပါတယ်။

When you have well mindfullness, you can know the difference between

“seeing’’  and “looking’’

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

Comments are closed.