ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

(၁) ၀ိပဿနာတရားစခန်း အမှတ်စဉ် (၁၃၈)ကို ဇွန်လ (၁၃)ရက်မှ (၂၃)ရက်ထိ ဖွင့်လှစ်ပါမည်။
(၂) ကပ္ပိယများအတွက် ကပ္ပိယကောင်းတစ်ယောက် သင်တန်း ဖွင့်လှစ်ရန်ရှိပါသည်။

အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Category Archives: News

မထေရ်မြတ်တို့၏ စံနမူနာယူစရာ ကျင့်သီလ

ရန်ကင်းတောရ ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော မထေရ်မြတ်တို့၏ စံနမူနာယူစရာ ကျင့်သီလစာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။ (ကျေးဇူးတော်ရှင်တောင်မြို့ဆရာတော် ဘုရားကြီး) www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက် လေ့လာနိုင်ပါသည်။ [caption id="attachment_8340" align="aligncenter" width="861"]တောင်မြို့ဆရာတော် Dhamma Training Center[/caption] ဆက်လက်ပြသပါမည်...
Read More

သုတစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲ

သတ္တမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲသို့ နေပြည်တော်စာစစ်ဌာနမှ ၀င်ရောက် ဖြေဆိုသူများအနက် အောက်ပါကျောင်းသူ၊ကျောင်းသားများသည် ပြိုင်ပွဲဝင်တန်း ရေးဖြေတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူစာရင်းတွင် ပါဝင်ကြပါသသည်။ အထက်ပါဖြေဆိုအောင်မြင်သူများသည် အလယ်တန်းပြိုင်ပွဲများသို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အလို့ငှာ ၈.၅.၂၀၁၈ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံဥယျာဉ်မြို့တော် (ဇေကမ္ဘာဝင်း)သို့ လူကိုယ်တိုင် ရောက်ရှိသတင်းပေးပို့ကြရမည်ဖြစ်ပြီး အောက်ပါအချက်အလက်များအား သုတစုံလင်ဗုဒ္ဓ၀င်အဖွဲ့   (ဗဟိုရုံး)သို့  (၂၅.၄.၂၀၁၈) ရက်နေ့ အရောက် ကြိုတင်ပေးပို့ထားရန်လိုအပ်ပါသည်။ [caption id="attachment_8286" align="aligncenter" width="900"]Thutasonelin Dhammaschool[/caption] (က) အခြေခံပညာအလယ်တန်းတွင် သင်ယူနေဆဲဖြစ်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်/ပညာရေးမှူး ထောက်ခံချက် (ခ) 4’’× 6’’ အရွယ်မြန်မာဝတ်စုံဖြင့် လက်အုပ်ချီထားသော...
Read More

၁၃၇/၂၀၁၈ သင်္ကြန်တရားစခန်း

၁၃၇/၂၀၁၈ သင်္ကြန်တရားစခန်းကို ဧပြီလ (၁၃) ရက်နေ့ မှ (၁၇)ရက်နေ့ထိ ဖွင့်လှစ်လျှက်ရှိပါသည်။ အဆိုပါ သင်္ကြန်တရားစခန်းသို့ ဒုလ္လဘရဟန်းယောဂီ (၉)ပါး၊ အမျိုးသားယောဂီ (၁၃)ဦး ၊ အမျိုးသမီးယောဂီ (၆၇)ဦးတို့ ၀င်ရောက် တရားအားထုတ်လျှက်ရှိပါသည်။ www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက် လေ့လာနိုင်ပါသည်။ [caption id="attachment_8267" align="aligncenter" width="900"]သင်္ကြန်တရားစခန်း Dhamma Training Center[/caption] [caption id="attachment_8268" align="aligncenter" width="900"] Dhamma Training Center[/caption] Read More

သုတစုံလင်ဗုဒ္ဓ၀င်စာမေးပွဲ

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င် ရေးဖြေစာမေးပွဲကို ၁၃၇၉ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၈)ရက်၊ ၂၀၁၈ ခုနှစ် ဧပြီလ (၈)ရက်၊ တနင်္ဂနွေနေ့ နံနက် (၉း၀၀) နာရီမှ (၁၁း၃၀) နာရီအထိ နေပြည်တော် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပါသည်။ အဆိုပါစာမေးပွဲသို့် ဓမ္မကျောင်းတော် (၁၃)ကျောင်းမှ မူလတန်းဆင့် (၆၈)ဦး၊ အလယ်တန်းဆင့် (၁၂၇)ဦး စုစုပေါင်း ကျောင်းသား/သူပေါင်း(၁၉၅)ဦး ၀င်ရောက် ဖြေဆိုကြပါသည်။ www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက် လေ့လာနိုင်ပါသည်။ Read More