ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

၂။ တတိယကြိမ်မြောက် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက်ရောက်ရမည့် ယဉ်ကျေးလိမ္မာ သင်တန်းကိုသင်္ကြန်းအပြီး ဧပြီလ (၂၂)ရက်နေ့မှ မေလ(၄)ရက်နေ့ထိ နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်ကြားမှုထိရောက်စေရန်အတွက် လူဦးရေကန့်သတ်ထားပါသဖြင့်
အောက်ပါအရည်အချင်းပြည့်မှီသူများသည်(၁၊၃၊၂၀၁၉)ရက်နေ့မှစတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရပါသည်။
၁၊အသက်--(၁၁)နှစ်မှ (၁၃)နှစ်အတွင်းရှိရမည်။
၂၊ပညာအရည်အချင်း--( ၅)တန်း( ၆)တန်း( ၇)တန်းဖြေဆိုအောင်မြင်ပြီးသူများ။
၃၊ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၎၊မိဘအုပ်ထိန်းသူကိုယ်တိုင်လာရောက်အပ်နှံရမည်။
၅ ၊လက်ရှိဓမ္မကျောင်းတော်တက်ရောက်နေသည့် လူငယ်မောင်မယ်များကိုဦးစားပေးပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Black Out

မီးပျက်ပြီ  Black Out

          ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေတုန်းဖြစ်ဖြစ်၊ စာကြည့်နေတုန်း ဖြစ်ဖြစ်၊ ထမင်းစားနေတုန်း ဖြစ်ဖြစ်၊ TV  ကြည့်နေတုန်းဖြစ်ဖြစ်၊ Game ဆော့နေတုန်းဖြစ်ဖြစ်၊ ထိုင်စကားပြောနေတုန်းဖြစ်ဖြစ်၊ မီးပျက် သွားတာကို ကြုံဖူးမှာပါပဲ။ အဲသလို မီးပျက်တာကို စိတ်ဆိုးဖူးကြမှာနော်။

         စိတ်ဆိုးလို့  မီးပြန်လင်းလာဖူးလို့လား။  စိတ်မှာ ဒေါသဖြစ်ပြီး စိတ်ပူ စိတ်ညစ် စိတ်ဆိုး စိတ်ညစ်ပတ် သွားတာပဲ အဖတ်တင်ခဲ့တာပါ။

Daily Life

Dhamma Training Center

          စိတ်မဆိုးပဲ မီးပျက်တဲ့ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းကတော့ LED မီးအိမ်ဖြစ်ဖြစ်၊ ရေနံဆီ မီးခွက်ဖြစ်ဖြစ်၊ ဖယောင်းတိုင်နှင့် မီးခြစ်ဖြစ်ဖြစ် အနားမှာ ကြိုတင်ဆောင်ထားလိုက်ပါ။

  ဒီတစ်ခါ မီးပျက်ရင်တော့ စိတ်မဆိုးဘဲ မီးထွန်းရအောင်နော်။ အခန်းထဲလင်းသွားသလို၊ စိတ်ထဲလည်း ရှင်းသွားတာပေါ့။

          ပျက်တဲ့မီးလည်း အချိန်တန်ရင်တော့ လာမှာပါ။ မီးပျက်တာကြောင့် စိတ်မဆိုးတဲ့အကျင့်ကို ကျင့်ကြ ပါစို့နော်။

          အချိန်တိုင်း နေရာတိုင်း ကြုံလာတဲ့ အခြေအနေတိုင်းမှာ စိတ်မဆိုးဘဲ၊   ပြာယာမခပ်မိဘဲ၊ အေးအေး ဆေးဆေး တည်တည်ငြိမ်ငြိမ်ကြည်ကြည်လင်လင်   နေထိုင်ပြုမူတတ်တဲ့သူဟာ လောကကြီးအတွက် Good Example ပါပဲ။

Other people can’t take away my happiness, joy and peace. ဒီထိအောင်ကို လေ့ကျင့်ရမှာပါ။

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

Comments are closed.