ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂-ဒီဇင်ဘာလ (၁၄၊ ၁၅)ရက် စနေ၊ တနင်္ဂနွေနေ့ နှစ်ရက်
နံနက် (၉)နာရီမှ ညနေ (၄)နာရီထိ ပဋ္ဌာန်းတရားတော်များကို
သင်ကြားပို့ချမည်ဖြစ်ပါသဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါရန်
ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်တောရကျောင်း
(မြို့တော်ဝန်ကျာင်း) ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

ယောဂီဟောင်းတွေ့ဆုံပွဲ

ရန်ကင်းတောရကျောင်းတွင်ရှေးမူမပျက် သတိပဌာန်ဝိပဿနာတရား အားထုတ်ကြသည့် ယောဂီဟောင်းတွေ့ဆုံပွဲကို ဇွန်လ(၂၄)ရက် ညနေပိုင်းတွင်ကျင်းပခဲ့ပါသည်။ ရန်ကင်းတောရဆရာတော်မှ ဖွင့်ပွဲနှင့် နှုတ်ဆက်စကားမိန့်ကြားခဲ့ပြီး တွေ့ဆုံပွဲကို (၂၆)ရက်နေ့ ညနေပိုင်းအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။ လစဉ် လတစ်လ၏ နောက်ဆုံးပတ် စနေ၊တနင်္ဂနွေရက်များတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ
ယောဂီဟောင်းများ စုံစုံညီညီတက်ရာက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

No Comments Yet.

Leave a comment