ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၁)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Recent Posts by admin

အမှတ်စဉ်(၂၀/၂၀၁၅)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြဆရာဖြစ်သင်တန်းဌာန တွင်ကျင်းပပြုလုပ်သော လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀/၂၀၁၅)ကို ဧပြီလ (၁၀)နေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။ ဤသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများကို ကျောင်းအုပ်ဆရာမကြီး(ငြိမ်း) ဒေါ်ခင်လင်းမှ မှာကြားစရာများကို မှာကြားပြီးနောက် သင်တန်းကာလအတွင်း အလျှုရှင်များအား ဂုဏ်ပြုလွှာများပေးခြင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခန်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်ခင်ဗျာ။P1210148...
Read More

စုပေါင်းကာ ဆွေးနွေးသင်ကြားကြခြင်း

ဆရာတော်သံဃာတော်များ နှင့်ဆရာကြီး ဆရာမကြီးများ သင်ကြားပို့ချလိုက်သော ဓမ္မသင်ခန်းစာများကို Group အလိုက် ဝိုင်းဖွဲ့ဆွေးနွေးကာ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးနေကြပုံ...
Read More

လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀/၂၀၁၅)တွင် အားကြိုးမာန်တက် သင်ကြားနေ

ဆရာမကြီး ဒေါ်ခင်လင်း ကျောင်းအုပ်ဆရာမကြီး(ငြိမ်း) မှ ဓမ္မကျောင်းတော် လူငယ်နည်းပြသင်တန်း အမှတ်စဉ်(၂၀/၂၀၁၅)တွင် အားကြိုးမာန်တက် သင်ကြားနေပုံ ...
Read More

Recent Comments by admin

    No comments by admin yet.