နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာနည်းပြ ဆရာဖြစ်သင်တန်း၊ အမှတ်စဉ်(၂၇/၂၀၁၇) (၄)ရက်နေ့ နံနက်ပိုင်းတွင် ဆရာမကြီးဒေါ်ခင်လင်းမှ တန်းခွဲအလိုက်သင်ကြားခြင်းနှင့် သင်ရိုးမာတိကာ သင်ကြားနည်းကိုလည်းကောင်း၊ ဆရာမကြီးဒေါ်ငွေကြည်မှ ဓမ္မကျောင်း တော်တွင် ကလေးသူငယ်များအား ယဉ်ကျေးမှုဘာသာကို CCA နည်းစနစ် ဖြင့် သင်ကြားခြင်း(၁) ကို အသိမျှဝေပေးပါသည်။
သင်တန်းသူ/သားများကို ယာယီကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေကြည်မှ သင်ကြားရေးဆိုင်ရာများ မှာကြားပြောဆိုပါသည်။
မွန်းလွဲပိုင်းတွင် သင်တန်းသူ/သားများက ရှစ်ပါးသီလ ခံယူဆောက်တည် ကြပြီး ဦးဇင်းစန္ဒိမာ(မိုးကောင်း)မှ စက်(၄)ပါး တရားတော်ကို ဟောကြား တော်မူပါသည်။
ဓမ္မကျောင်းတော်တွင် ကလေးသူငယ်များအား ယဉ်ကျေးမှုဘာသာကို CCA နည်းစနစ်ဖြင့် သင်ကြားခြင်း(၂)ကို ဆရာမဒေါ်သန်းတင်မှ အသိမျှဝေပေးပါ သည်။
ဆရာမဒေါ်ထွေးညိုမှ ကဗျာသင်ကြားနည်းကို ပြသပေးပါသည်။
မြင့်မြတ်သူတို့၏အလုပ် တရားတော်ကို ဦးဇင်းစန္ဒိမာ(ရန်ကုန်)မှ ဟောကြား တော်မူပါသည်။
ညပိုင်းတွင် သင်တန်းသူ/သားများက တနေ့တာ သင်ကြားပြီးခဲ့သောဘာ သာရပ်များအပေါ် ဆွေးနွေးခြင်း၊ သင်တန်းသားများ၏ သိလိုသည့် အကြောင်းအရာများကို ရှင်းလင်းပေးခြင်းနှင့် အသင်းလိုက် နေ့စဉ်ဆောင် ရွက်မှုများကို လျှောက်ထားကြပါသည်။