ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂-ဒီဇင္ဘာလ (၁၄၊ ၁၅)ရက္ စေန၊ တနဂၤေႏြေန႔ ႏွစ္ရက္
နံနက္ (၉)နာရီမွ ညေန (၄)နာရီထိ ပ႒ာန္းတရားေတာ္မ်ားကို
သင္ၾကားပို႔ခ်မည္ျဖစ္ပါသျဖင့္ ႀကိဳတင္ စာရင္းေပးသြင္းႏိုင္ပါရန္
ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္ေတာရေက်ာင္း
(ၿမိဳ႕ေတာ္၀န္က်ာင္း) ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၂- အာေသ၀နပစၥေယာ Āsevana Paccayo (Repetitive condition) (3 of 10)

၁၂- အာေသ၀နပစၥေယာ Āsevana Paccayo (Repetitive condition) (3 of 10)

Doing something again and again.

(က-၁) အာ  = အထပ္ထပ္အခါခါ  ေသ၀န= ထံုမြမ္းသည္၊ ပြားမ်ားသည္။ ေဇာတစ္ခုက ထိုေဇာမ်ဳိး ထပ္ခါထပ္ခါ ျဖစ္ေစသည္။ ပမာအားျဖင့္ ေရွ႕ကုသိုလ္ေဇာက ေနာက္ေနာက္ ေဇာကို ကုသိုလ္ျဖင့္ အထပ္ထပ္ ထံုမြမ္းျခင္းကို ဆိုလိုသည္။

(က-၂) Repetitive condition  =  အာေသ၀နပစၥည္း။ ‘အာေသ၀န စ ဗာလာနံ’၌ အာေသ၀န အဓိပၸါယ္မွာ မေပါင္းသင္းရဟု ဆိုလိုပါသည္။ ပ႒ာန္းတရားတြင္မူ အာေသ၀နဟူသည္ အထပ္ထပ္ ထံုမႊမ္းျခင္း Repetation.  Doing something again and again. ဟု အဓိပၸါယ္ရပါသည္။

(က-၃) ပမာျပရေသာ္ ေႏြအခါပူပူႀကီး၌ ေရခ်ဳိးရာ တစ္ဖလားေလာင္းေသာ္ မေအးေသးပါ။ ႏွစ္ဖလား ေလာင္းမေအးေသးပါ။ သံုးဖလား၊ေလးဖလား ငါဖလားဆက္ကာ ဆက္ကာ ေလာင္းေပးေသာ္အခါ ခႏၶာကိုယ္ ႀကီး တေျဖးေျဖး  ေအးလာသည့္ပမာတည္း။ ေရွ႕ေရဖလားမ်ား ကခႏၶာကိုယ္ေအး လာေစရန္ ေနာက္ေနာက္ ေရဖလားမ်ားကို ေက်းဇူးျပဳပါသည္။ အာေသ၀နပစၥည္းကို ဤဥပမာတို႕ျဖင့္လည္း နားလည္နိုင္မည္ ျဖစ္ပါ သည္။

(က-၄) အဖန္ဖန္ အထပ္ထပ္ ထံုမြမ္းျခင္းကို တစ္နည္းဥပမာ ထပ္ေပးရေသာ္ န႔ံသာၾကဳတ္ထဲ အ၀တ္အစား ထည့္ထားပါက ကာလၾကာေလ ပို၍ပို၍ ေမြးႀကိဳင္လာေလ၊ ကာလၾကာေလ ပို၍ပို၍ ေမြးႀကိဳင္လာေလ ျဖစ္ပါသည္။ ဤတြင္ ေရွးေရွး အေမြးအႀကိဳင္ထံုမြမ္းမႈက ေနာက္ေနာက္အေမြးအႀကိဳင္ ထံုမြမ္းမႈကို အားရွိ ေစပါသည္။

(က-၅) အာေသ၀နပစၥည္းကို ေလာကအျမင္ျဖင့္ ေလ့လာလွ်င္လည္း နားလည္လြယ္ပါသည္။ ကာလရွည္ၾကာ အဖန္ဖန္ အထပ္ထပ္လုပ္ေနပါက အားေကာင္းလာမည္ ျဖစ္ပါသည္။

 (က-၆) Musical instrument တခုခုတီးခတ္သည္ႏွင့္ ပမာျပဳနိုင္ပါသည္။  အစ၌အတီး အမွဳတ္ကို ေလ့က်င့္ ေနရၿပီး ေနာက္ပိုင္းကာလတြင္ တီးမွဳတ္ေနျခင္းကပင္ ေလ့က်င့္ေနျခင္း ျဖစ္ေပေတာ့သည္။ အႀကိမ္မ်ားမ်ား  တီးမွဳတ္ေလ ကြၽမ္းက်င္လာေလေပတည္း။ ဤသည္ကို အာေသ၀နႏွင့္ ပမာျပဳကာ ေလ့လာနိုင္မည္ ျဖစ္ပါသည္။

(က-၇) ကုသိုလ္ေဇာသည္ ကုသိုလ္ေဇာကိုလည္းေကာင္း၊ အကုသိုလ္ေဇာသည္ အကုသိုလ္ေဇာကိုလည္း ေကာင္း အားေကာင္းသည္ထက္ အားေကာင္းေအာင္ အာေသ၀နသတၱိျဖင့္ အဖန္ဖန္ အထပ္ထပ္ ထံုမႊမ္းကာ အားျဖည့္ေပးပါသည္။ ဥပမာ-ေရွးေရွးသင္ၾကားမႈသည္ ေနာက္ေနာက္ သင္ၾကားမႈကို လြယ္ကူလာေစရန္ ေက်းဇူးျပဳသကဲ့သို႔ ျဖစ္ပါသည္။    

(က-၈) It is compared to previous learning. You learn something now and then later some other  thing. The first learning reinforces your second learning. The second learning reinforces the third learning and so on.

(က-၉) ေလာကီ စ်ာန္ တန္ခိုး အဘိညာဥ္  မဂ္ ဖိုလ္ရမႈ ပါရမီျပည့္မႈတို႕ဟူသည္ အာေသ၀န ပစၥည္းပင္တည္း။

(က-၁၀) ကုသိုလ္၊ အကုသိုလ္တို႕ အေၾကာင္းအေထာက္အပ့ံႀကီးစြာရၿပီး အက်ဳိးျဖစ္ထြန္းလာမႈသည္ ပကတူပနိႆယ၏ သတၱိျဖစ္ၿပီး။

(က-၁၁) အာေသ၀နသတၱိျဖင့္ အႀကိမ္ႀကိ္မ္ထံုမြမ္းၿပီး ေက်းဇူးျပဳခံရသည့္ ပရမတၳ နာမ္တရားက အားေကာင္း လာပါသည္။

(က-၁၂) ဘုရားအေလာင္းေတာ္ႏွင့္ အေလာင္းအလ်ာမ်ား ပါရမီျဖည့္က်င့္ခဲ့သည့္ကာလ ရွည္ၾကာပါသည္။ လြန္ခဲ့သည့္ ၉၁-ကမၻာအထက္ ကာလက ျပဳခဲ့သည့္ ကုသိုလ္ေကာင္းမႈတို႕က ဘုရားျဖစ္ေတာ္မူသည့္ ဘ၀တြင္ ဘ၀တြင္ လာၿပီး ေက်းဇူးျပဳပါသည္။

 

၁၂- အာသေဝနပစ္စယော Āsevana Paccayo (Repetitive condition) (3 of 10)

Doing something again and again.

(က-၁) အာ = အထပ်ထပ်အခါခါ သေဝန= ထုံမွမ်းသည်၊ ပွားများသည်။ ဇောတစ်ခုက ထိုဇောမျိုး ထပ်ခါထပ်ခါ ဖြစ်စေသည်။ ပမာအားဖြင့် ရှေ့ကုသိုလ်ဇောက နောက်နောက် ဇောကို ကုသိုလ်ဖြင့် အထပ်ထပ် ထုံမွမ်းခြင်းကို ဆိုလိုသည်။

(က-၂) Repetitive condition = အာသေဝနပစ္စည်း။ ‘အာသေဝန စ ဗာလာနံ’၌ အာသေဝန အဓိပ္ပါယ်မှာ မပေါင်းသင်းရဟု ဆိုလိုပါသည်။ ပဋ္ဌာန်းတရားတွင်မူ အာသေဝနဟူသည် အထပ်ထပ် ထုံမွှမ်းခြင်း Repetation. Doing something again and again. ဟု အဓိပ္ပါယ်ရပါသည်။

(က-၃) ပမာပြရသော် နွေအခါပူပူကြီး၌ ရေချိုးရာ တစ်ဖလားလောင်းသော် မအေးသေးပါ။ နှစ်ဖလား လောင်းမအေးသေးပါ။ သုံးဖလား၊လေးဖလား ငါဖလားဆက်ကာ ဆက်ကာ လောင်းပေးသော်အခါ ခန္ဓာကိုယ် ကြီး တဖြေးဖြေး အေးလာသည့်ပမာတည်း။ ရှေ့ရေဖလားများ ကခန္ဓာကိုယ်အေး လာစေရန် နောက်နောက် ရေဖလားများကို ကျေးဇူးပြုပါသည်။ အာသေဝနပစ္စည်းကို ဤဥပမာတို့ဖြင့်လည်း နားလည်နိုင်မည် ဖြစ်ပါ သည်။

(က-၄) အဖန်ဖန် အထပ်ထပ် ထုံမွမ်းခြင်းကို တစ်နည်းဥပမာ ထပ်ပေးရသော် နံ့သာကြုတ်ထဲ အဝတ်အစား ထည့်ထားပါက ကာလကြာလေ ပို၍ပို၍ မွေးကြိုင်လာလေ၊ ကာလကြာလေ ပို၍ပို၍ မွေးကြိုင်လာလေ ဖြစ်ပါသည်။ ဤတွင် ရှေးရှေး အမွေးအကြိုင်ထုံမွမ်းမှုက နောက်နောက်အမွေးအကြိုင် ထုံမွမ်းမှုကို အားရှိ စေပါသည်။

(က-၅) အာသေဝနပစ္စည်းကို လောကအမြင်ဖြင့် လေ့လာလျှင်လည်း နားလည်လွယ်ပါသည်။ ကာလရှည်ကြာ အဖန်ဖန် အထပ်ထပ်လုပ်နေပါက အားကောင်းလာမည် ဖြစ်ပါသည်။


(က-၆) Musical instrument တခုခုတီးခတ်သည်နှင့် ပမာပြုနိုင်ပါသည်။ အစ၌အတီး အမှုတ်ကို လေ့ကျင့် နေရပြီး နောက်ပိုင်းကာလတွင် တီးမှုတ်နေခြင်းကပင် လေ့ကျင့်နေခြင်း ဖြစ်ပေတော့သည်။ အကြိမ်များများ တီးမှုတ်လေ ကျွမ်းကျင်လာလေပေတည်း။ ဤသည်ကို အာသေဝနနှင့် ပမာပြုကာ လေ့လာနိုင်မည် ဖြစ်ပါ သည်။

(က-၇) ကုသိုလ်ဇောသည် ကုသိုလ်ဇောကိုလည်းကောင်း၊ အကုသိုလ်ဇောသည် အကုသိုလ်ဇောကိုလည်း ကောင်း အားကောင်းသည်ထက် အားကောင်းအောင် အာသေဝနသတ္တိဖြင့် အဖန်ဖန် အထပ်ထပ် ထုံမွှမ်းကာ အားဖြည့်ပေးပါသည်။ ဥပမာ-ရှေးရှေးသင်ကြားမှုသည် နောက်နောက် သင်ကြားမှုကို လွယ်ကူလာစေရန် ကျေးဇူးပြုသကဲ့သို့ ဖြစ်ပါသည်။

(က-၈) It is compared to previous learning. You learn something now and then later some other thing. The first learning reinforces your second learning. The second learning reinforces the third learning and so on.

(က-၉) လောကီ ဈာန် တန်ခိုး အဘိညာဉ် မဂ် ဖိုလ်ရမှု ပါရမီပြည့်မှုတို့ဟူသည် အာသေဝန ပစ္စည်းပင်တည်း။

(က-၁၀) ကုသိုလ်၊ အကုသိုလ်တို့ အကြောင်းအထောက်အပံ့ကြီးစွာရပြီး အကျိုးဖြစ်ထွန်းလာမှုသည် ပကတူပနိဿယ၏ သတ္တိဖြစ်ပြီး။


(က-၁၁) အာသေဝနသတ္တိဖြင့် အကြိမ်ကြိမ်ထုံမွမ်းပြီး ကျေးဇူးပြုခံရသည့် ပရမတ္ထ နာမ်တရားက အားကောင်း လာပါသည်။

(က-၁၂) ဘုရားအလောင်းတော်နှင့် အလောင်းအလျာများ ပါရမီဖြည့်ကျင့်ခဲ့သည့်ကာလ ရှည်ကြာပါသည်။ လွန်ခဲ့သည့် ၉၁-ကမ္ဘာအထက် ကာလက ပြုခဲ့သည့် ကုသိုလ်ကောင်းမှုတို့က ဘုရားဖြစ်တော်မူသည့် ဘဝတွင် ဘဝတွင် လာပြီး ကျေးဇူးပြုပါသည်။

Comments are closed.