ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂-ဒီဇင္ဘာလ (၁၄၊ ၁၅)ရက္ စေန၊ တနဂၤေႏြေန႔ ႏွစ္ရက္
နံနက္ (၉)နာရီမွ ညေန (၄)နာရီထိ ပ႒ာန္းတရားေတာ္မ်ားကို
သင္ၾကားပို႔ခ်မည္ျဖစ္ပါသျဖင့္ ႀကိဳတင္ စာရင္းေပးသြင္းႏိုင္ပါရန္
ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္ေတာရေက်ာင္း
(ၿမိဳ႕ေတာ္၀န္က်ာင္း) ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၂- အာေသ၀နပစၥေယာ Āsevana Paccayo (Repetitive condition) (4 of 10)

၁၂- အာေသ၀နပစၥေယာ Āsevana Paccayo (Repetitive condition) (4 of 10) zawgyi

ကြၽန္မေလးမျပည့္

          သူမနာမည္က ပုဏၰာ။ အနာထပိဏ္သူေဌးအိမ္မွာ ၁၀၀ ျပည့္ေျမာက္တဲ့ ကၽြန္မေလးပါ။ ကြၽန္တစ္ရာ ျပည့္လို႔ သူ႔ကို လြယ္လြယ္ပဲ နာမည္ေပးလိုက္တယ္ ပုဏၰာလို႔။ ျမန္မာလိုဆို မျပည့္စံုေပါ့။ နာမည္နဲ႔ေတာ့ သိပ္မဟပ္လွပါဘူး။ ျပည့္စံုဆိုေပမယ့္ မ်ဳိး႐ိုးက ကၽြန္ေလ။ ဒီေတာ့ သူဘယ္ေလာက္ႀကိဳးစား ႀကိဳးစား ခ်မ္းသာခြင့္ မရွိသူပါ။ အနာထပိဏ္သူေဌးဆိုတာကလည္း သာမန္ဟုတ္႐ိုးလား။ ျမတ္ဗုဒၶသာသနာမွာ အလြန္ နာမည္ႀကီးသူေပါ့။ မျပည့္စံုေလးကို ရာျပည့္မွာေမြးလို႔ မဂၤလာကို ယူေဆာင္လာသူဟု သူေဌးႀကီးက ယူဆ ထားတယ္။ ဒါေၾကာင့္လည္း မျပည့္စံုကို အလုပ္ခိုင္းတဲ့ ေနရာမွာေတာင္ ပင္ပန္းလြန္းတဲ့ အလုပ္ေတြကို မခိုင္းပါဘူး။ တစ္အိမ္သားလံုး၏ ေသာက္သံုးေရကို ခပ္ေစခဲ့ပါတယ္။ ျမတ္စြာဘုရားႏွင့္တကြ သံဃာေတာ္ ေတြကို ေသာက္ေရကပ္ဖို႔ဆိုလည္း မျပည့္က တာ၀န္ယူရပါတယ္။

     မပင္ပန္းေပမယ့္ အေရးႀကီးတဲ့ေနရာမွာ အလုပ္လုပ္ ေနတယ္လို႔ မျပည့္စံုက နားလည္ထားပါတယ္။ ေႏြရာသီ မိုးရာသီတို႔မွာ မနက္ေစာေစာ အစိရ၀တီျမစ္ကမ္းကို ေရခပ္သြားရတာ မခက္ခဲေပမယ့္ ေဆာင္း ရာသီဆို သူမအဖို႔ အလြန္ခက္ခဲလွပါတယ္။ ေအးစိမ့္ေနတဲ့ ရာသီဥတုက အ႐ိုးထဲထိေအာင္ နာက်င္လွပါတယ္။ ခိုက္ခိုက္တုန္ခ်မ္းေပမယ့္ ေသာက္သံုးေရဆိုတာ အၿမဲလို အပ္တယ္ေလ။ တစ္ရက္တစ္ေလမွ နားမေနခဲ့ပါဘူး။

    ေဆာင္းမနက္တစ္ခုမွာ မျပည့္စံုေလး ေရခပ္သြားရင္း ၾကာဖူးနားဝ တရားသေဘာကို ဆင္ျခင္ၿပီး ေအးစိမ့္ေနတဲ့ ဒဏ္ကို ေျဖေဖ်ာက္ခဲ့ပါတယ္။ သဲေသာင္ျပင္မွာ ေလွ်ာက္လွမ္းရတာဟာ အလြန္မွပင္ သက္သာလွေသာ္လည္း မညီမညာလမ္းကို ေလွ်ာက္လွမ္းခ်ိန္မွာေတာ့ အလြန္တရာမွပင္ နာက်င္ရပါတယ္။ တစ္ခါတစ္ရံ ခလုတ္တိုက္မိသြားရင္ အသဲခိုက္ေအာင္ပင္ နာက်င္မႈကို ခံစားလိုက္ပါတယ္။

      အခ်ိန္တန္၍ ေရမရွိရင္ အဆူခံရမည္။ အ႐ိုက္ခံရမည္။ ထို႔ေၾကာင့္ အခ်ိန္မွီ ေသာက္ေရရရွိရန္ ျမစ္သို႔ ေစာေစာပင္ ထြက္လာခဲ့ေလသည္။ ျမစ္ဆိပ္တြင္ လူတစ္ေယာက္သည္ အ၀တိမပါ ဗလာက်င္း၍ အေအးဒဏ္ ခံေနသည္။ နႈတ္ခမ္းမ်ားမွာလည္း ျပာေန၏။ တစ္ဆက္ဆက္တုန္ေနေသာ လူႀကီးသည္ ကမ္းနားသို႔လာ၏။ ထိုလူႀကီးကို ျမင္ဖူးသလို ရွိ၏။ ေသခ်ာစဥ္းစားၾကည့္ေတာ့ သာ၀တၳိၿမိဳ႕မွ ထင္ရွားတဲ့ ပုဂၢဳိလ္တစ္ေယာက္ျဖစ္မွန္း သိလိုက္ရပါသည္။

    သူမသည္ အလိုလိုပင္ အံ့အားသင့္သြားပါသည္။ ဒီလိုအခ်ိန္မွာ အမိန္႔မပါ ေစခိုင္းသူကင္းတဲ့ သူ႔လို ပုဂၢဳိလ္ မ်ဳိးက အဘယ့္ေၾကာင့္ ဤေနရာမွာ လာၿပီး ခိုက္ခိုက္တုန္ခ်မ္းတဲ့ ဒဏ္ကို ခံေလသနည္း။ အ၀တ္အစားမ်ား ၀တ္႐ုုံၿပီးေသာအခါ ေမးၾကည့္မိပါေတာ့သည္။ “ ပုဏၰားႀကီး အရွင္သခင္တို႔၏ ဆဲေရးျခင္း ႐ိုက္ပုတ္ျခင္းဟူေသာ အေၾကာင္းေၾကာင့္ ကၽြႏ္ုပ္သည္ အေအးဒဏ္ကို ခံကာ ေရကို ျမစ္အတြင္းဆင္းကာ ခပ္ရ၏။ သင္သည္ကား မည္သူ႔ကို ေၾကာက္၍ ေရထဲတြင္ ဆင္းရပါသနည္း။ အဘယ့္ေၾကာင့္ အေအးဒဏ္ကိုခံကာ ေစာေစာစီးစီး ေရထဲတြင္ ဆင္းပါသနည္း”ဟု ေမးေလ၏။

     ထိုအခါ ပုဏၰားႀကီးက “မိန္းကေလး ငါသည္ မေကာင္းမႈကို ျပဳခဲ့မိ၏။ ထိုမေကာင္းမႈမ်ား ေက်ေပ်ာက္ေစရန္ ေစာေစာစီးစီး ေရခ်ဳိးျခင္းျဖစ္၏။ ေလာက၌ ငယ္သူျဖစ္ျဖစ္ ႀကီးသူျဖစ္ျဖစ္ မေကာင္းမႈျပဳမိေသာ္ ဤကဲ့သို႔ ေစာေစာစီးစီး ေရခ်ဳိးလိုက္ပါမူ ထိုမေကာင္းမႈမ်ားသည္ ကင္းစင္သြားေလၿပီ”ဟု ေျပာေလသည္။

   ထိုအခါ လမ္းလြဲေနေသာ ပုဏၰားႀကီးအား မျပည့္စံုသည္ သနားသြားမိပါသည္။ မိမိနားလည္သိရွိထားေသာ တရားသေဘာမ်ားကိုလည္း ေျပာျပခ်င္၏။ ထို႔ေၾကာင့္ပင္….

   “ပုဏၰားႀကီး မေကာင္းမႈကို ေရျဖင့္ေဆးေၾကာ၍ သန္႔စင္လွ်င္ ငါး လိပ္ မိေက်ာင္းတို႔သည္ အၿမဲ စင္ၾကယ္ ေနရာ၏။ ေသလွ်င္လည္း အကုန္နတ္ျပည္ ေရာက္ကုန္ရာ၏”

   “ပုဏၰားႀကီး အကုသိုလ္ကို ေရျဖင့္ ေဆးေၾကာ၍ ရ႐ိုးမွန္လွ်င္ ေရေဆးစဥ္ ကုသိုလ္တရားတို႔လည္း ေရျဖင့္သာ ေမွ်ာပါသြားကုန္ရာ၏”

   “ပုဏၰားႀကီး သင္သည္ မေကာင္းမႈကို ေၾကာက္သျဖင့္ ေန႔စဥ္ေရခ်ိဳး၏။ အမွန္အားျဖင့္ ထိုမေကာင္းမႈသည္ အက်ဳိးမေပးပဲ မေန။ အက်ဳိးတဖန္ေပးလာျပန္မႈ ဆင္းရဲရ၏။ အို…ပုဏၰားႀကီး မေကာင္းမႈကို ေၾကာက္လွ်င္ မေကာင္းမႈကို မျပဳဘဲေနရာ၏” ဟု သဘာ၀က်က် ေျပာလိုက္သည္။

    ပုဏၰားႀကီးသည္ မေကာင္းမႈ၏ စင္ၾကယ္ပံု လြတ္ေျမာက္ရပံုကို သဘာ၀က်က် ေျပာျပေသာ သူမအား အထင္ႀကီး ေလးစားသြား၏။ ထို႔ေၾကာင့္ အေပၚရံုအ၀တ္လႊာတစ္ခုကို ေပး၏။ ကၽြန္တစ္ေယာက္အဖို႔ အဖိုးတန္အ၀တ္အစားသည္ မက္ေမာစရာပင္။ သို႔ေသာ္ မျပည့္စံုက ျငင္းပယ္မႈကို ျပဳခဲ့၏။ ပုဏၰားႀကီးသည္ ေလးစားသထက္ ပို၍ ေလးစားသြား၏။

   ၿပီးေတာ့ မျပည့္စံုက “ပုဏၰားႀကီး မေကာင္းမႈကို ေၾကာက္႐ိုးမွန္လွ်င္ ကိုယ္ျဖင့္လည္းေကာင္း၊ နႈတ္ျဖင့္ လည္းေကာင္း၊ စိတ္ျဖင့္လည္းေကာင္း မေကာင္းမႈကို မျပဳရာ။ မ်က္ေမွာက္၌လည္းေကာင္း မ်က္ကြယ္၌ လည္းေကာင္း မေကာင္းမႈကို မျပဳရာ။ မေကာင္းမႈမ်ားကို ယခုေသာ္လည္းေကာင္း၊ ေနာင္ေသာ္လည္းေကာင္း ျပဳေနျငားအံ့။ ထိုမေကာင္းမႈမွ လြတ္ေျမာက္မဟုတ္ပါ”ဟု ေျပာဆိုလိုက္ေလ၏။

    ထိုအခါ ပုဏၰားႀကီးသည္ ဤမိန္းကေလးသည္ပင္ ဤမွ်တတ္သိနားလည္ေနပါမူ သူ႔ဆရာကား ဆိုဖြယ္ရာ မရွိဟု ေတြးဆကာ ျမတ္စြာဘုရားအား ကိုးကြယ္ဆည္းကပ္ေလေတာ့၏။ သရဏဂံုတည္ကာ သီလတရားမ်ား ကို ေဆာက္တည္က်င့္သံုးေသာ ဥပသကာအျဖစ္သို႔ ေရာက္ရွိသြားေလေတာ့၏။

    ထိုသတင္းသည္ သာ၀တၳိ၌ ျပန္႔ႏွံ႔သြားေလေတာ့၏။ နာမည္ေက်ာ္ ပညာရွိ ပုဏၰားႀကီးအား အက်င့္မွန္ကန္ ေစေအာင္ ေျပာဆိုဆံုးမလိုက္ေသာ မျပည့္စံု၏ ဂုဏ္ကား အနာထပိဏ္သူေဌး၏ နားသို႔ပင္ ၾကားသိခဲ့ရေလ၏။ အတိတ္ေကာင္းနိမိတ္ေကာင္းႏွင့္ ေမြးဖြားလာသူ ျဖစ္သည္ႏွင့္အညီ မဂၤလာရွိေသာ အလုပ္ကို လုပ္ေဆာင္ သြားေသာ မျပည့္အား အနာထပိဏ္သူေဌးသည္ ကၽြန္အျဖစ္မွ ကင္းလြတ္ျခင္းဟူေသာ ဆုလာဘ္ကို ေပးလိုက္ ေလ၏။

    သူ႔ကၽြန္အျဖစ္မွ ကင္းလြတ္ျခင္းသည္ အတားအဆီး အပိတ္အပင္ မရွိ။ သြားလိုက သြားႏိုင္၏။ လာလိုက လာႏိုင္၏။ ဘယ္သူမွ ေၾကာက္စရာ မလိုေတာ့ေပ။  ျမတ္စြာဘုရားရွင္၏ သာသနာေတာ္၌ ကၽြန္အား ရဟန္းျပဳ မေပးရဟု ၀ိနည္းပညတ္ခ်က္ ရွိေလသည္။ အရွင္က ကၽြန္အျဖစ္မွ လႊတ္ေပးေသာအခါမွသာလွ်င္ ရဟန္းျပဳခြင့္ ရရွိေလ၏။ ခဏမဆိုင္းပင္ ေနအိမ္၌ သူေဌးႀကီး ႏွင့္တကြ အေဖ အေမကို နႈတ္ဆက္ကာ ရဟန္းျပဳရန္ သြားကာ ဆံေကသာ အလွကို ပယ္စြန္႔ကာ ရဟန္းမအျဖစ္သို႔ ကူးေျပာင္းလိုက္ေလေတာ့၏။ တရားဘာ၀နာကို ႀကိဳးစား ပြားမ်ား အားထုတ္ရာ မၾကာမီပင္ အရဟတၱဖိုလ္သို႔ ဆိုက္ေလေတာ့၏။

     ၀ိပႆီျမတ္စြာဘုရား၊ သိခီျမတ္စြာဘုရား၊ ေ၀ႆဘူျမတ္စြာဘုရား၊ ကကုသန္ျမတ္စြာဘုရား၊ ေကာဏာ ဂုဏ္ျမတ္စြာဘုရား၊ ကႆပျမတ္စြာဘုရားတို႕၏ သာသနာေတာ္တြင္ ရဟန္းမအျဖစ္ျဖင့္ စာသင္စာခ် တရား ေဟာျခင္းမ်ားကို လုပ္၍ ပါရမီျဖည့္ခဲ့ေသာ သူတစ္ေယာက္ျဖစ္ပါလ်က္ သူမသည္ အဘယ့္ေၾကာင့္ ဤကဲ့သို႔ ျဖစ္ရပါသနည္း။ (ေဂါ၊က၊ေကာ၊က၊ေ၀၊သိ၊၀ိ) ဘုရားခုႏွစ္ဆူတည္း။

   ေဂါတမဘုရားရွင္ လက္ထက္ေတာ္တြင္ အာသေ၀ါကင္းကြာ ရဟႏၲာျဖစ္မည့္သူ မွန္ေသာ္လည္း သံသရာ ခရီးကို ေလွ်ာက္လွမ္းခဲ့စဥ္ အမွားလုပ္ခဲ့မိေသာေၾကာင့္ ကၽြန္မဘ၀သို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္ပါသည္။ သူ၏အမွားကား အျခားမဟုတ္။ မာနခက္ထန္ျခင္းတည္း။ မာန္မာန ခက္ထန္သူမ်ားသည္ အမ်ဳိးယုတ္၌ ျဖစ္တတ္ေလ၏။ (ပုဏၰာေထရီ ၀တၳဳ၊ ေထရီအပါဒါန္) ref; အရွင္ေကာသလ၏ dhammadana website                               

    အယူလဲြေနသည့္ပ႑ိတ္ ပညာရွိႀကီး၏ ႏွလံုးသားထဲအထိ ေရာက္ရွိေစနိုင္သည့္ တရားစကားကို ကြၽန္မေလး မျပည့္က ေျပာနိုင္ျခင္းမွာ ဤဘ၀တစ္ခုတည္း၏ ဆည္းပူးေလ့လာခဲ့သည့္ သတၱိမဟုတ္ေပ။ ေျခာက္ဆူေသာ ဘုရားရွင္တုိ႕၏ လက္ထက္ေတာ္ အခါကာလက အ႒ကထာဖြင့္နိုင္ေလာက္သည့္အထိ အထပ္ထပ္ ထံုမႊမ္း လာခဲ့သည့္ဉာဏ္စြမ္းရည္၏သတၱိ potential ေပတည္း။ ထို႕ေၾကာင့္ ဘ၀ျခားေသာ္ လည္း ျဖစ္တည္ပ်က္ နာမသႏၱတိအစဥ္ Mental process တြင္ အနႏၱရ၊ သမနႏၱရ၊ အာေသ၀န၊ နာနာ ကၡဏိကကမၼ ပစၥည္းတို႕၏ ေက်းဇူးျပဳျခင္းေၾကာင့္ potential energy သတၱိ အျဖစ္ပါ ၀င္လာျခင္း ျဖစ္ေပသည္။

 

၁၂- အာသေဝနပစ္စယော Āsevana Paccayo (Repetitive condition) (4 of 10) pyidaungsu – unicode

ကျွန်မလေးမပြည့်

   သူမနာမည်က ပုဏ္ဏာ။ အနာထပိဏ်သူဌေးအိမ်မှာ ၁၀၀ ပြည့်မြောက်တဲ့ ကျွန်မလေးပါ။ ကျွန်တစ်ရာ ပြည့်လို့ သူ့ကို လွယ်လွယ်ပဲ နာမည်ပေးလိုက်တယ် ပုဏ္ဏာလို့။ မြန်မာလိုဆို မပြည့်စုံပေါ့။ နာမည်နဲ့တော့ သိပ်မဟပ်လှပါဘူး။ ပြည့်စုံဆိုပေမယ့် မျိုးရိုးက ကျွန်လေ။ ဒီတော့ သူဘယ်လောက်ကြိုးစား ကြိုးစား ချမ်းသာခွင့် မရှိသူပါ။ အနာထပိဏ်သူဌေးဆိုတာကလည်း သာမန်ဟုတ်ရိုးလား။ မြတ်ဗုဒ္ဓသာသနာမှာ အလွန် နာမည်ကြီးသူပေါ့။ မပြည့်စုံလေးကို ရာပြည့်မှာမွေးလို့ မင်္ဂလာကို ယူဆောင်လာသူဟု သူဌေးကြီးက ယူဆ ထားတယ်။ ဒါကြောင့်လည်း မပြည့်စုံကို အလုပ်ခိုင်းတဲ့ နေရာမှာတောင် ပင်ပန်းလွန်းတဲ့ အလုပ်တွေကို မခိုင်းပါဘူး။ တစ်အိမ်သားလုံး၏ သောက်သုံးရေကို ခပ်စေခဲ့ပါတယ်။ မြတ်စွာဘုရားနှင့်တကွ သံဃာတော် တွေကို သောက်ရေကပ်ဖို့ဆိုလည်း မပြည့်က တာဝန်ယူရပါတယ်။

   မပင်ပန်းပေမယ့် အရေးကြီးတဲ့နေရာမှာ အလုပ်လုပ် နေတယ်လို့ မပြည့်စုံက နားလည်ထားပါတယ်။ နွေရာသီ မိုးရာသီတို့မှာ မနက်စောစော အစိရဝတီမြစ်ကမ်းကို ရေခပ်သွားရတာ မခက်ခဲပေမယ့် ဆောင်း ရာသီဆို သူမအဖို့ အလွန်ခက်ခဲလှပါတယ်။ အေးစိမ့်နေတဲ့ ရာသီဥတုက အရိုးထဲထိအောင် နာကျင်လှပါတယ်။ ခိုက်ခိုက်တုန်ချမ်းပေမယ့် သောက်သုံးရေဆိုတာ အမြဲလို အပ်တယ်လေ။ တစ်ရက်တစ်လေမှ နားမနေခဲ့ပါဘူး။

   ဆောင်းမနက်တစ်ခုမှာ မပြည့်စုံလေး ရေခပ်သွားရင်း ကြာဖူးနားဝ တရားသဘောကို ဆင်ခြင်ပြီး အေးစိမ့်နေတဲ့ ဒဏ်ကို ဖြေဖျောက်ခဲ့ပါတယ်။ သဲသောင်ပြင်မှာ လျှောက်လှမ်းရတာဟာ အလွန်မှပင် သက်သာလှသော်လည်း မညီမညာလမ်းကို လျှောက်လှမ်းချိန်မှာတော့ အလွန်တရာမှပင် နာကျင်ရပါတယ်။ တစ်ခါတစ်ရံ ခလုတ်တိုက်မိသွားရင် အသဲခိုက်အောင်ပင် နာကျင်မှုကို ခံစားလိုက်ပါတယ်။

   အချိန်တန်၍ ရေမရှိရင် အဆူခံရမည်။ အရိုက်ခံရမည်။ ထို့ကြောင့် အချိန်မှီ သောက်ရေရရှိရန် မြစ်သို့ စောစောပင် ထွက်လာခဲ့လေသည်။ မြစ်ဆိပ်တွင် လူတစ်ယောက်သည် အဝတိမပါ ဗလာကျင်း၍ အအေးဒဏ် ခံနေသည်။ နှုတ်ခမ်းများမှာလည်း ပြာနေ၏။ တစ်ဆက်ဆက်တုန်နေသော လူကြီးသည် ကမ်းနားသို့လာ၏။ ထိုလူကြီးကို မြင်ဖူးသလို ရှိ၏။ သေချာစဉ်းစားကြည့်တော့ သာဝတ္ထိမြို့မှ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်မှန်း သိလိုက်ရပါသည်။

   သူမသည် အလိုလိုပင် အံ့အားသင့်သွားပါသည်။ ဒီလိုအချိန်မှာ အမိန့်မပါ စေခိုင်းသူကင်းတဲ့ သူ့လို ပုဂ္ဂိုလ် မျိုးက အဘယ့်ကြောင့် ဤနေရာမှာ လာပြီး ခိုက်ခိုက်တုန်ချမ်းတဲ့ ဒဏ်ကို ခံလေသနည်း။ အဝတ်အစားများ ဝတ်ရုံပြီးသောအခါ မေးကြည့်မိပါတော့သည်။ “ ပုဏ္ဏားကြီး အရှင်သခင်တို့၏ ဆဲရေးခြင်း ရိုက်ပုတ်ခြင်းဟူသော အကြောင်းကြောင့် ကျွန်ုပ်သည် အအေးဒဏ်ကို ခံကာ ရေကို မြစ်အတွင်းဆင်းကာ ခပ်ရ၏။ သင်သည်ကား မည်သူ့ကို ကြောက်၍ ရေထဲတွင် ဆင်းရပါသနည်း။ အဘယ့်ကြောင့် အအေးဒဏ်ကိုခံကာ စောစောစီးစီး ရေထဲတွင် ဆင်းပါသနည်း”ဟု မေးလေ၏။

   ထိုအခါ ပုဏ္ဏားကြီးက “မိန်းကလေး ငါသည် မကောင်းမှုကို ပြုခဲ့မိ၏။ ထိုမကောင်းမှုများ ကျေပျောက်စေရန် စောစောစီးစီး ရေချိုးခြင်းဖြစ်၏။ လောက၌ ငယ်သူဖြစ်ဖြစ် ကြီးသူဖြစ်ဖြစ် မကောင်းမှုပြုမိသော် ဤကဲ့သို့ စောစောစီးစီး ရေချိုးလိုက်ပါမူ ထိုမကောင်းမှုများသည် ကင်းစင်သွားလေပြီ”ဟု ပြောလေသည်။

   ထိုအခါ လမ်းလွဲနေသော ပုဏ္ဏားကြီးအား မပြည့်စုံသည် သနားသွားမိပါသည်။ မိမိနားလည်သိရှိထားသော တရားသဘောများကိုလည်း ပြောပြချင်၏။ ထို့ကြောင့်ပင်….

   “ပုဏ္ဏားကြီး မကောင်းမှုကို ရေဖြင့်ဆေးကြော၍ သန့်စင်လျှင် ငါး လိပ် မိကျောင်းတို့သည် အမြဲ စင်ကြယ် နေရာ၏။ သေလျှင်လည်း အကုန်နတ်ပြည် ရောက်ကုန်ရာ၏”

   “ပုဏ္ဏားကြီး အကုသိုလ်ကို ရေဖြင့် ဆေးကြော၍ ရရိုးမှန်လျှင် ရေဆေးစဉ် ကုသိုလ်တရားတို့လည်း ရေဖြင့်သာ မျှောပါသွားကုန်ရာ၏”

   “ပုဏ္ဏားကြီး သင်သည် မကောင်းမှုကို ကြောက်သဖြင့် နေ့စဉ်ရေချိုး၏။ အမှန်အားဖြင့် ထိုမကောင်းမှုသည် အကျိုးမပေးပဲ မနေ။ အကျိုးတဖန်ပေးလာပြန်မှု ဆင်းရဲရ၏။ အို…ပုဏ္ဏားကြီး မကောင်းမှုကို ကြောက်လျှင် မကောင်းမှုကို မပြုဘဲနေရာ၏” ဟု သဘာဝကျကျ ပြောလိုက်သည်။

   ပုဏ္ဏားကြီးသည် မကောင်းမှု၏ စင်ကြယ်ပုံ လွတ်မြောက်ရပုံကို သဘာဝကျကျ ပြောပြသော သူမအား အထင်ကြီး လေးစားသွား၏။ ထို့ကြောင့် အပေါ်ရုံအဝတ်လွှာတစ်ခုကို ပေး၏။ ကျွန်တစ်ယောက်အဖို့ အဖိုးတန်အဝတ်အစားသည် မက်မောစရာပင်။ သို့သော် မပြည့်စုံက ငြင်းပယ်မှုကို ပြုခဲ့၏။ ပုဏ္ဏားကြီးသည် လေးစားသထက် ပို၍ လေးစားသွား၏။

   ပြီးတော့ မပြည့်စုံက “ပုဏ္ဏားကြီး မကောင်းမှုကို ကြောက်ရိုးမှန်လျှင် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကို မပြုရာ။ မျက်မှောက်၌လည်းကောင်း မျက်ကွယ်၌ လည်းကောင်း မကောင်းမှုကို မပြုရာ။ မကောင်းမှုများကို ယခုသော်လည်းကောင်း၊ နောင်သော်လည်းကောင်း ပြုနေငြားအံ့။ ထိုမကောင်းမှုမှ လွတ်မြောက်မဟုတ်ပါ”ဟု ပြောဆိုလိုက်လေ၏။

   ထိုအခါ ပုဏ္ဏားကြီးသည် ဤမိန်းကလေးသည်ပင် ဤမျှတတ်သိနားလည်နေပါမူ သူ့ဆရာကား ဆိုဖွယ်ရာ မရှိဟု တွေးဆကာ မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်လေတော့၏။ သရဏဂုံတည်ကာ သီလတရားများ ကို ဆောက်တည်ကျင့်သုံးသော ဥပသကာအဖြစ်သို့ ရောက်ရှိသွားလေတော့၏။

   ထိုသတင်းသည် သာဝတ္ထိ၌ ပြန့်နှံ့သွားလေတော့၏။ နာမည်ကျော် ပညာရှိ ပုဏ္ဏားကြီးအား အကျင့်မှန်ကန် စေအောင် ပြောဆိုဆုံးမလိုက်သော မပြည့်စုံ၏ ဂုဏ်ကား အနာထပိဏ်သူဌေး၏ နားသို့ပင် ကြားသိခဲ့ရလေ၏။ အတိတ်ကောင်းနိမိတ်ကောင်းနှင့် မွေးဖွားလာသူ ဖြစ်သည်နှင့်အညီ မင်္ဂလာရှိသော အလုပ်ကို လုပ်ဆောင် သွားသော မပြည့်အား အနာထပိဏ်သူဌေးသည် ကျွန်အဖြစ်မှ ကင်းလွတ်ခြင်းဟူသော ဆုလာဘ်ကို ပေးလိုက် လေ၏။

   သူ့ကျွန်အဖြစ်မှ ကင်းလွတ်ခြင်းသည် အတားအဆီး အပိတ်အပင် မရှိ။ သွားလိုက သွားနိုင်၏။ လာလိုက လာနိုင်၏။ ဘယ်သူမှ ကြောက်စရာ မလိုတော့ပေ။ မြတ်စွာဘုရားရှင်၏ သာသနာတော်၌ ကျွန်အား ရဟန်းပြု မပေးရဟု ဝိနည်းပညတ်ချက် ရှိလေသည်။ အရှင်က ကျွန်အဖြစ်မှ လွှတ်ပေးသောအခါမှသာလျှင် ရဟန်းပြုခွင့် ရရှိလေ၏။ ခဏမဆိုင်းပင် နေအိမ်၌ သူဌေးကြီး နှင့်တကွ အဖေ အမေကို နှုတ်ဆက်ကာ ရဟန်းပြုရန် သွားကာ ဆံကေသာ အလှကို ပယ်စွန့်ကာ ရဟန်းမအဖြစ်သို့ ကူးပြောင်းလိုက်လေတော့၏။ တရားဘာဝနာကို ကြိုးစား ပွားများ အားထုတ်ရာ မကြာမီပင် အရဟတ္တဖိုလ်သို့ ဆိုက်လေတော့၏။

   ဝိပဿီမြတ်စွာဘုရား၊ သိခီမြတ်စွာဘုရား၊ ဝေဿဘူမြတ်စွာဘုရား၊ ကကုသန်မြတ်စွာဘုရား၊ ကောဏာ ဂုဏ်မြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရားတို့၏ သာသနာတော်တွင် ရဟန်းမအဖြစ်ဖြင့် စာသင်စာချ တရား ဟောခြင်းများကို လုပ်၍ ပါရမီဖြည့်ခဲ့သော သူတစ်ယောက်ဖြစ်ပါလျက် သူမသည် အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရပါသနည်း။ (ဂေါ၊က၊ကော၊က၊ဝေ၊သိ၊ဝိ) ဘုရားခုနှစ်ဆူတည်း။

   ဂေါတမဘုရားရှင် လက်ထက်တော်တွင် အာသဝေါကင်းကွာ ရဟန္တာဖြစ်မည့်သူ မှန်သော်လည်း သံသရာ ခရီးကို လျှောက်လှမ်းခဲ့စဉ် အမှားလုပ်ခဲ့မိသောကြောင့် ကျွန်မဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါသည်။ သူ၏အမှားကား အခြားမဟုတ်။ မာနခက်ထန်ခြင်းတည်း။ မာန်မာန ခက်ထန်သူများသည် အမျိုးယုတ်၌ ဖြစ်တတ်လေ၏။ (ပုဏ္ဏာထေရီ ဝတ္ထု၊ ထေရီအပါဒါန်) ref; အရှင်ကောသလ၏ dhammadana website

   အယူလွဲနေသည့်ပဏ္ဍိတ် ပညာရှိကြီး၏ နှလုံးသားထဲအထိ ရောက်ရှိစေနိုင်သည့် တရားစကားကို ကျွန်မလေး မပြည့်က ပြောနိုင်ခြင်းမှာ ဤဘဝတစ်ခုတည်း၏ ဆည်းပူးလေ့လာခဲ့သည့် သတ္တိမဟုတ်ပေ။ ခြောက်ဆူသော ဘုရားရှင်တို့၏ လက်ထက်တော် အခါကာလက အဋ္ဌကထာဖွင့်နိုင်လောက်သည့်အထိ အထပ်ထပ် ထုံမွှမ်း လာခဲ့သည့်ဉာဏ်စွမ်းရည်၏သတ္တိ potential ပေတည်း။ ထို့ကြောင့် ဘဝခြားသော် လည်း ဖြစ်တည်ပျက် နာမသန္တတိအစဉ် Mental process တွင် အနန္တရ၊ သမနန္တရ၊ အာသေဝန၊ နာနာ က္ခဏိကကမ္မ ပစ္စည်းတို့၏ ကျေးဇူးပြုခြင်းကြောင့် potential energy သတ္တိ အဖြစ်ပါ ဝင်လာခြင်း ဖြစ်ပေသည်။

Comments are closed.