ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)သင်တန်းဆင်းပွဲနှင့် နှစ်ပတ်လည်ရေစက်ချအခမ်းအနား

ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း (၂၆/၂၀၁၇)သင်တန်းဆင်းပွဲနှင့် အလှူရှင် နှစ်ပတ်လည်ရေစက်ချ အခမ်း အနားကို ၂၀၁၇ခု၊ ဇန္န၀ါရီလ(၈)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီတွင် ကျင်းပ ပြုလုပ်ပါသည်။

မြတ်စွာဘုရားရှင်အား ” နမောတဿ” မဟာပဏာမဘုရားရှိခိုးဖြင့် (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနား ဖွင့်လှစ်ပါသည်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟိုအတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာ တော်မှ သြ၀ါဒစကား မိန့်ကြားတော်မူပါသည်။

ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း(၂၆/၂၀၁၇)သင် တန်းသား/သူများ ကိုယ်စား သင်တန်းသူ ဒေါ်နှင်းခန့်မွှေးမှ ကျေးဇူးတင် စကား လျှောက်ထားပါသည်။

Training closing

Dhamma Training Center

သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ် အပ်နှင်းပါသည်။

P1310048 P1310052မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ အလုပ်အမှုဆောင်အဖွဲ့ဝင် အလှစု ကုမ္ပဏီMDဦးကျော်စွာက (၂၀၁၆) ခုနှစ်အတွင်း နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာက ပြုလုပ်ဆောင်ရွက်နေသည့် သာသနာပြု ပရဟိတလုပ်ငန်း များကို တင်ပြပါသည်။

P1310053မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့ခွဲ(၁)၊ နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာ ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဒေါ်ဂျူလိုင်အောင်က(၂၀၁၆)ခု ဘဏ္ဍာရေး အလှူရငွေနှင့် အသုံးပြုငွေရှင်း တမ်းများကို တင်ပြပါသည်။

IMG_4334

နှစ်ပတ်လည် အလှူရှင်ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ပါသည်။

P1310062 P1310064 P1310067 P1310072

“မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့” ဗဟို အတွင်းရေးမှူးဆရာတော်၊ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြ ဆရာဖြစ်သင်တန်းဌာန၊ သြ၀ါဒါစရိယ ရန်ကင်းတောရဆရာတော် က နိဂုံးချုပ် အမှာစကားမိန့်ကြားပါသည်။

P1310035

“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းပါသည်။

Comments are closed.