ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

အမှတ်စဉ် (၂၅/၂၀၁၆) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်လှစ်

IMG_4564

IMG_4570

IMG_4567

IMG_4566

IMG_4563အမှတ်စဉ် (၂၅/၂၀၁၆) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၌ စက်တင်ဘာလ (၂)ရက်နေ့တွင်ဖွင့်လှစ်ရာ သင်တန်းသို့ ပြည်နယ်တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်ကြသည်။
နေပြည်တော် ပြည်ထောင်စုနယ်မြေမှ(၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၁၇)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၄)ဦးနှင့် ရှမ်းပြည်နယ်မှ(၂၃)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်ကြပါသည်။ အမျိုးသား(၁၇)ဦးနှင့် အမျိုးသမီး(၃၃)ဦးဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာပြန့်ပွားအဖွဲ့ ဗဟိုအတွင်းရေးမှုး(၁)နှင့် နေပြည်တော် ယဉ်ကျေလိမ္မာစင်တာ ဓမ္မကျောင်းတော် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းဌာန၏ သြဝါဒါစရိယ ရန်ကင်းတောရ ဆရာတော်ဘုရားမှ အဖွင့်သြဝါဒစကား မိန်ကြားခဲ့ပါသည်။
သင်တန်းကာလအတွင်း သင်ကြားရမည့် အကြောင်းအရာများနှင့် သင်ကြားနည်းစနစ်များကို မိန့်ကြားခဲ့ပြီး ရပ်ဝေးမှ သင်တန်းသားများအား နွေးနွေးထွေးထွေး သြဝါဒစကားများ မိန့်ကြားခဲ့ပါသည်။

No Comments Yet.

Leave a comment