ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း) နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ
Dhamma Training Center ၌ ၂၀၂၀ ပြည့် မတ်လတွင် ဖွင့်လှစ်မည့် သင်တန်းများ - (မတ်လ ၇ မှ ၁၃ ထိ) * ကိုရင် ၊ သီလရှင် ယဉ်ကျေးလိမ္မာသင်တန်း ( Novice and Nun Buddhist Culture Course)
(၅-တန်း၊ ၆-တန်း၊ ၇-တန်း၊ ၈-တန်း ကျောင်းသား၊ ကျောင်းသူများ)

(မတ်လ၂၀ မှ ၂၅ ထိ) * ဓမ္မကျာင်းတော် ယဉ်ကျေးလိမ္မာလူငယ်အမြင်ဖွင့်သင်တန်း (Buddhist Culture Course for Youth Dhamma Training Center) (၁၀-တန်းဖြေထားသည့် ကျောင်းသား၊ ကျောင်းသူများ)

ဖုန်း— 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဆရာတော်၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ သာသနာရေးဆိုင်ရာကိစ္စရပ်များ

2
ရန်ကင်းတောရကျောင်း (အပိုင်း-၇)

(၁ ) ရှေးရှေးမထေရ်မြတ်များနည်းတူ ၀ိနည်းသီလကို ပဓာနအခြေခံသည့် ပရိယတ္တိ စာသင်တိုက်၏ အခြေခံကို ပြန်လည်သက်ဝင်လာနိုင်ရန် ရဟန်းငယ်၊ ရှင်သာမဏေငယ် များကို ပြုစုပျိုးထောင်လျက်ရှိပါသည်။
(၂ ) သာသနာတော် တည်ရန်မှာ ပရိယတ်မရှိလျှင် မဖြစ်သဖြင့် အရည်အချင်း ရှိသည့် ရှင်ရဟန်းများကို စာသင်တိုက်များသို့ ပို့ဆောင်ကာ စာမေးပွဲအောင်မြင်မှုကို ပဓာနမထားဘဲ ပရိယတ်စာပေ တတ်မြောက်ရေးကိုအကောင်အထည် ဖော်လျက်ရှိပါသည်။
7

8
(၃ ) ရှင်သာမဏေငယ်များနှင့် သီလရှင်များအား ပရိယတ္တိအခြေခံစာပေများ အပါအဝင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာပညာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါသည်။
(၄ ) ပဋိပတ္တိအတွက် အားထားနိုင်သည့် တပည့်ကောင်းများ ပေါ်ထွန်းလာနိုင်ရေး အတွက် အထူးတရားပတ်များကိုလည်း အခါအားလျှော်စွာ ဖွင့်လှစ်ပို့ချလျက် ရှိပါသည်။
(၅ ) ရပ်နီး၊ ရပ်ဝေးမှ ယောဂီများကို လက်ခံလျက် သတိပဋ္ဌာန်ဝိပဿနာတရား ပြသပေးလျက်ရှိသည့်အပြင် ရပ်ဝေးတရားစခန်းများကို လက်ခံ၍လည်း အခါအားလျော်စွာ သတိပဋ္ဌာန် ဝိပဿနာ တရားများ သင်ကြားပေးလျက် ရှိပါသည်။
(၆ ) မိဘချို့တဲ့သည့် လူငယ်များအား တက္ကသိုလ်ပညာ အထက်တန်းကျောင်း ပညာများကို သင်ကြားနိုင်ရန် ထောက်ပံ့ပေးလျက် ရှိပါသည်။
(၇ ) အခါအားလျော်စွာ ခရီးများသွား၍ ဓမ္မရေးရာအဖြာဖြာတို့ကို ပြည်သူတို့အား ရှင်းလင်း ဆွေးနွေးဟာပြောပြသ ပေးလျက်ရှိပါသည်။
(၈ ) စာပေများ ရေးသား၍ အများပြည်သူတို့အား ဓမ္မရေးရာသုတများကို မျှဝေပေးနေရာ ယနေ့အချိန်အထိစာအုပ်ပေါင်း(၃၃)မျိုးကို စောင်ရေစုစုပေါင်း(၁)သန်းနှင့် (၃)သိန်းကျော် ပုံနှိပ်ဖြန့်ချီခဲ့ပြီး ဖြစ်ပါသည်။ ဆရာတော်သည် (ဉာဏ်)ပူဇော်ခ၊ စာမူခများကို လက်ခံတော်မူခြင်း မရှိပါ။ မေးမြန်းစုံစမ်းခြင်းလည်း အလျဉ်းမရှိပါ။
5

6
(၉) ကမ္ဘာ့ပြည်သူများအား ဝိပဿနာရေးရာ ဗဟုသုတရရှိရေးအတွက်လည်း အင်တာနက်ပေါ်သို့ မြန်မာဘာသာ အင်္ဂလိပ်ဘာသာတို့ဖြင့် စာများရေးသားကာ ဖြန့်ချီပေးလျက် ရှိပါသည်။
(၁၀ ) ရှင်ရဟန်း၊ သီလရှင်၊ လူ ဒါယကာ ဒါယိကာမများသည် ပရိယတ် ပဋိပတ် အရည်အချင်းသာမက သီလအရာ စံပြုလောက်အောင် ဖြည့်ကျင့်စေကာ အရေအတွက်ကို ဦးစားမပေးဘဲ အရည်အချင်းကိုဦးစားပေး၍ ရန်ကင်းတောင်၏ ယနေ့သာသနာကို ဆရာ ဒကာ စုပေါင်းညီညာ ပြုစုပျိုးထောင်လျက် ရှိပါသည်။
(၁၀) မြို့ပြတိုးတက်လာမှုကြောင့် အနာဂတ်တွင် ဖြစ်ပ်ါလာနိုင်လတ္တံ့သော အနှောင့်အယှက် အမျိုးမျိုးကိုမျှော်မြင်ကာ အစိုးရထံသို့ သာသနာ့မြေ လျှောက်ထားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် အစိုးရထံမှလည်း ၀ိသုံဂါမသိမ်ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။
(၁၁) ပဋိပတ္တိကမ္မဋ္ဌာန်း အားထုတ်နေကြသည့် ရဟန်းယောဂီ၊ လူယောဂီများ ချမ်းသာစွာ တရားဓမ္မများ အားထုတ်နိုင်ရေးအတွက် ဓမ္မာရုံ၊ ဆွမ်းစားကျောင်း၊ ယောဂီဆောင်များအပါအဝင် လိုအပ်သော အဆောက်အဦများကို ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ ဖြစ်ပါသည်။
(၁၂) အခန်းပေါင်း (၁၀၀၀)ကျော်ရှိသည့် မဟာရံတံတိုင်း ကာရံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
(၁၃) ကန်သုံးဆင့်ရှိသည့် ဆည်ဘောင်ကို တည်ဆောက်ခြင်းနှင့် တောင်ပတ်လမ်းများပါဝင် မဂ္ဂင်တံတားနှင့် ပါရမီတံတား နှစ်စင်းကိုလည်း တည်ဆောက်ခဲ့ပြီး ဖြစ်ပါသည်။
3

4
(၁၄) စက်ရေတွင်းများ တူးဖော်ခဲ့ပြီး ရေဂါလံ တစ်သောင်းခန့်ဆန့်သည့် ရေကန်ကြီးများ တည်ထားခဲ့ပါသည်။ စက်ရေတွင်း ရေထွက်နှုန်းမှာ တစ်နာရီ ဂါလံ (၁၀၀၀)ကျော်ရှိပြီး ရေ၏ PH:LEVEL မှာ (6.8) ဖြစ်ပါသည်။
(၁၅) သက်တမ်း(၆၀)ကျော်ပြီဖြစ်သော ရှေးဟောင်းသိမ်ကြီးကို အကြီးစား ပြု ပြင် မွမ်းမံနိုင်ခဲ့ပါသည်။
(၁၆) စေတီ ပုထိုး သာသနိကအဆောက်အဦများ အပါအဝင် သစ်ပင်တောတောင်ကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။
10

9

No Comments Yet.

Leave a comment