ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁။ လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ် ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်း အားနိုဝင်ဘာ(၁၈)ရက် တနင်္ဂနွေနေ့တွင် ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည် ဖြစ်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
အသေးစိတ် သိရှိလိုပါက နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ ရုံးခန်းသို့ အောက်ဖော်ပြပါ ဖုန်းဖြင့် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

Watching NEWS

ဆရာတော် အရှင်ခေမာနန္ဒ၊ ရေးသားပြုစုသော ဖွံ့ဖြိုးတိုးတက်နေသည့် လူ့ဘောင်အတွက် ၀ိပဿ       နာ တရားနှင့် နေ့စဉ်ဘ၀ စာအုပ်မှ ကောက်နှုတ် ပူဇော်ပါသည်။

www.facebook.com/dhammaschool.ykt တွင်လည်း ၀င်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။

သတင်း  Watching NEWS

            TV သတင်းတွေ ကြည့်တဲ့အခါမှာ ကမ္ဘာ အရပ်ရပ်မှာ အချို့သဘာဝ ဘေးအန္တရာယ်ကြောင့်၊ အချို့လူ့ ပယောဂကြောင့် ဒုက္ခရောက်နေကြတဲ့ သူတွေရဲ့ သတင်းပုံတွေကို မြင်ရ၊ ကြားရတဲ့အခါမှာ မိမိစိတ်ထဲ သနားကရုဏာစိတ် ဖြစ်ပေါ်လာနိုင်အောင် လေ့ကျင့်ရင်း သတင်းကိုကြည့်ပါလား။

          စစချင်း ခက်နေသေးရင် … အဲဒီဒုက္ခရောက်နေတဲ့ လူသားတွေဘက်က ကိုယ်နေကြည့်ပြီး ခံစားကြည့်ပါလား။

      ဒါဆိုရင် ကိုယ်ချင်းစာစိတ်ဖြစ်ဖို့ လွယ်ကူလာပါလိမ့်မယ်၊ ဒါလည်းပဲ မြင့်မြတ်တဲ့ စိတ်သဘာဝ တစ်ခုကို မွေးမြူနိုင်လိုက်တာပါပဲ။

          အဆင်ပြေပြေဖြစ်နေတဲ့ လူတွေရဲ့ TVသတင်းကြည့်ရင်းမှာလည်း မိမိရင်ထဲ သူတို့တစ်တွေရဲ့ ဘ၀ကို ၀မ်းမြောက်တဲ့စိတ်နဲ့ ကြည့်တတ်တဲ့ အလေ့အကျင့် လုပ်သင့်ပါတယ်။

          ဒီလိုမှမဟုတ်ဘဲ ဒုက္ခရောက်နေတဲ့ သူတွေရဲ့  သတင်းကိုကြည့်တဲ့အခါမှာ ၀မ်းသာပြီး၊ အောင်မြင်တဲ့ သူတွေရဲ့ သတင်းကိုကြည့်ပြီး စိတ်ဆိုးနေရင်တော့ TV သတင်းကို မကြည့်ပဲ ပိတ်ထား လိုက်တာပဲ ကောင်းမယ် ထင်ပါတယ်။

Daily Life

Dhamma Training Center

Daily Life

Dhamma Training Center

Comments are closed.