ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။

Soon:

၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။

၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း

ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၆-ဣန္ဒြိယပစ္စယော Indriya Paccaya (Faculty condition) ပါဠိနှင့်မြန်မာပြန် (2 of7)

၁၆-ဣန္ဒြိယပစ္စယော Indriya Paccaya (Faculty condition) ပါဠိနှင့်မြန်မာပြန် (2 of7)

၄၃၀။ ကုသလော ဓမ္မော ကုသလဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။(ကု၊ကု-၁)ပါဠိနှင့်မြန်မာပြန်

ကုသိုလ်တရားသည် ကုသိုလ်တရားအား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ကုသလာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

     ကုသိုလ်စိတ်၌ရှိသော ၁-နာမ်၏အသက်ဖြစ်သည့်နာမ်ဇီဝိတိနြေ္ဒ ၊၂-စိတ်၊၃- ဝေဒနာ၊ ၄-သဒ္ဓါ၊၅-၀ီရိယ၊၆-သတိ၊ရ- သမာဓိ နှင့်၈-ပညာတည်း ဟူသော နာမ်ဣနြေ္ဒရှစ်ပါးတို့သည် အတူယှဉ်၍ဖြစ်သော နာမ်ခန္ဓာ-၄ပါးတို့အား  ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ 

 

ကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။(ကု၊ဗျာ-၂)

ကုသိုလ်တရားသည် အဗျာကတတရားအား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ကုသလာ ဣန္ဒြိယာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ကုသိုလ်စိတ်၌ရှိသော၁-နာမ်၏အသက်ဖြစ်သည့်နာမ်ဇီဝိတိနြေ္ဒ ၊၂-စိတ်၊၃- ဝေဒနာ၊ ၄-သဒ္ဓါ၊၅-၀ီရိယ၊၆-သတိ၊ရ- သမာဓိ နှင့်၈-ပညာတည်း ဟူသောနာမ် ဣနြေ္ဒရှစ်ပါးတို့သည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ကုသလော  ဓမ္မော ကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။(ကု၊ကု၊ဗျာ-၃)

         ကုသိုလ်တရားသည် ကုသိုလ်တရားအားလည်းကောင်း၊ အဗျာကတတရားအားလည်းကောင်း ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ကုသလာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

        ကုသိုလ်စိတ်၌ရှိသော ၁-နာမ်၏အသက်ဖြစ်သည့်နာမ်ဇီဝိတိနြေ္ဒ ၊၂-စိတ်၊၃- ဝေဒနာ၊ ၄-သဒ္ဓါ၊၅-၀ီရိယ၊၆-သတိ၊ရ- သမာဓိ နှင့်၈-ပညာတည်းဟူသော နာမ်ဣနြေ္ဒရှစ်ပါးတို့သည် အတူယှဉ်၍ဖြစ်သော နာမ်ခန္ဓာ-၄ပါးတို့အားလည်းကောင်း 

စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား လည်း ကောင်း ဣန္ဒြိယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အကုသလော ဓမ္မော အကုသလဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။(အကု၊အကု-၁)

အကုသိုလ်တရားသည် အကုသိုလ်တရားအား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

အကုသလာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

      အကုသိုလ်စိတ်၌ရှိသော၁-နာမ်၏အသက်ဖြစ်သည့်နာမ်ဇီဝိတိနြေ္ဒ ၊၂-စိတ်၊၃- ဝေဒနာ၊ ၄–၀ီရိယနှင့်၅- သမာဓိ တည်းဟူသော နာမ်ဣနြေ္ဒငါးပါးတို့သည် အတူယှဉ်၍ဖြစ်သော နာမ်ခန္ဓာ-၄ပါးတို့အား  ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ 

 အကုသလော ဓမ္မော အဗျာကတဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။(အကု၊ဗျာ-၂)

အကုသိုလ်တရားသည် အဗျာကတတရားအား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အကုသလာ ဣန္ဒြိယာ စိတ္တသမုဋ္ဌာနာနံ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

      အကုသိုလ်စိတ်၌ရှိသော၁-နာမ်၏အသက်ဖြစ်သည့်နာမ်ဇီဝိတိနြေ္ဒ ၊၂-စိတ်၊၃- ဝေဒနာ၊ ၄–၀ီရိယနှင့်၅- သမာဓိ တည်းဟူသော နာမ်ဣနြေ္ဒငါးပါးတို့သည် စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အကုသလော ဓမ္မော အကုသလဿ စ အဗျာကတဿ စ ဓမ္မဿ ဣန္ဒြိယ ပစ္စယေန ပစ္စယော။ (အကု၊အကု၊ဗျာ-၃)

     အကုသိုလ်တရားသည် အကုသိုလ်တရားအားလည်းကောင်း၊ အဗျာကတတရား အားလည်း ကောင်း ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

အကုသလာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာနာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

        အကုသိုလ်စိတ်၌ရှိသော၁-နာမ်၏အသက်ဖြစ်သည့်နာမ်ဇီဝိတိနြေ္ဒ ၊၂-စိတ်၊၃- ဝေဒနာ၊ ၄–၀ီရိယနှင့်၅- သမာဓိတည်း ဟူသော နာမ်ဣနြေ္ဒငါးပါးတို့သည် အတူယှဉ်၍ဖြစ်သော နာမ်ခန္ဓာ-၄ပါး တို့အား  လည်းကောင်း၊စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အား လည်းကောင်း ဣန္ဒြိယ ပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

အဗျာကတော ဓမ္မော အဗျာကတဿ ဓမ္မဿ ဣန္ဒြိယပစ္စယေန ပစ္စယော။(ဗျာ၊ဗျာ-၁)

အဗျာကတတရားသည်အဗျာကတတရားအား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ဝိပါကာဗျာကတာ ကိရိယာဗျာကတာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ စိတ္တသမုဋ္ဌာ နာနဉ္စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ဝိပါက် ကိရိယာ အဗျာကတဖြစ်ကုန်သော နာမ်ဣနြေ္ဒရှစ်ပါးတို့သည် အတူယှဉ်၍ဖြစ်သော နာမ်ခန္ဓာတို့အား လည်းကောင်း၊ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်တို့အားလည်းကောင်း ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 ပဋိသန္ဓိက္ခဏေ ၀ိပါကာဗျာကတာ ဣန္ဒြိယာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ပဋိသန္ဓေအခါ ၀ိပါက်အဗျာကတဖြစ်သော နာမ်ဣနြေ္ဒတို့သည် အတူ         ယှဉ်ဘက် နာမ်ခန္ဓာတို့အားလည်းကောင်း၊ ပဋိသန္ဓေ ကမ္မဇရုပ်တို့အားလည်းကောင်း ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

စက္ခုန္ဒြိယံ စက္ခုဝိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။ သောတိန္ဒြိယံ သောတ ၀ိညာဏဿ။ ပ။ ဃာနိန္ဒြိယံ ဃာန၀ိညာဏဿ။ ပ။ ဇိဝှိန္ဒြိယံ ဇိဝှါဝိညာဏဿ။ ပ။ ကာယိန္ဒြိယံ ကာယ၀ိညာဏဿ ဣန္ဒြိယပစ္စယေန ပစ္စယော။

မျက်စိအကြည်ကို အစိုးရသော စက္ခုပသာဒမျက်စိအကြည်ရုပ်သည် စက္ခုဝိညာဏ်မြင် သိစိတ်အားဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ သောတပသာဒနားအကြည် ရုပ်သည် သောတ ၀ိညာဏ် ကြားသိစိတ်အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ပ။ဃာနပသာဒ နှာခေါင်းအကြည်ရုပ်သည် ဃာန၀ိညာဏ်နံသိ စိတ်အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။ ဇိဝှါပသာဒလျှာအကြည်ရုပ်သည် ဇိဝှါဝိညာဏအရသာသိစိတ်အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။။ကာယပသာဒ ကိုယ်အကြည်ရုပ်သည် ကာယ၀ိညာဏကိုယ်အထိ အတွေ့သိစိတ်အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

 

ရူပဇီဝိတိန္ဒြိယံ ကဋတ္တာရူပါနံ ဣန္ဒြိယပစ္စယေန ပစ္စယော။

ရုပ်၏အသက်ဖြစ်သော ရုပ်ဇီဝိတိနြေ္ဒသည် ပဋိသန္ဓေကမ္မဇရုပ်တို့အား ဣန္ဒြိယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။

Comments are closed.