ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ အပတ်စဉ် (၁၄၂) တရားစခန်းကို ၂၀၁၈-ခုနှစ် စက်တင်ဘာလ ၂၀-ရက် ကြာသပတေးနေ့မှ ၃၀-ရက် တနင်္ဂနွေနေ့ထိ ဖွင့်လှစ်ပါမည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Category Archives: Articles

ကြည့်တာနှင့်မြင်တာ

မျက်တောင်ခတ်တာ   Blinking

          မျက်ခွံမှိတ်တာ အစအဆုံးကို ခုပဲ သတိပြု ကြည့်လိုက်ပါလား။ စိတ်ဝင်စားစရာ ကောင်းပါတယ်။ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။           တဖြတ်ဖြတ် မှိတ်လိုက် ဖွင့်လိုက်၊ မှိတ်လိုက်၊ ဖွင့်လိုက် ဖြစ်နေတဲ့ မျက်ခွံကို သေသေချာချာ စူးစူး စိုက်စိုက် စိတ်ဝင်စားပြီး ခဏတာလေး သိ သိ သိ သိ ပေးနေနိုင်ရင်လည်း တရားအားထုတ်နေတာပါပဲ။

ကြည့်တာနှင့်မြင်တာ  Looking and seeing

           မြင်တာလား?။ ကြည့်တာလား?။  ပြူတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်ပါ။  ငါ့ကို ကြည့်စမ်း။ ငါ့ကိုချက်ချင်း...
Read More

ကြားတာနှင့်နားထောင်တာ

ကြားတာနှင့်နားထောင်တာ Hearing and Listening

     ကြားတာလား?။ နားထောင်တာလား?။ ဒီနှစ်မျိုးကို ဂရုပြုကြည့်ပါ။ ပတ်ဝန်းကျင်မှာ အသံတွေ မျိုးစုံရှိနေပါတယ်။           ထူးထူးခြားခြား မဟုတ်တဲ့ ပုံမှန်အသံတွေကိုတော့ ကြားနေရတာပါပဲ။           ဒါပေမယ့် အဝေးတစ်နေရာက ကိုယ်ကြိုက်တဲ့ သီချင်းသံသဲ့သဲ့ကိုတော့ ဂရုပြု နားထောင်နေမိတတ် ပါတယ်။                                                                               ရပ်ဝေး တစ်ပြည်တစ်ခြား တစ်နေရာရောက်နေရင်တော့ ကိုယ့်တိုင်းပြည်၊ မြို့နာမည်၊ ကိုယ့်ဘာသာ စကားပြောသံသဲ့သဲ့ ကြားရင်ကို ဂရုပြုနားထောင်နေမိတတ်ပါတယ်။ ကြားတာနှင့် နားထောင်တာ မတူဘူးနော်။ ဒါကို ၀ိပဿနာသမားက ခွဲခွဲခြားခြား သိနိုင်ပါတယ်။

Talking...

Read More

Black Out

မီးပျက်ပြီ  Black Out

          ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်နေတုန်းဖြစ်ဖြစ်၊ စာကြည့်နေတုန်း ဖြစ်ဖြစ်၊ ထမင်းစားနေတုန်း ဖြစ်ဖြစ်၊ TV  ကြည့်နေတုန်းဖြစ်ဖြစ်၊ Game ဆော့နေတုန်းဖြစ်ဖြစ်၊ ထိုင်စကားပြောနေတုန်းဖြစ်ဖြစ်၊ မီးပျက် သွားတာကို ကြုံဖူးမှာပါပဲ။ အဲသလို မီးပျက်တာကို စိတ်ဆိုးဖူးကြမှာနော်။          စိတ်ဆိုးလို့  မီးပြန်လင်းလာဖူးလို့လား။  စိတ်မှာ ဒေါသဖြစ်ပြီး စိတ်ပူ စိတ်ညစ် စိတ်ဆိုး စိတ်ညစ်ပတ် သွားတာပဲ အဖတ်တင်ခဲ့တာပါ။ [caption id="attachment_8747" align="aligncenter" width="248"]Daily Life Dhamma Training Center[/caption] Read More

Let’s Telephone!

တယ်လီဖုန်းစကား   Let’s Telephone!

ဖွံ့ဖြိုးတိုးတက်နေတဲ့ ကမ္ဘာကြီးရဲ့ လူမှုလောက ဆက်ဆံရေးမှာ Telephone ဟာ  မရှိမဖြစ် အရေးကြီးတဲ့ ဆက်သွယ်ရေးပစ္စည်း ဖြစ်လို့လာပါပြီ။           Telephon ခေါ်သံကြားရင် သာမာန်အခြေအနေမှာကို ရင်ထဲ ဒိတ်ကနဲတော့ ဖြစ်တတ်တယ်နော်။ သတိနှင့်ပဲဂဏန်းကို နှိပ်လိုက်ပါလား။           ဒါကြောင့် တယ်လီဖုန်းပေါ်က ဂဏန်းတွေ မနှိပ်ခင် ကိုယ်ပြောမယ့် ပုဂ္ဂိုလ်ရဲ့ မျက်နှာကို စိတ်ထဲဖော်ပြီး ၂စက္ကန့် ဖြစ်ဖြစ် ၃ စက္ကန့်ဖြစ်ဖြစ် မေတ္တာပို့ပါဦး။           နို့မဟုတ်ရင် စိတ်မရှည်လည်း ဖြစ်တတ်တယ်။ စိတ်လည်းဆိုးတတ်တယ်။ စိတ်ဆိုးရင်တော့ Energy lost ဖြစ်မယ်နော်။ Read More