ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂-ဒီဇင်ဘာလ (၁၄၊ ၁၅)ရက် စနေ၊ တနင်္ဂနွေနေ့ နှစ်ရက်
နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ ပဋ္ဌာန်းတရားတော်များကို
သင်ကြားပို့ချမည်ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါရန်
ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်တောရကျောင်း
(မြို့တော်ဝန်ကျာင်း) ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်း (၂၆/၂၀၁၇)ကို ၂၀၁၇ခု ဇန္န၀ါရီလ(၁)ရက်နေ့မှ (၈)ရက်နေ့ထိ ရန်ကင်းတာရ ပရိယတ်ပဋိပတ်ဌာနတွင်ဖွင့်လှစ်ပါသည်။

သင်တန်းတွင် သံဃာ(၇)ပါး၊ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၃၀)ဦး၊ ပါဝင်ပြီး  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ (၂၁)ဦး၊ ရှမ်းပြည်နယ်၊ ကျောက်မဲ မြို့မှ(၃)ဦး၊ ရခိုင်ပြည်နယ်မှ(၈)ဦး၊ မန္တလေးတိုင်းမှ(၇)ဦး၊ စစ်ကိုင်းတိုင်းမှ (၅)ဦး၊ ရန်ကုန်တိုင်းမှ(၁)ဦး၊ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပါသည်။

ပထမဦးစွာ သံဃာတော်များ၊ သင်တန်းသူ/သားများမှ အကြိုဆန်းစစ်လွှာများ ဖြည့်စွက် ရေးသားကြပါသည်။

IMG_3640 IMG_3643 ဒေသအလိုက် သင်တန်းမိတ်ဆက်စကားများ ပြောကြား ကြပါသည်။

IMG_3668 IMG_3675 IMG_3677သင်တန်းအဖွင့်သြ၀ါဒကို ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော်မှ မြွက်ကြားတော်မူပါသည်။ ဆရာတော်မှ သံဃာတော်များ၊ သင်တန်းသူ/ သားများကို ဓမ္မကျောင်းတော်များတွင် ကလေးငယ်များကို သင်ကြား ပေးရာ၌ (၁)သင်ကြားနည်းစနစ် မှန်ကန်ရန် လိုအပ်ပါကြောင်း (၂)သင် ကြားပေးမည့် အချက်အလက် မှန်ကန်ရန် လိုအပ်ပါကြောင်းနှင့် ယခုဆောင် ရွက်သော လုပ်ငန်းသည် အလွန်အရေးကြီးသော သာသနာပြုလုပ်ငန်း ဖြစ်ကြောင်း၊ ဆက်လက်၍ ဆရာတော်မှ ဓမ္မကျောင်းတော်လုပ်ငန်းသည် ပရဟိတဆောင်ရွက်သော လုပ်ငန်းတစ်ခုလည်း ဖြစ်ပါ၍ ထားရှိရမည့် သဘောထားကို ရှင်းလင်းမြွက်ကြားတော်မူပါသည်။

IMG_3686

Training 26/2017

ဆရာတော်မှ ဓမ္မကျောင်းတော်လုပ်ငန်းသည် မြတ်စွာဘုရား၏ တရားတော် များကို ကလေးသူငယ်များ၏ ရင်ထဲသို့ရောက်အောင်သင်ကြား ပေးရသည့် အတွက် မြင့်မြတ်သူတို့၏ အလုပ်ဖြစ်ပါကြောင်း       မြင့်မြတ်သူတို့၏ လုပ်ငန်းသည် ပါရမီမြောက်ကြောင်း ဟောကြားတော်မူပါသည်။

Comments are closed.