ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အား အောက်တိုဘာ(၂၁)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

၂။ ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် ဝိပဿနာတရားစခန်း အမှတ်စဉ် (၁၄၄)ကို အောက်တိုဘာလ (၂၆)ရက် သောကြာနေ့မှ အောက်တိုဘာလ (၂၈)ရက် တနင်္ဂနွေနေ့ထိ နှစ်ညအိပ်သုံးရက် ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Category Archives: Training

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၃၀/၂၀၁၇)

နည်းပြဆရာဖြစ်သင်တန်း အမှတ်စဉ် (၃၀/၂၀၁၇)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများသည် ကျောင်းတွင်း ဝေယျာဝစ္စကုသိုလ်များ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ...
Read More

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၂၇/၂၀၁၇)

မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၂၇/၂၀၁၇)ကို ၂၀၁၇ခု ဖေဖော်ဝါရီလ (၂) ရက်မှ (၉) ရက်ထိ ဖွင့်လှစ်ပါသည်။ သင်တန်းကို အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၃၈)ဦး၊ နေပြည်တော်တိုင်းမှ (၁၅)ဦး၊ ရန်ကုန်တိုင်းမှ (၃)ဦး၊ မန္တလေးတိုင်းမှ (၉)ဦး၊ ရှမ်း (မြောက်)မှ (၉)ဦး၊ ရှမ်း(တောင်)မှ (၁၄)ဦး စုစုပေါင်း (၅၀) ဦး တက်ရောက်ကြပါသည်။ [caption id="attachment_6468" align="aligncenter" width="300"]Training 27/2017 Dhamma Training Center[/caption] IMG_4619 Read More

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)တွင် နံနက်ပိုင်း၌ ဓမ္မကျောင်းတော် တန်းခွဲသင်ကြားခြင်းနှင့် သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲခြင်း အကြောင်းကို ဆရာမကြီးဒေါ်ခင်အုန်းမြင့် (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ သင်ကြားပေးပါသည်။ [caption id="attachment_6262" align="aligncenter" width="300"]Training Dhamma Training Center[/caption] ဓမ္မကျောင်းတော် တန်းခွဲအလိုက် သင်ကြားနည်းစနစ် (CCA-၁)သင်ခန်းစာ ကို ဆရာမကြီးဒေါ်ခင်လင်း (ကျောင်းအုပ်ဆရာမကြီး-ငြိမ်း)မှ အသိမျှဝေ ပေးပါသည်။ IMG_3707 IMG_3708သံဃာတော်များ၊ သင်တန်းသူ/သားများက...
Read More

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)ကို ၂၀၁၇ခု ဇန္န၀ါရီလ(၁)ရက်နေ့မှ (၈)ရက်နေ့ထိ ရန်ကင်းတာရ ပရိယတ်ပဋိပတ်ဌာနတွင်ဖွင့်လှစ်ပါသည်။ သင်တန်းတွင် သံဃာ(၇)ပါး၊ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၃၀)ဦး၊ ပါဝင်ပြီး  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ (၂၁)ဦး၊ ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့မှ(၃)ဦး၊ ရခိုင်ပြည်နယ်မှ(၈)ဦး၊ မန္တလေးတိုင်းမှ(၇)ဦး၊ စစ်ကိုင်းတိုင်းမှ (၅)ဦး၊ ရန်ကုန်တိုင်းမှ(၁)ဦး၊ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပါသည်။ ပထမဦးစွာ သံဃာတော်များ၊ သင်တန်းသူ/သားများမှ အကြိုဆန်းစစ်လွှာများ ဖြည့်စွက် ရေးသားကြပါသည်။ IMG_3640 IMG_3643 ဒေသအလိုက် သင်တန်းမိတ်ဆက်စကားများ ပြောကြား ကြပါသည်။ Read More