ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ တွင် ဖွင့်လှစ်မည် ဖြစ်ပါ၍ ကြိုတင် စာရင်းပေးပို့နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ရှင်သာမဏေ အပါး (၄၀) နှင့် သီလရှင် (၂၀) ပါး သာ လက်ခံမည် ဖြစ်ပါသည်။
(ဓမ္မကျောင်းတော် တက်ရောက်နေသော ကျောင်းသား/သူများ ကို ဦးစား ပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၇ခု ဒီဇင်ဘာလတွင် ဖွင့်လှစ်မည့် အမှတ်စဉ် (၁၃၅) ၀ိပဿနာ တရားစခန်းကို ၀ိနည်း အစည်း အဝေးနှင့် တိုက်ဆုံနေပါ၍ ၂၀၁၈ခု၊ ဖေဖော်ဝါရီလသို့ ပြောင်းရွှေ့  လိုက်ပါကြောင်း အသိပေးအပ်ပါသည်။

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဇန္န၀ါရီလ (၁၄) ရက်မှ (၂၈) ရက်ထိ ယောဂီဟောင်းများ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၄) ကို ဖွင့်လှစ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ကလေးဗဟိုပြုချဉ်းကပ် သင်ကြားနည်း

အစဉ်အလာအတိုင်း  မိမိတို့၏  ပတ်ဝန်းကျင်တွင်  ကျင့်သုံးလာခဲ့သည့်  သင်ကြားနည်းစနစ်ကို  ဆရာ ဗဟိုပြုသင်  ကြားနည်း  (Teacher-Centred Learning)  ဟူ၍ ခေါ်ဆိုပါသည်။  ယနေ့  ကမ္ဘာတဝန်း ပညာရေး ဆိုင်ရာ ပညာရှင်များ၊ ပညာရေးအဖွဲ့အစည်းများက  စိတ်ဝန်စားနေကြသည့် ကျောင်းသာဗဟိုပြု သင်ယူမှုစနစ်  (Student-Centred Learning) ဟုခေါ်ဆိုပါသည်။  ကလေးဗဟိုပြု  ချဉ်းကပ်နည်း (Child-Centred  Approach)  (CCA)  ဟူ၍လည်း  သုံးနှုန်းကြပါသည်။  သင်ကြားသင်ယူ မှုဖြစ်စဉ်တွင်  ကျောင်းသား၏ အတွေ့အကြုံ ကို  ဗဟိုပြုသည့် သင်ယူမှုဖြစ်ပါသည်။  ကျောင်းသား  ကျောင်းသူများကိုယ်တိုင်  ပူးပေါင်းပါဝင်စေကာ(Group work) ဖြင့် တီထွင်ကြံဆ  နည်းလမ်းရှာစေပြီး  သင်ကြားသည့်  နည်းစနစ်ဖြစ်ပါသည်။

Download here

No Comments Yet.

Leave a comment