ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ရှင်သာမဏေနှင့် သီလရှင် ယဉ်ကျေး လိမ္မာသင်တန်းကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ (၁၀) ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။

(ရှင်သာမဏေများကို ၂၀၁၈ ခု၊ ဖေဖော်ဝါရီလ (၁၉)ရက်မှ မတ်လ(၁၀)ရက်နေ့ထိ လည်းကောင်း၊ သီလရှင် များကို ဖေဖော်ဝါရီလ (၁၉)ရက်မှ(၂၅)ရက်နေ့ထိ လည်းကောင်း ဖွင့်လှစ်၍ သင်ကြားပေးပါမည်။)

ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ၂၀၁၈ ခု ဖေဖော်ဝါရီလ (၁၅) ရက်မှ (၂၅) ရက်ထိ ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၅) ကို ဖွင့်လှစ်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့်ဆက်သွယ် စုံစမ်းမေးမြန်းနိုင် ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Category Archives: Articles

ဓမ္မကျောင်းတော်တက်နေကြသည့် ကလေးငယ်များ ကိုယ်အမူအရာ နှုတ်အမူအရာပြောင်းလဲလာမှု မှတ်တမ်း

ဓမ္မကျောင်းတော်များဖွင့်လှစ်ရခြင်း၏  ရည်ရွယ်ချက်မှာ ယနေ့ ဗုဒ္ဓဘာသာဝင်လူငယ်တို့ ခေတ်စနစ်များ၏ အခြအနေကြောင့် ဘုန်းတော်ကြီးကျောင်းများသို့ မရောက်ကြတော့ပါ။ မိဘများကလည်းဘာသာရပ် တစ်ခုပြီးတစ်ခု တက်စေချင်ပြီး စာမေးပွဲကို အမှတ်များများဖြင့် အောင်စေချင်သောကြောင့် ကျူရှင်များကို အဆက်မပြတ်ပို့နေကြပါသည်။ ကျောင်ပြီးလျှင်လည်း နိုင်ငံခြားဘာသာစကားသင်တန်းများ၊ ကွန်ပျူတာ သင်တန်းများကို တက်ခိုင်းပြန်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ လူငယ်များ ဘုန်းတော်ကြီးကျောင်းများနှင့် တစ်ဖြေးဖြေး ဝေးကွာ၍ လာခဲ့ပါသည်။ (၁)

ကျောင်းသားအမည်                  -မောင်နိုင်ဦး ဓမ္မကျောင်းတော်အမည်            -နေပြည်တော်၊ ဒက္ခိဏသီရိ၊ ရန်အောင်မြင် အတန်း                                      -ပဉ္စမတန်း မိဘအမည်                                -ဦးအောင်စိုး၊ဒေါ်မေဆွိ အလုပ်အကိုင်                            -တောင်သူ နေရပ်                                        -ရန်အောင်မြင် မောင်နိုင်ဦးသည် လယ်သမားမိသားစုမှ မွေးဖွားလာသူလေးဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓမ္မကျောင်းတော်မတက်ခင် ဆိုးသွမ်းသော လူငယ်လေးတစ်ယောက်ဟု အများကသိကြ ပါသည်။  သူသည် ရံဖန်ရံခါ မိဘများကို ရိုက်နှက်တက်သည်အထိ...

Read More

ကျောင်းသားဗဟိုပြုချဉ်းကပ်သင်ကြားနည်း

  အစဉ်အလာအတိုင်း  မိမိတို့၏  ပတ်ဝန်းကျင်တွင်  ကျင့်သုံးလာခဲ့သည့်  သင်ကြားနည်းစနစ်ကို  ဆရာ ဗဟိုပြုသင်  ကြားနည်း  (Teacher-Centred Learning)  ဟူ၍ ခေါ်ဆိုပါသည်။  ယနေ့  ကမ္ဘာတဝန်း ပညာရေး ဆိုင်ရာ ပညာရှင်များ၊ ပညာရေးအဖွဲ့အစည်းများက  စိတ်ဝန်စားနေကြသည့် ကျောင်းသာဗဟိုပြု သင်ယူမှုစနစ်  (Student-Centred Learning) ဟုခေါ်ဆိုပါသည်။  ကလေးဗဟိုပြု  ချဉ်းကပ်နည်း (Child-Centred  Approach)  (CCA)  ဟူ၍လည်း  သုံးနှုန်းကြပါသည်။  သင်ကြားသင်ယူ မှုဖြစ်စဉ်တွင်  ကျောင်းသား၏ အတွေ့အကြုံ ကို  ဗဟိုပြုသည့် သင်ယူမှုဖြစ်ပါသည်။  ကျောင်းသား  ကျောင်းသူများကိုယ်တိုင်  ပူးပေါင်းပါဝင်စေကာ(Group work) ဖြင့် တီထွင်ကြံဆ  နည်းလမ်းရှာစေပြီး  သင်ကြားသည့်  နည်းစနစ်ဖြစ်ပါသည်။ 9 Read More