ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Walking Meditation

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

လမ်းလျှောက်မယ် Walking Meditation

          ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ပြီး ကား၊ ရထား၊ လေယာဉ်ပျံ၊ ဆိုင်ကယ်တွေ ရှိလာသော်လည်း ခြေလျှင် လမ်းလျှောက်တာတော့ ရှိနေသေးတာပါပဲ။

         တစ်နေ့တစ်နေ့လမ်းလျှောက်သွားရတဲ့ အချိန်တွေ အများကြီး အများကြီး ကျန်ပါသေးတယ်။ အဲဒီ အချိန်မှာAbsent minded နှင့် လမ်းလျှောက်နေမယ့်အစား Walking meditation ကို Practise လုပ်ရအောင်လား။

Daily Life

Dhamma Training Center

         ခြေလှမ်းနေတာမှာ ခြေကြွနေတာမှာ ခြေချနေတာမှာ ထင်ရှားရာ ထင်ရှားရာကို အလိုက်သင့်လေး သတိကပ်ပြီး သိပေးရုံမျှပါပဲ။

         ဒါဆိုရင် သွားလေရာရာမှာ တွေးချင်ရာတွေးပြီး မသွားရတော့ဘဲ ခရီးလည်း ရောက်၊ စင်္ကြံကမ္မဋ္ဌာန်း Walking meditation လည်း လေ့ကျင့်ပြီး ဖြစ်ပါတော့တယ်။ လှေကားတက်တာ ဆင်းတာမှာလည်း ဒီ Practice ကို Apply လုပ်လို့ရပါတယ်။ အပေါ်တက်တဲ့အခါ Body ကို ခြေထောက်က ထမ်းပြီးတက်ရလို့ လေးနေတာ၊ အားယူ နေရတာ၊ ဆင်းတဲ့အခါမှာတော့ ပေါ့ပေါ့ပြီးBody weight ကျကျလာတာတွေ သိပ်ကို ထင်ရှားပါတယ်၊ ဒါကို သိပေးလို့ရပါတယ်။

         ဒါကြောင့် ဒီကနေ့ကစပြီး စိတ်ညစ်စရာ၊ စိတ်ပူစရာ၊ စိတ်မချမ်းသာစရာတွေ ရင်ထဲ ပိုက်ထွေးပြီး အရေးကြီးကြီး၊ မကြီးကြီး သုတ်သုတ် သုတ်သုတ် လမ်းလျှောက် သွားနေမယ့်အစား လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ သတိကပ်ပြီး သွားနိုင်ရင် ခရီးလည်း ရောက်မယ်။ စိတ်လည်း အေးချမ်းမယ်။ ကိုယ်၊ စိတ်ပင်ပန်းမှုလည်း လျှော့မယ်။ ကုသိုလ်လည်း ရပြီဗျာ။

         ဒါကြောင့် ကိုယ်လျှောက်တဲ့ လမ်းတိုင်းဟာ Walking meditation ဖြစ်နိုင်ပါစေ။

Comments are closed.