မနက်မိုးလင်းလျှင်သွားမည့် ခရီးတိုလေးအတွက်
ညဦးကပင် သတိတရ အစစအရာရာ
ကြိုတင်ပြင်ဆင်လေ့ရှိသော လူသားများသည်
တစ်ဘ၀တာကို အပြီးတိုင်စွန့်၍ မပြန်လမ်းသို့
သွားရောက်ရမည့် မရဏခရီးစဉ်အတွက်မူ
အဘယ်ကြောင့် မပြင်မဆင်ဘဲ တွေဝေကာ သတိမေ့လျော့ လျက် နေကြပါသနည်း?
အဘယ်ကြောင့် ရင်ဆိုင်ရန် မပြင်ဆင်ကြပါသနည်း
အဘယ်ကြောင့် ကြိုတင်ပြင်ဆင်ရန် နှောင့်နှေးနေရပါသနည်း?