လောကမှာ သီလကို မမြတ်နိုးတဲ့သူကသီလမြတ်နိုးတဲ့သူရဲ့
အပြုအမူ အနေအထိုင် အပြောအဆိုကို မနှစ်သက်နိုင်ပါဘူး။
အားလည်း မပေးကြပါဘူး။ ထိုနည်းတူပဲ လောကမှာ အသိဉာဏ်
ပညာ နည်းပါးတဲ့သူကလည်း အသိပညာကြီးမားတဲ့သူရဲ့ စကားကို
နာယူစိတ် နည်းပါးတတ်ကြပါတယ်။
အဲဒီအတိုင်းပဲ စိတ်နှလုံး မပြည့်ဝတဲ့ သူကလည်းပဲ
စိတ်နှလုံးကောင်းပြီး သဘောထားကြီးသူရဲ့ အပြုအမူ အပြောအဆို
အနေအထိုင် အကြံပြုမှုကို နားလည်ခဲပါတယ်။ သဘောကျခဲပါတယ်။
အကုသိုလ်လုပ်ရမှာ မရှက်တဲ့သူ၊ အကုသိုလ်လုပ်ရမှာ မကြောက်တဲ့သူကလည်းပဲ
အကုသိုလ်ကို ရှက် ကြောက် ရွံရှာတဲ့ သူတော်ကောင်းပုဂ္ဂိုလ်ရဲ့ အပြုအမူကို မနှစ်သက် နိုင်ပါဘူး။
ဥရောပယောဂီ၏-ဘ၀နိဂုံး-အပိုင်း-၂ စာအုပ် (PDF ဖိုင်) အား အောက်တွင် ရှိသော Link မှ ဒေါင်းယူနိုင်ပါသည်။