ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

In the toilet

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

သန့်စင်ခန်းဝင်မယ်  In the toilet

          နေ့တိုင်း နေ့တိုင်း toilet seatပေါ်မှာ ထိုင်ချင်လည်းထိုင်၊ မထိုင်ချင်လည်းထိုင်၊ အကြိမ်ကြိမ် ထိုင်နေရတာပါပဲ။

          ထိုင်လိုက်တာနဲ့ မျက်စိကို ခပ်ဖွဖွလေး မှိတ်ပြီ Body မှာ ဖြစ်နေတဲ့ sensation ခံစားမှုတွေကို သိ သိ သိ ပေးလိုက်ပါလား၊ မခက်ပါဘူး။

             ကျန်တဲ့ Processမှာလည်း တတ်နိုင်သလောက် သိနိုင်ဖို့ လေ့ကျင့်သင့်ပါတယ်။

             Toilet တံခါးပိတ်တဲ့အခါမှာ Be mindful!

             အင်္ကျီ ပုဆိုးပြင်တာမှာ Be mindful!

             အနံ့အသက်ရတဲ့အခါမှာ Be mindful!  လေ့ကျင့်ကြည့်ပါ။

           ခန္ဓာမှာဖြစ်နေတဲ့ Process ကို သိနေတာမှာလည်း Be mindful!

Daily Life

Dhamma Training Center

နောက်ဆိုရင် toilet seatပေါ်မှာ ထိုင်တာနှင့် သတိက အလိုလို ဆိုရမလောက်အောင်ကို ရောက်လို့  လာပါတယ်ဗျာ။

          Toilet ထဲမှာ ငါတစ်ယောက်တည်းနေတာ ဘယ်လိုနေနေ ရတယ်ဆိုတဲ့သဘော မထားဘဲ ဖိနပ် စီးတာ၊ ဖိနပ်ချွတ်တာ၊ ရေကိုင်တာ၊ ဆပ်ပြာတိုက်တာ၊ တဘက်ကိုင်တာ စသည်မှာလည်း ရနိုင်သလောက် သတိထားပြီး လေးလေးစားစားပဲ လုပ်သင့်ပါတယ်။

          အဲဒီမှာလည်း မလိုအပ်ဘဲနှင့်ကို လောနေတတ်သေးတယ်နော်။       

Daily Life

Dhamma Training Center

       အဲသလိုလောနေတဲ့စိတ်ကို သိသိပေးနိုင်ရင်လည်း သတိပဋ္ဌာန်တရား အားထုတ် ပြီးသား ဖြစ်ပါတယ်ဗျာ။

 

Comments are closed.