ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၀- ပုေရဇာတပစၥေယာ Purejāta Paccayo (Prenascence condition) (5 of 5)

၁၀- ပုေရဇာတပစၥေယာ Purejāta Paccayo (Prenascence condition) (5 of 5) zawgyi

 

႐ုပ္သက္တမ္းႏွင့္ စိတ္သက္တမ္း

(စ်-၁)  ဤေနရာတြင္ ႐ုပ္၏သက္တမ္းႏွင့္ စိတ္၏သက္တမ္းတို႔ကို ထပ္မံ၍ ျပဆိုပါဦၤးမည္။ ႐ုပ္၏ သက္တမ္းသည္ စိတၱခဏ ၁၇-ခ်က္(၀ါ) = ခဏငယ္ ၅၁-ခ်က္ မွ်သာရွိ၏။ ႐ုပ္၏ အသက္ကို တိတိက်က် ျပရလွ်င္ အတီတဘ၀င္၏ ဥပါဒ္ခဏမွ စတင္ျဖစ္လာသည့္ ႐ူပါ႐ံုသည္ ဒုတိယတဒါ႐ံုစိတ္၏ ဘင္ခဏ၌ ခ်ဳပ္ေပ်ာက္ သြားပါသည္။

(စ်-၂) တစ္နည္း ထပ္မံရွင္းျပရေသာ္ Mental process တြင္ မ်က္စိႏွင့္ အဆင္းဆံုကာမွ်ျဖင့္ ျမင္သိစိတ္ စကၡဳ၀ိညာဏ္ မေပၚႏိုင္ေသးေၾကာင္း ဦးစြာ သတိျပဳရပါမည္။

(စ်-၃) “တီ၊ န၊ ဒ၊ ပ၊ စ” တီ=အတီတဘ၀င္၊ န=ဘ၀ဂၤစလန၊ ဒ=ဘ၀ဂၤုပေစၦဒ၊ ပ=ပဥၥဒြါရ၀ဇၨန္းၿပီးမွသာ စကၡဳ ၀ိညာဏ္ ျမင္သိစိတ္ ေပၚေပါက္လာ၏။ ထို႕ေၾကာင့္ ျမင္သိစိတ္ေပၚရန္ ေရွ႕တြင္ တီ၊ န၊ ဒ၊ ပ ဟူေသာ Mental process ထဲမွ စိတၱခဏ ၄-ခ်က္ ျဖစ္ေပၚေပးရပါသည္။

(စ်-၄)  လက္ေဖ်ာက္တစ္တြက္တီး ကုေဋတစ္သန္းႏံႈးျဖင့္ ေပၚၿပီးေပ်ာက္၊ ျဖစ္ေပၚလာၿပီးခ်ဳပ္ေနေသာ ဟူေသာ process ၏ အလြန္႔အလြန္ တိုေတာင္းလွၿပီး၊ ဂဏန္းခ်ျပရန္ပင္ မျဖစ္ႏိုင္ေလာက္ေအာင္ ကာလတိုကေလး ျဖစ္ေသာ စိတၱခဏ ၄-ခ်က္ေစာ၍ ပုေရဇာတ Born earlier ႀကိဳတင္ျဖစ္ႏွင့္၍ ေက်းဇူးျပဳသည္ဟုဆိုလိုျခင္းျဖစ္သည္။ ထို႔ေၾကာင့္ ပစၥနိေဒၵသ ပါဠိေတာ္တြင္ “စကၡာယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနÍၥ ဓမၼာနံ ပုေရဇာတပစၥေယန ပစၥေယာ”ဟု လာရွိပါသည္။ စကၡဳ၀တၳဳက စကၡဳ၀ိညာဏကို ပုေရဇာတသတၱိျဖင့္ ေက်းဇူးျပဳ၏။

(စ်-၅)  ထို႕ေၾကာင့္ မ်က္စိအၾကည္ စကၡဳပသာဒ႐ုပ္၏ သက္တမ္းသည္လည္း ဤမွ်သာ ရွိေပသည္။ စိတၱခဏတိုင္း၊ စိတၱခဏတိုင္း၌ စကၡဳပသာဒ႐ုပ္မ်ား အသစ္အသစ္ျဖစ္ေနသျဖင့္ တဆက္တည္း ထင္ရေလာက္ေအာင္ ျမင္ေနရျခင္း ျဖစ္၏။ စာေပက်မ္းဂန္ ဗဟုသုတအေနျဖင့္ ၀ီထိပိုင္း Mental process  ကို သိရွိသူအဖို႔ နားလည္ရန္ မခက္ခဲႏိုင္ပါ။ ၀ိပႆနာတရားကို နည္းစနစ္ မွန္ကန္စြာ အားထုတ္သည့္ ေယာဂီအဖို႔လည္း သိႏိုင္သည္။

 

စကၡဳပသာဒက စကၡဳ၀ိညာဏ္ကို ေက်းဇူးျပဳရာတြင္ ၄-ပစၥည္းရွိ၏

(ည-၁ ) မ်က္စိအၾကည္႐ုပ္လည္း ရွိရမည္၊ အဆင္း႐ူပါ႐ံုလည္း ရွိရမည္၊ ထိုႏွစ္ခုဆံုမွသာ ျမင္သိစိတ္ ျဖစ္ေပေတာ့မည္။ ဤသို႔အေၾကာင္းမဆံုႏိုင္ပါက ျမင္သိစိတ္ မျဖစ္ေပၚႏိုင္ပါ။ စႏၵယားတီးသည့္ ဥပမာျပရလွ်င္ စႏၵယားႀကိဳး လည္း ရွိရမည္၊ စႏၵယားခလုတ္လည္း ရွိရမည္။ ထိုအေၾကာင္းတရားမ်ားေပၚ အမွီ Base ျပဳၿပီး စႏၵယားသံ ထြက္ေပၚလာျခင္း ျဖစ္သကဲ့သို႔ မ်က္စိအၾကည္႐ုပ္ကို အမွီျပဳၿပီး ျမင္သိစိတ္ ျဖစ္ေပၚလာျခင္း ျဖစ္သည္။

(ည-၂)  စကၡဳပသာဒက စကၡဳ၀ိညာဏ္ကို ၅-ပစၥည္းျဖင့္ ေက်းဇူးျပဳပါသည္။ ၎တို႔မွာ –

               ၁- နိႆယပစၥည္း၊ ၂-ပုေရဇာတပစၥည္း၊ ၃-အတၳိပစၥည္း၊ ၄-အ၀ိဂတပစၥည္းႏွင့္ ၅-ဣႁႏိၵယပစၥည္းတို႔ ျဖစ္၏။

              ၂- စကၡာယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ နိႆယပစၥေယန ပစၥေယာ။

              ၃- စကၡာယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ ပုေရဇာတပစၥေယန ပစၥေယာ။

               ၄- စကၡာယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ အတၳိပစၥေယန ပစၥေယာ။

               ၅- စကၡာယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ အ၀ိဂတပစၥေယန ပစၥေယာ။

               ၆- စကၡဳႁႏၵိယံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ ဣႁႏၵိယပစၥေယန ပစၥေယာ။

(ည-၃ ) ပ႒ာန္းပစၥယနိေဒၵသတြင္ စကၡဳပသာဒက စကၡဳ၀ိညာဏ္ကို ေက်းဇူးျပဳရာတြင္ ၅-ပစၥည္းရွိရာ –

           ၁- နိႆယပစၥည္းျဖင့္ ေက်းဇူးျပဳျခင္းဟူသည္ support condition စကၡဳပသာဒက မွီရာနိႆယအျဖစ္ျဖင့္ ေက်းဇူးျပဳျခင္း ျဖစ္သည္။

          ၂- ပုေရဇာတပစၥည္းျဖင့္ ေက်းဇူးျပဳျခင္းဟူသည္ စကၡဳပသာဒက Born earlier ေရွ႕ကျဖစ္ႏွင့္ၿပီး  ေက်းဇူးျပဳျခင္း ျဖစ္သည္။

          ၃- အတၳိပစၥည္းျဖင့္ ေက်းဇူးျပဳျခင္းဟူသည္ စကၡဳပသာဒ မခ်ဳပ္ေသးခင္ ထင္ရွားရွိဆဲကာလ Presence condition တြင္ ေက်းဇူးျပဳျခင္း ျဖစ္သည္။

          ၄- အ၀ိဂတျဖင့္ ေက်းဇူးျပဳျခင္းဟူသည္ စကၡဳပသာဒက စကၡဳ၀ိညာဏ္ကို ေက်းဇူးျပဳေသာအခါ စကၡဳပသာဒက ေရွးဦးစြာျဖစ္ၿပီး ထင္ရွားရွိေန႐ံုသာမက မကင္းႏိုင္သည့္သေဘာ non-disappearance condition ျဖင့္ ေက်းဇူးျပဳျခင္း ျဖစ္သည္။ 

          ၅- ဣႁႏၵိယပစၥည္းျဖင့္ ေက်းဇူးျပဳျခင္းဟူသည္ ျမင္ျခင္းကိစၥတြင္ စကၡဳပသာဒက Faculty condition  အစိုးရျခင္း ျဖင့္ ျမင္သိစိတ္ကို ေက်းဇူးျပဳသည္။

 

ျဖစ္တူ၊ ပ်က္တူ၊ အာ႐ံုတူ၊ မွီရာတူ

( ဋ-၁)  စကၡဳပသာဒက ႐ုပ္တရားျဖစ္ၿပီး၊ စကၡဳ၀ိညာဏ္က နာမ္တရားျဖစ္ပါသည္။ ႐ုပ္ႏွင့္နာမ္၊ နာမ္ႏွင့္ ႐ုပ္တို႔ ေက်းဇူးျပဳရာတြင္ သမၸယုတၱယွဥ္စပ္၍ ေက်းဇူးမျပဳပါ အေၾကာင္းမွာ “႐ူပိေနာ ဓမၼာ အ႐ူပီနံ ဓမၼာနံ ၀ိပၸယုတၱပစၥေယန ပစၥေယာ”ဟု ေဟာေတာ္မူပါသည္။

( ဋ-၂ ) သမၸယုတၱတရား၌ ျဖစ္လည္းတူတူ၊ ပ်က္လည္းတူတူ၊ အာ႐ံုတူတူ၊ မွီရာလည္းတူဟူေသာ တူ ၄-ခ်က္ ျပည့္စံုရပါမည္။

( ဋ-၃ ) စကၡဳ၀ိညာဏ္ႏွင့္ စကၡဳပသာဒတို႔ ေက်းဇူးျပဳရာတြင္ စကၡဳ၀ိညာဏ္က စိတၱခဏ ၄-ခ်က္လြန္မွ ျဖစ္သျဖင့္ ျဖစ္တာတူတူ မရေတာ့ပါ။ စကၡဳ၀ိညာဏ္က ျဖစ္၊ တည္၊ ပ်က္ ခ်ဳပ္သြားေသာ္လည္း ၀တၳဳ႐ုပ္က မခ်ဳပ္ေသး သျဖင့္ ပ်က္တာတူတူလည္း မရပါ။ ထို႔ေၾကာင့္ သမၸယုတၱတရားမရဘဲ ၀ိပၸယုတၱသာရျခင္း ျဖစ္ပါသည္။

( ဋ-၄ ) ေသာတပသာဒ၊ ဃာနပသာဒ၊ ဇိ၀ွါပသာဒႏွင့္ ကာယပသာဒတို႔ကိုလည္း စကၡဳပသာဒနည္းတူ ယူပါေလ။

( ဋ-၅ ) မေနာဓာတုႏွင့္ မေနာ၀ိညာဏဓာတုအေၾကာင္း ‘ယံ ႐ူပံ နိႆာယ မေနာဓာတုစ မေနာ၀ိညာဏဓာတု စ ၀တၱႏၲိ၊ တံ ႐ူပံ မေနာဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ ပုေရဇာတပစၥေယန ပစၥေယာ’

          ၁- မေနာဓာတု = မေနာဓာတ္ = သမၸဋိစၦိဳင္း = အာ႐ံုကို လက္ခံသည့္စိတ္ = သိ႐ံုမွ်သိ႐ံုမွ်သာ

          ၂- မေနာ၀ိညာဏဓာတု = မေနာ၀ိညာဏဓာတ္ = သႏၲီရဏစိတ္ = အားရွိပါးရွိ ထိထိမိမိအသိဆံုးစိတ္

          ၃- ၀ုေ႒ာ = မေနာ၏ဒြါရ၀ဇၨန္းစိတ္

( ဋ-၆ ) ပဋိသေႏၶေနာက္ ဘ၀င္ ၁၆-ႀကိမ္ ျဖစ္ပါသည္။ လူ႕ဘ၀၌ ပထမ ပဋိသေႏၶစိတ္ျဖစ္ပါက မဟာ၀ိပါက္စိတ္ ျဖစ္မည္။ မဟာ၀ိပါက္စိတ္သည္ မေနာ၀ိညာဏဓာတ္ ျဖစ္သည္။

          ထို႔ေၾကာင့္ မဟာ၀ိပါက္စိတ္ = မေနာ၀ိညာဏဓာတ္

႐ုပ္တရားႏွင့္ နာမ္တရား

( ဌ-၁ ) စကၡဳပသာဒအၾကည္က ႐ုပ္တရားျဖစ္ပါသည္။ စကၡဳ၀တၳဳကလည္း ႐ုပ္တရားျဖစ္သည္။ ၎င္းကိုမွီၿပီး ျဖစ္ေပၚ လာသည့္ ျမင္သိစိတ္၊ ၾကားသိစိတ္၊ နံသိစိတ္၊ ထိသိစိတ္တို႔က နာမ္တရား ျဖစ္ပါသည္။

(ဌ-၂)   ပုေရဇာတပစၥည္းကို ေလ့လာျခင္းအားျဖင့္ ႐ုပ္တရားႏွင့္ နာမ္တရားတို႔သည္ ယခုကဲ့သို႔ အျပန္အလွန္ အမွီသဟဲ ျပဳေနေၾကာင္း ကဲြကဲြျပားျပား နားလည္လာသည္ကို နာမ႐ူပ ပရိေစၦဒဉာဏ္ဟု ေခၚပါသည္။

(ဌ-၃)   ဤပသာဒအၾကည္႐ုပ္ႏွင့္ ႐ူပါ႐ံုအဆင္းဟူေသာ အေၾကာင္းေၾကာင့္ ျမင္သိစိတ္ဟူေသာ အက်ဳိးတရား ေပၚေနျခင္း ဉာဏ္သက္၀င္လာႏိုင္ျခင္းကို ပစၥယပရိဂၢဟဉာဏ္ဟု ေခၚပါသည္။

(ဌ-၄)   အ႒ကထာဆရာအရွင္ျဖစ္ေတာ္မူေသာ အရွင္မဟာဗုဒၶေဃာသက ဤနာမ႐ူပ ပရိေစၦဒဉာဏ္ႏွင့္ ပစၥယ ပရိဂၢဟဉာဏ္ႏွစ္ပါး ျပည့္စံုသူကို “ဣမိနာ ပန ဉာေဏန သမႏၷဂေတာ ၀ိပႆေကာ ဗုဒၶသာသေန လဒၶႆာေသာ လဒၶပတိေ႒ာ နိယတဂတိေတာ စူဠေသာတာပေႏၷာ နာမ ေဟာတိ” သာသနာေတာ္၌ ရပ္တည္ရာရသြားသူ၊ သက္သာရာရသြားသူ ေသာတာပန္ အငယ္စားဟု တင္စားေတာ္မူပါသည္။ ႏိုင္ငံေတာ္ သံဃနာယကဥကၠ႒ ဗန္းေမာ္ဆရာေတာ္က “အခုလိုပ႒ာန္းတရားေတြ သင္ယူနာၾကားၿပီး ပစၥယပရိဂၢဟ ဉာဏ္ျဖစ္တဲ့အတြက္ ရဟႏၲာျဖစ္တဲ့ဘ၀မွာ ပဋိသမၻီဒါပတၱ ရဟႏၲာျဖစ္ႏိုင္တယ္”ဟု မိန္႔ေတာ္မူဖူးပါသည္။

( ဌ-၅ ) အာရမၼဏပုေရဇာတ ဟူသည္ ေရွးကျဖစ္ႏွင့္သည့္ အာ႐ံု (Object) အျဖစ္ႏွင့္ ေက်းဇူးျပဳျခင္း ျဖစ္ပါသည္။ ထို႔ေၾကာင့္ မ်က္စိပသာဒ အၾကည္႐ုပ္မ်ားသာ ေရွးကျဖစ္ႏွင့္ရသည္ မဟုတ္ဘဲ အာ႐ံုကလည္း ႀကိဳတင္ ျဖစ္ႏွင့္ရပါသည္။

(ဌ-၆)   ပစၥယနိေဒၵသပါဠိေတာ္၌ “႐ူပါယတနံ စကၡဳ၀ိညာဏဓာတုယာ တံသမၸယုတၱကာနဥၥ ဓမၼာနံ ပုေရဇာတ-ပစၥေယန ပစၥေယာ”ဟု လာရွိပါသည္။ ဆိုလိုသည္မွာ အဆင္းအာ႐ံုက ျမင္သိစိတ္ကို ပုေရဇာတသတၱိႏွင့္ ေက်းဇူးျပဳ၏။ ႐ူပါ႐ံုက အတီတဘ၀င္ ဥပါဒ္ခဏမွစ၍အရင္ Born earlier ျဖစ္ႏွင့္ၿပီး၊ စကၡဳ၀ိညာဏ္ကို ေက်းဇူးျပဳပါသည္။ ၎ကို အာရမၼဏပုေရဇာတဟု ေခၚသည္။

(ဌ-၇)   ထို႔ေၾကာင့္ ျမင္သိစိတ္ စကၡဳ၀ိညာဏျဖစ္ေပၚလာႏိုင္ရန္ တည္ရာမွီရာ Base အျဖစ္ ေက်းဇူးျပဳျခင္းကို ၀တၳဳပုေရဇာတ။ ျမင္သိစိတ္ စကၡဳ၀ိညာဏျဖစ္ေပၚလာႏိုင္ရန္ အာ႐ံု Object အျဖစ္ ေက်းဇူးျပဳျခင္းကို အာရမၼဏပုေရဇာတ ျဖစ္ပါသည္။ က်န္သည့္ နား၊ ႏွာေခါင္း၌ ၾကားသိစိတ္၊ နံသိစိတ္တို႔ကိုလည္း အလားတူ နားလည္ရပါမည္။

 (ဌ-၈)  ယခုကဲ့သို႔ နားလည္လာသူအေနျဖင့္ ျမတ္စြာဘုရား ေဟာၾကားေတာ္မူသည့္-

          ‘ေနတံ မမ ေနေသာဟမသၼိ န ေမေသာ အတၱာ’

          ဤခႏၶာငါးပါးအစုအေ၀းႀကီးသည္ ‘ေနတံ မမ’ ငါ့ဥစၥာမဟုတ္၊

          ဤခႏၶာငါးပါးအစုအေ၀းႀကီးသည္ ‘ေနေသာဟမသၼိ’ ငါမဟုတ္၊

          ဤခႏၶာငါးပါးအစုအေ၀းႀကီးသည္ ‘န ေမေသာ အတၱာ’ ငါ၏အတၱမဟုတ္ဟု နားလည္ရန္ လမ္းစေပၚလာ ေပလိမ့္မည္။

( ဌ-၉)  “အေၾကာင္းစံုမွ ျဖစ္လာၿပီး တခဏမွ မတည္တန္႔ဘဲ ပ်က္ေနတဲ့ သဘာ၀တရားသက္သက္ Nature  phenomena ပါလား ၿမဲေနတာလည္း မရွိပါလား၊ ငါ့ဥစၥာလို႔လည္း ေျပာမရ၊ ငါလည္းမဟုတ္”ဟု တစ္ခ်ိန္ခ်ိန္ နားလည္ရန္ လမ္းစေပၚႏိုင္သည္။ ထို႔ေၾကာင့္ ပ႒ာန္း ၂၄-ပစၥည္းသည္ ခႏၶာငါပါး သဘာ၀ဓမၼကို ေဖၚျပသည့္ ၀ိပႆနာတရား ႐ႈမွတ္ရန္ လမ္းညႊန္မ်ားေပတည္း။

 

 ပုေရဇာတပစၥည္း၊ ပစၥယုပၸန္၊ သုဒၶသခ်ၤာႏွင့္ မ်ဳိးတူပစၥည္း

(ဍ-၁  )           ၀တၳဳပုေရဇာတ၌ ပစၥည္းဟူေသာအေၾကာင္းတရားမွာ စကၡဳ၀တၳဳ၊ ေသာတ၀တၳဳ၊ ဃာန၀တၳဳ၊ ဇိ၀ွါ၀တၳဳ၊ ကာယ၀တၳဳ၊ ဟဒယ၀တၳဳ ဟူ၍ ၀တၳဳ႐ုပ္ ၆-မ်ဳိးျဖစ္၏။

(ဍ-၂)   အာရမၼဏပုေရဇာတ၌ ပစၥည္းဟူေသာအေၾကာင္းတရားမွာ ႐ူပါ႐ံု၊ သဒၵါ႐ံု၊ ဂႏၶာ႐ံု၊ ရသာ႐ံု၊ ေဖာ႒ဗၺာ႐ံု ဟူ၍ အာ႐ံု႐ုပ္ ၅-ပါးျဖစ္၏။

(ဍ-၃ ) ၀တၳဳပုေရဇာတ၌ ပစၥယုပၸန္ဟူေသာအက်ဳိးတရားမွာ စကၡဳ၀ိညာဏဓာတ္၊ ေသာတ၀ိညာဏဓာတ္၊ ဃာန  ၀ိညာဏဓာတ္၊ ဇိ၀ွါ၀ိညာဏဓာတ္၊ ကာယ၀ိညာဏဓာတ္၊ မေနာဓာတ္၊ မေနာ၀ိညာဏဓာတ္ ၇-ပါးႏွင့္ ယွဥ္ဖက္ေစတသိက္မ်ား၊

(ဍ-၄ ) အာရမၼဏပုေရဇာတ၌ ပစၥယုပၸန္ဟူေသာ အက်ဳိးတရားမွာ ၀ိညာဏဓာတ္ ၆-ပါးႏွင့္ ယွဥ္ဖက္ေစတသိက္မ်ား။

(ဍ-၅ )  ပုေရဇာတပစၥည္း၏ သုဒၶသခ်ၤာမွာ ၃-ျဖစ္၏။ ပုေရဇာေတ တီဏိ။

( ဍ-၆ ) ပုေရဇာတႏွင့္မ်ဳိးတူသည့္ ပစၥည္းမွာ (၀တၳဳပုေရဇာတ)၌ ၆-ပါးျဖစ္ပါသည္။ ၎တို႔မွာ ၁-ပုေရဇာတ၊                  ၂-နိႆယ၊ ၃-ဣႁႏၵိယ၊ ၄-၀ိပၸယုတၱ၊ ၅-အတၳိ၊ ၆-အ၀ိဂတ တို႔ ျဖစ္ပါသည္။

(ဍ-၇)   အာရမၼဏပုေရဇာတ၌ ၇-ပါး ျဖစ္ပါသည္။ ၎င္းတို႔မွာ ၁-ပုေရဇာတ၊ ၂-အာရမၼဏ၊ ၃-အဓိပတိ၊                  ၄-နိႆယ၊ ၅-ဥပနိႆယ၊ ၆-၀ိပၸယုတၱ၊ ၇-အတၳိ တို႔ ျဖစ္ပါသည္။

(ဍ-၈)   ၀တၳဳပုေရဇာတႏွင့္ အာရမၼဏပုေရဇာတတို႕၌ ပါ၀င္သည့္ ပစၥည္းမ်ားအနက္ တူရာ၊ တူရာ ၈-ပါးသာ ရွိပါသည္။

 

 

၁၀- ပုရေဇာတပစ္စယော Purejāta Paccayo (Prenascence condition) (5 of 5) pyidaungsu – unicode

ရုပ်သက်တမ်းနှင့် စိတ်သက်တမ်း

(ဈ-၁) ဤနေရာတွင် ရုပ်၏သက်တမ်းနှင့် စိတ်၏သက်တမ်းတို့ကို ထပ်မံ၍ ပြဆိုပါဦၤးမည်။ ရုပ်၏ သက်တမ်းသည် စိတ္တခဏ ၁၇-ချက်(ဝါ) = ခဏငယ် ၅၁-ချက် မျှသာရှိ၏။ ရုပ်၏ အသက်ကို တိတိကျကျ ပြရလျှင် အတီတဘဝင်၏ ဥပါဒ်ခဏမှ စတင်ဖြစ်လာသည့် ရူပါရုံသည် ဒုတိယတဒါရုံစိတ်၏ ဘင်ခဏ၌ ချုပ်ပျောက် သွားပါသည်။

(ဈ-၂) တစ်နည်း ထပ်မံရှင်းပြရသော် Mental process တွင် မျက်စိနှင့် အဆင်းဆုံကာမျှဖြင့် မြင်သိစိတ် စက္ခုဝိညာဏ် မပေါ်နိုင်သေးကြောင်း ဦးစွာ သတိပြုရပါမည်။

(ဈ-၃) “တီ၊ န၊ ဒ၊ ပ၊ စ” တီ=အတီတဘဝင်၊ န=ဘဝင်္ဂစလန၊ ဒ=ဘဝင်္ဂုပစ္ဆေဒ၊ ပ=ပဉ္စဒွါရဝဇ္ဇန်းပြီးမှသာ စက္ခု ဝိညာဏ် မြင်သိစိတ် ပေါ်ပေါက်လာ၏။ ထို့ကြောင့် မြင်သိစိတ်ပေါ်ရန် ရှေ့တွင် တီ၊ န၊ ဒ၊ ပ ဟူသော Mental process ထဲမှ စိတ္တခဏ ၄-ချက် ဖြစ်ပေါ်ပေးရပါသည်။

(ဈ-၄) လက်ဖျောက်တစ်တွက်တီး ကုဋေတစ်သန်းနှုံးဖြင့် ပေါ်ပြီးပျောက်၊ ဖြစ်ပေါ်လာပြီးချုပ်နေသော ဟူသော process ၏ အလွန့်အလွန် တိုတောင်းလှပြီး၊ ဂဏန်းချပြရန်ပင် မဖြစ်နိုင်လောက်အောင် ကာလတိုကလေး ဖြစ်သော စိတ္တခဏ ၄-ချက်စော၍ ပုရေဇာတ Born earlier ကြိုတင်ဖြစ်နှင့်၍ ကျေးဇူးပြုသည်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပစ္စနိဒ္ဒေသ ပါဠိတော်တွင် “စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနÍ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော”ဟု လာရှိပါသည်။ စက္ခုဝတ္ထုက စက္ခုဝိညာဏကို ပုရေဇာတသတ္တိဖြင့် ကျေးဇူးပြု၏။

(ဈ-၅) ထို့ကြောင့် မျက်စိအကြည် စက္ခုပသာဒရုပ်၏ သက်တမ်းသည်လည်း ဤမျှသာ ရှိပေသည်။ စိတ္တခဏတိုင်း၊ စိတ္တခဏတိုင်း၌ စက္ခုပသာဒရုပ်များ အသစ်အသစ်ဖြစ်နေသဖြင့် တဆက်တည်း ထင်ရလောက်အောင် မြင်နေရခြင်း ဖြစ်၏။ စာပေကျမ်းဂန် ဗဟုသုတအနေဖြင့် ဝီထိပိုင်း Mental process ကို သိရှိသူအဖို့ နားလည်ရန် မခက်ခဲနိုင်ပါ။ ဝိပဿနာတရားကို နည်းစနစ် မှန်ကန်စွာ အားထုတ်သည့် ယောဂီအဖို့လည်း သိနိုင်သည်။

စက္ခုပသာဒက စက္ခုဝိညာဏ်ကို ကျေးဇူးပြုရာတွင် ၄-ပစ္စည်းရှိ၏

(ည-၁ ) မျက်စိအကြည်ရုပ်လည်း ရှိရမည်၊ အဆင်းရူပါရုံလည်း ရှိရမည်၊ ထိုနှစ်ခုဆုံမှသာ မြင်သိစိတ် ဖြစ်ပေတော့မည်။ ဤသို့အကြောင်းမဆုံနိုင်ပါက မြင်သိစိတ် မဖြစ်ပေါ်နိုင်ပါ။ စန္ဒယားတီးသည့် ဥပမာပြရလျှင် စန္ဒယားကြိုး လည်း ရှိရမည်၊ စန္ဒယားခလုတ်လည်း ရှိရမည်။ ထိုအကြောင်းတရားများပေါ် အမှီ Base ပြုပြီး စန္ဒယားသံ ထွက်ပေါ်လာခြင်း ဖြစ်သကဲ့သို့ မျက်စိအကြည်ရုပ်ကို အမှီပြုပြီး မြင်သိစိတ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

(ည-၂) စက္ခုပသာဒက စက္ခုဝိညာဏ်ကို ၅-ပစ္စည်းဖြင့် ကျေးဇူးပြုပါသည်။ ၎င်းတို့မှာ –

၁- နိဿယပစ္စည်း၊ ၂-ပုရေဇာတပစ္စည်း၊ ၃-အတ္ထိပစ္စည်း၊ ၄-အဝိဂတပစ္စည်းနှင့် ၅-ဣနြ္ဒိယပစ္စည်းတို့ ဖြစ်၏။

၂- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ နိဿယပစ္စယေန ပစ္စယော။

၃- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော။

၄- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အတ္ထိပစ္စယေန ပစ္စယော။

၅- စက္ခာယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ အဝိဂတပစ္စယေန ပစ္စယော။

၆- စက္ခုန္ဒြိယံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။


(ည-၃ ) ပဋ္ဌာန်းပစ္စယနိဒ္ဒေသတွင် စက္ခုပသာဒက စက္ခုဝိညာဏ်ကို ကျေးဇူးပြုရာတွင် ၅-ပစ္စည်းရှိရာ –

၁- နိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် support condition စက္ခုပသာဒက မှီရာနိဿယအဖြစ်ဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။

၂- ပုရေဇာတပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် စက္ခုပသာဒက Born earlier ရှေ့ကဖြစ်နှင့်ပြီး ကျေးဇူးပြုခြင်း ဖြစ်သည်။

၃- အတ္ထိပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် စက္ခုပသာဒ မချုပ်သေးခင် ထင်ရှားရှိဆဲကာလ Presence condition တွင် ကျေးဇူးပြုခြင်း ဖြစ်သည်။

၄- အဝိဂတဖြင့် ကျေးဇူးပြုခြင်းဟူသည် စက္ခုပသာဒက စက္ခုဝိညာဏ်ကို ကျေးဇူးပြုသောအခါ စက္ခုပသာဒက ရှေးဦးစွာဖြစ်ပြီး ထင်ရှားရှိနေရုံသာမက မကင်းနိုင်သည့်သဘော non-disappearance condition ဖြင့် ကျေးဇူးပြုခြင်း ဖြစ်သည်။

၅- ဣန္ဒြိယပစ္စည်းဖြင့် ကျေးဇူးပြုခြင်းဟူသည် မြင်ခြင်းကိစ္စတွင် စက္ခုပသာဒက Faculty condition အစိုးရခြင်း ဖြင့် မြင်သိစိတ်ကို ကျေးဇူးပြုသည်။

ဖြစ်တူ၊ ပျက်တူ၊ အာရုံတူ၊ မှီရာတူ

( ဋ-၁) စက္ခုပသာဒက ရုပ်တရားဖြစ်ပြီး၊ စက္ခုဝိညာဏ်က နာမ်တရားဖြစ်ပါသည်။ ရုပ်နှင့်နာမ်၊ နာမ်နှင့် ရုပ်တို့ ကျေးဇူးပြုရာတွင် သမ္ပယုတ္တယှဉ်စပ်၍ ကျေးဇူးမပြုပါ အကြောင်းမှာ “ရူပိနော ဓမ္မာ အရူပီနံ ဓမ္မာနံ ဝိပ္ပယုတ္တပစ္စယေန ပစ္စယော”ဟု ဟောတော်မူပါသည်။

( ဋ-၂ ) သမ္ပယုတ္တတရား၌ ဖြစ်လည်းတူတူ၊ ပျက်လည်းတူတူ၊ အာရုံတူတူ၊ မှီရာလည်းတူဟူသော တူ ၄-ချက် ပြည့်စုံရပါမည်။

( ဋ-၃ ) စက္ခုဝိညာဏ်နှင့် စက္ခုပသာဒတို့ ကျေးဇူးပြုရာတွင် စက္ခုဝိညာဏ်က စိတ္တခဏ ၄-ချက်လွန်မှ ဖြစ်သဖြင့် ဖြစ်တာတူတူ မရတော့ပါ။ စက္ခုဝိညာဏ်က ဖြစ်၊ တည်၊ ပျက် ချုပ်သွားသော်လည်း ဝတ္ထုရုပ်က မချုပ်သေး သဖြင့် ပျက်တာတူတူလည်း မရပါ။ ထို့ကြောင့် သမ္ပယုတ္တတရားမရဘဲ ဝိပ္ပယုတ္တသာရခြင်း ဖြစ်ပါသည်။

( ဋ-၄ ) သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပသာဒနှင့် ကာယပသာဒတို့ကိုလည်း စက္ခုပသာဒနည်းတူ ယူပါလေ။

( ဋ-၅ ) မနောဓာတုနှင့် မနောဝိညာဏဓာတုအကြောင်း ‘ယံ ရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတု စ ဝတ္တန္တိ၊ တံ ရူပံ မနောဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတပစ္စယေန ပစ္စယော’

၁- မနောဓာတု = မနောဓာတ် = သမ္ပဋိစ္ဆိုင်း = အာရုံကို လက်ခံသည့်စိတ် = သိရုံမျှသိရုံမျှသာ

၂- မနောဝိညာဏဓာတု = မနောဝိညာဏဓာတ် = သန္တီရဏစိတ် = အားရှိပါးရှိ ထိထိမိမိအသိဆုံးစိတ်

၃- ဝုဋ္ဌော = မနော၏ဒွါရဝဇ္ဇန်းစိတ်

( ဋ-၆ ) ပဋိသန္ဓေနောက် ဘဝင် ၁၆-ကြိမ် ဖြစ်ပါသည်။ လူ့ဘဝ၌ ပထမ ပဋိသန္ဓေစိတ်ဖြစ်ပါက မဟာဝိပါက်စိတ် ဖြစ်မည်။ မဟာဝိပါက်စိတ်သည် မနောဝိညာဏဓာတ် ဖြစ်သည်။

ထို့ကြောင့် မဟာဝိပါက်စိတ် = မနောဝိညာဏဓာတ်


ရုပ်တရားနှင့် နာမ်တရား

( ဌ-၁ ) စက္ခုပသာဒအကြည်က ရုပ်တရားဖြစ်ပါသည်။ စက္ခုဝတ္ထုကလည်း ရုပ်တရားဖြစ်သည်။ ၎င်းင်းကိုမှီပြီး ဖြစ်ပေါ် လာသည့် မြင်သိစိတ်၊ ကြားသိစိတ်၊ နံသိစိတ်၊ ထိသိစိတ်တို့က နာမ်တရား ဖြစ်ပါသည်။

(ဌ-၂) ပုရေဇာတပစ္စည်းကို လေ့လာခြင်းအားဖြင့် ရုပ်တရားနှင့် နာမ်တရားတို့သည် ယခုကဲ့သို့ အပြန်အလှန် အမှီသဟဲ ပြုနေကြောင်း ကွဲကွဲပြားပြား နားလည်လာသည်ကို နာမရူပ ပရိစ္ဆေဒဉာဏ်ဟု ခေါ်ပါသည်။

(ဌ-၃) ဤပသာဒအကြည်ရုပ်နှင့် ရူပါရုံအဆင်းဟူသော အကြောင်းကြောင့် မြင်သိစိတ်ဟူသော အကျိုးတရား ပေါ်နေခြင်း ဉာဏ်သက်ဝင်လာနိုင်ခြင်းကို ပစ္စယပရိဂ္ဂဟဉာဏ်ဟု ခေါ်ပါသည်။

(ဌ-၄) အဋ္ဌကထာဆရာအရှင်ဖြစ်တော်မူသော အရှင်မဟာဗုဒ္ဓဃောသက ဤနာမရူပ ပရိစ္ဆေဒဉာဏ်နှင့် ပစ္စယ ပရိဂ္ဂဟဉာဏ်နှစ်ပါး ပြည့်စုံသူကို “ဣမိနာ ပန ဉာဏေန သမန္နဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိတော စူဠသောတာပန္နော နာမ ဟောတိ” သာသနာတော်၌ ရပ်တည်ရာရသွားသူ၊ သက်သာရာရသွားသူ သောတာပန် အငယ်စားဟု တင်စားတော်မူပါသည်။ နိုင်ငံတော် သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်က “အခုလိုပဋ္ဌာန်းတရားတွေ သင်ယူနာကြားပြီး ပစ္စယပရိဂ္ဂဟ ဉာဏ်ဖြစ်တဲ့အတွက် ရဟန္တာဖြစ်တဲ့ဘဝမှာ ပဋိသမ္ဘီဒါပတ္တ ရဟန္တာဖြစ်နိုင်တယ်”ဟု မိန့်တော်မူဖူးပါသည်။

( ဌ-၅ ) အာရမ္မဏပုရေဇာတ ဟူသည် ရှေးကဖြစ်နှင့်သည့် အာရုံ (Object) အဖြစ်နှင့် ကျေးဇူးပြုခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မျက်စိပသာဒ အကြည်ရုပ်များသာ ရှေးကဖြစ်နှင့်ရသည် မဟုတ်ဘဲ အာရုံကလည်း ကြိုတင် ဖြစ်နှင့်ရပါသည်။

(ဌ-၆) ပစ္စယနိဒ္ဒေသပါဠိတော်၌ “ရူပါယတနံ စက္ခုဝိညာဏဓာတုယာ တံသမ္ပယုတ္တကာနဉ္စ ဓမ္မာနံ ပုရေဇာတ-ပစ္စယေန ပစ္စယော”ဟု လာရှိပါသည်။ ဆိုလိုသည်မှာ အဆင်းအာရုံက မြင်သိစိတ်ကို ပုရေဇာတသတ္တိနှင့် ကျေးဇူးပြု၏။ ရူပါရုံက အတီတဘဝင် ဥပါဒ်ခဏမှစ၍အရင် Born earlier ဖြစ်နှင့်ပြီး၊ စက္ခုဝိညာဏ်ကို ကျေးဇူးပြုပါသည်။ ၎င်းကို အာရမ္မဏပုရေဇာတဟု ခေါ်သည်။

(ဌ-၇) ထို့ကြောင့် မြင်သိစိတ် စက္ခုဝိညာဏဖြစ်ပေါ်လာနိုင်ရန် တည်ရာမှီရာ Base အဖြစ် ကျေးဇူးပြုခြင်းကို ဝတ္ထုပုရေဇာတ။ မြင်သိစိတ် စက္ခုဝိညာဏဖြစ်ပေါ်လာနိုင်ရန် အာရုံ Object အဖြစ် ကျေးဇူးပြုခြင်းကို အာရမ္မဏပုရေဇာတ ဖြစ်ပါသည်။ ကျန်သည့် နား၊ နှာခေါင်း၌ ကြားသိစိတ်၊ နံသိစိတ်တို့ကိုလည်း အလားတူ နားလည်ရပါမည်။


(ဌ-၈) ယခုကဲ့သို့ နားလည်လာသူအနေဖြင့် မြတ်စွာဘုရား ဟောကြားတော်မူသည့်-

‘နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာ’

ဤခန္ဓာငါးပါးအစုအဝေးကြီးသည် ‘နေတံ မမ’ ငါ့ဥစ္စာမဟုတ်၊

ဤခန္ဓာငါးပါးအစုအဝေးကြီးသည် ‘နေသောဟမသ္မိ’ ငါမဟုတ်၊

ဤခန္ဓာငါးပါးအစုအဝေးကြီးသည် ‘န မေသော အတ္တာ’ ငါ၏အတ္တမဟုတ်ဟု နားလည်ရန် လမ်းစပေါ်လာ ပေလိမ့်မည်။

( ဌ-၉) “အကြောင်းစုံမှ ဖြစ်လာပြီး တခဏမှ မတည်တန့်ဘဲ ပျက်နေတဲ့ သဘာဝတရားသက်သက် Nature phenomena ပါလား မြဲနေတာလည်း မရှိပါလား၊ ငါ့ဥစ္စာလို့လည်း ပြောမရ၊ ငါလည်းမဟုတ်”ဟု တစ်ချိန်ချိန် နားလည်ရန် လမ်းစပေါ်နိုင်သည်။ ထို့ကြောင့် ပဋ္ဌာန်း ၂၄-ပစ္စည်းသည် ခန္ဓာငါပါး သဘာဝဓမ္မကို ဖေါ်ပြသည့် ဝိပဿနာတရား ရှုမှတ်ရန် လမ်းညွှန်များပေတည်း။

ပုရေဇာတပစ္စည်း၊ ပစ္စယုပ္ပန်၊ သုဒ္ဓသင်္ချာနှင့် မျိုးတူပစ္စည်း

(ဍ-၁ ) ဝတ္ထုပုရေဇာတ၌ ပစ္စည်းဟူသောအကြောင်းတရားမှာ စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု၊ ဟဒယဝတ္ထု ဟူ၍ ဝတ္ထုရုပ် ၆-မျိုးဖြစ်၏။

(ဍ-၂) အာရမ္မဏပုရေဇာတ၌ ပစ္စည်းဟူသောအကြောင်းတရားမှာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ ဟူ၍ အာရုံရုပ် ၅-ပါးဖြစ်၏။


(ဍ-၃ ) ဝတ္ထုပုရေဇာတ၌ ပစ္စယုပ္ပန်ဟူသောအကျိုးတရားမှာ စက္ခုဝိညာဏဓာတ်၊ သောတဝိညာဏဓာတ်၊ ဃာန ဝိညာဏဓာတ်၊ ဇိဝှါဝိညာဏဓာတ်၊ ကာယဝိညာဏဓာတ်၊ မနောဓာတ်၊ မနောဝိညာဏဓာတ် ၇-ပါးနှင့် ယှဉ်ဖက်စေတသိက်များ၊

(ဍ-၄ ) အာရမ္မဏပုရေဇာတ၌ ပစ္စယုပ္ပန်ဟူသော အကျိုးတရားမှာ ဝိညာဏဓာတ် ၆-ပါးနှင့် ယှဉ်ဖက်စေတသိက်များ။

(ဍ-၅ ) ပုရေဇာတပစ္စည်း၏ သုဒ္ဓသင်္ချာမှာ ၃-ဖြစ်၏။ ပုရေဇာတေ တီဏိ။

( ဍ-၆ ) ပုရေဇာတနှင့်မျိုးတူသည့် ပစ္စည်းမှာ (ဝတ္ထုပုရေဇာတ)၌ ၆-ပါးဖြစ်ပါသည်။ ၎င်းတို့မှာ ၁-ပုရေဇာတ၊ ၂-နိဿယ၊ ၃-ဣန္ဒြိယ၊ ၄-ဝိပ္ပယုတ္တ၊ ၅-အတ္ထိ၊ ၆-အဝိဂတ တို့ ဖြစ်ပါသည်။

(ဍ-၇) အာရမ္မဏပုရေဇာတ၌ ၇-ပါး ဖြစ်ပါသည်။ ၎င်းင်းတို့မှာ ၁-ပုရေဇာတ၊ ၂-အာရမ္မဏ၊ ၃-အဓိပတိ၊ ၄-နိဿယ၊ ၅-ဥပနိဿယ၊ ၆-ဝိပ္ပယုတ္တ၊ ၇-အတ္ထိ တို့ ဖြစ်ပါသည်။

(ဍ-၈) ဝတ္ထုပုရေဇာတနှင့် အာရမ္မဏပုရေဇာတတို့၌ ပါဝင်သည့် ပစ္စည်းများအနက် တူရာ၊ တူရာ ၈-ပါးသာ ရှိပါသည်။

Comments are closed.