ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂- ရန္ေအာင္ျမင္ေတာရေက်ာင္း(ၿမိဳ႕ေတာ္၀န္ေက်ာင္း)တ ြင္ ၀ိပႆ နာ တရားစခန္း (တစ္လ) ဖ ြင့္လွစ္ရန္္အစီအစဥ္ရွိပါည္။
အ ေသးစိတ္ကို ဆရာေတာ္မွ ထပ္မံ မိန္္႔ၾကားမည္ဟုသိရွိရပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္ေတာရ ေက်ာင္း (ၿမိဳ႕ ေတာ္၀န္ေက်ာင္း) ရံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၆-ဣၿႏၵိယပစၥေယာ Indriya Paccaya (Faculty condition) ေယာက်္ားဘ၀မွ မိန္းမဘ၀သို႕ ေျပာင္းသြားေသာ ေသာေရယ်သူေဌးသား(4 of 7)

၁၆-ဣၿႏၵိယပစၥေယာ Indriya Paccaya (Faculty condition)

ေယာက်္ားဘ၀မွ မိန္းမဘ၀သို႕ ေျပာင္းသြားေသာ ေသာေရယ်သူေဌးသား(4 of 7)


 ဣတၳိေၿႏၵ ႏွင့္ ပုရိသိေၿႏၵ

(ဃ-၁) ဣတၳိေၿႏၵ ႏွင့္ ပုရိသိေၿႏၵႏွစ္ပါးသည္ ရုပ္ဣေၿႏၵမ်ားျဖစ္ၾကသည္။ ဘာ၀ရုပ္ဟုလည္း ေခၚပါသည္။

(ဃ-၂)ပုမၻာ၀ရုပ္ဟူသည္ အထီးသတၱ၀ါျဖစ္လာနိုင္ရန္ အေၾကာင္းခံျဖစ္ေသာ ရုပ္ျဖစ္သည္။ ထိုအထီး သတၱ၀ါ၏ တစ္ကို္ယ္လံုး၌ ပ်ံ႕ႏံွံတည္ေန၏။ ပုရိသဘာ၀ရုပ္ဟုလည္း ေခၚ၏။

(ဃ-၃) ဣတၳိဘာ၀ရုပ္ဟူသည္ အမသတၱ၀ါျဖစ္လာနိုင္ရန္ အေၾကာင္းခံ ျဖစ္ေသာရုပ္ျဖစ္သည္။ ထိုအမ သတၱ၀ါ၏တစ္ကို္ယ္လံုး၌ပ်ံ႕ႏံွံတည္ေန၏။

(ဃ-၄) ပုမၻာ၀ရုပ္ႏွင့္ ဣတၳိဘာ၀ရုပ္တို႕သည္ ကံေၾကာင့္ျဖစ္သည့္ ရုပ္မ်ားျဖစ္၏။

(ဃ-၅) ကံထူေထာင္စဥ္က အမ်ဳိးသာကလည္း အမ်ဳိးသားကဲ့သို႕ပင္ အာရံုခံစားသည္၊ အမ်ဳိးသားကဲ့သို႕ပင္ ၀တ္စားဆင္ယင္သည္၊ အမ်ဳိးသားကဲ့သို႕ပင္ လွပခံ့ျငားျခင္းသည္၊ ဤကံတို႕ကပင္ အမ်ဳိးသားဘ၀ကို ရေစသည္။

(ဃ-၆) တစ္ဖန္ ကံထူေထာင္စဥ္က အမ်ဳိးသမီးကလည္း အမ်ဳိးသမီးကဲ့သို႕ပင္ အာရံုခံစားသည္၊ အမ်ဳိးသမီးကဲ့သို႕ပင္ ၀တ္စားဆင္ယင္သည္၊ အမ်ဳိးသမီးကဲ့သို႕ပင္လွပခံ့ျငားျခင္သည္၊ ဤကံတို႕ကပင္ အမ်ဳိးသမီးဘ၀ကို ရေစသည္။

(ဃ-၇) သို႕ေသာ္ ကာေမသုမိစၦာစာရကံကကဲ့သို႕ အကုသိုလ္ကံကို လြန္က်ဴးမိလွ်င္မူ အထီးဘ၀က အမဘ၀ နပုန္း၊ ပ႑ဳက္ဘ၀အမ်ဳိးမ်ဳိး ေဖာက္လဲြေဖာက္ျပန္ ျဖစ္သြားတတ္သည္။

 

ေယာက်္ားဘ၀မွ မိန္းမဘ၀သို႕ေျပာင္းသြားေသာ ေသာေရယ်သူေဌးသား

   ေသာေရယ်ၿမိဳ႕မွ ေသာေရယ်သူေဌးသားသည္ ျမစ္ဆိပ္ထဲ ေရကစားသြားစဥ္ ရုပ္ရည္ဥပဓိသပၸါယ္ၿပီး ဧတဒဂ္ရသည့္ ရဟႏၱာအရွင္မဟာကစၥည္းေထရ္သူျမတ္ကို ျမင္ေတြ႕ရသခိုက္စိတ္ ေဖာက္ျပန္ကာ “ဒီလိုရုပ္ေခ်ာေမာလွပတဲ့ရဟန္း ငါ့မိန္းမျဖစ္ရင္ေကာင္းမွာ…”ဟု ျပစ္မွားမိေလသည္။

     ထိုကံကသူ႕ကို ခ်က္ျခင္းအက်ဳိးေပးကာ ေသာေရယ်သူေဌးသား သည္ မိန္းမဘ၀အျဖစ္ လိင္ေျပာင္းသြားပါေတာ့သည္။ ထိုအခါသူ၏ မူလပတ္၀န္းက်င္ကို ရင္မဆိုင္၀ံ့ေတာ့သျဖင့္ ျမစ္ဆိပ္မွသည္ အိမ္မျပန္ ေတာ့ဘဲ တိတ္တဆိတ္ထြက္ခြါသြားရာ လွည္းကုန္သည္မ်ားႏွင့္အတူ လိုက္ပါၿပီး တကၠသိုလ္ျပည္သို႕ ေရာက္ရွိသြားပါသည္။

  တကၠသိုလ္ ျပည္မွ သူေဌးသားတစ္ဦးႏွင့္ အိမ္ေထာင္က်ကာ သူေဌးကေတာ္ျဖစ္သြားၿပီး သားႏွစ္ေယာက္ ထြန္းကား ခဲ့သည္။ ထိုမွ်ကာလၾကာေညာင္းလာသည့္တစ္ေန႕၌ ေသာေရယ်ၿမိဳ႕ွက ျမစ္ဆိပ္ထဲေရကစား အတူဆင္းခဲ့သည့္ရင္းႏွီးသည့္ မိတ္ေဆြတစ္ဦး တကၠသိုလ္ျပည္ကို ကုန္ေရာင္း၀ယ္ရန္ ေရာက္လာသည္ကို ေတြ႕ေလသည္။ မိတ္ေဆြကို အိမ္သို႕ဖိတ္ေခၚကာ ထမင္းေကြၽးၿပီးသူ႕ဘ၀၏ ျဖစ္ေၾကာင္းကုန္စဥ္ ေျပာၾကားလိုက္ေလသည္။

    ထိုအခါကာလတြင္ ရဟႏၱာအရွင္မဟာကစၥည္းသည္တကၠသိုလ္ ျပည္ ေရာက္ရွိသီတင္းသံုး ေတာ္မူေနပါသည္။ ထို႕ေၾကာင့္ မိတ္ေဆြျဖစ္သူက ေထရ္ရွင္ကိုအိမ္ပင့္ေပးကာ ဆြမ္းဆက္ကပ္လွဴဒါန္းၿပီး ျပစ္မွားက်ဴးလြန္ခဲ့သည့္ ထိုထိုအျပစ္တို႕ကို ကန္ေတာ့ေတာင္းပန္ေလ၏။ ေထရ္ ရွင္ခြင့္လြတ္ေတာ္မူသည္ႏွင့္တစ္ၿပိဳင္နက္ အမ်ဳိးသားဘ၀ ျပန္ျဖစ္သြားပါသည္။ထို႕ေနာက္ ေထရ္ရွင္သူျမတ္ထံပါး ရဟန္းျပဳၿပီး တရားက်င့္ႀကံခဲရာ ရဟႏၱာျဖစ္ေတာ္မူခဲ့ပါသည္။

 

၁၆-ဣန္ဒြိယပစ္စယော Indriya Paccaya (Faculty condition)

ယောကျ်ားဘဝမှ မိန်းမဘဝသို့ ပြောင်းသွားသော သောရေယျသူဌေးသား(4 of 7) Pyidaungsu – Unicode 

ဣတ္ထိန္ဒြေ နှင့် ပုရိသိန္ဒြေ

(ဃ-၁) ဣတ္ထိန္ဒြေ နှင့် ပုရိသိန္ဒြေနှစ်ပါးသည် ရုပ်ဣန္ဒြေများဖြစ်ကြသည်။ ဘာဝရုပ်ဟုလည်း ခေါ်ပါသည်။

(ဃ-၂)ပုမ္ဘာဝရုပ်ဟူသည် အထီးသတ္တဝါဖြစ်လာနိုင်ရန် အကြောင်းခံဖြစ်သော ရုပ်ဖြစ်သည်။ ထိုအထီး သတ္တဝါ၏ တစ်ကိုယ်လုံး၌ ပျံ့နံှံတည်နေ၏။ ပုရိသဘာဝရုပ်ဟုလည်း ခေါ်၏။

(ဃ-၃) ဣတ္ထိဘာဝရုပ်ဟူသည် အမသတ္တဝါဖြစ်လာနိုင်ရန် အကြောင်းခံ ဖြစ်သောရုပ်ဖြစ်သည်။ ထိုအမ သတ္တဝါ၏တစ်ကိုယ်လုံး၌ပျံ့နံှံတည်နေ၏။

(ဃ-၄) ပုမ္ဘာဝရုပ်နှင့် ဣတ္ထိဘာဝရုပ်တို့သည် ကံကြောင့်ဖြစ်သည့် ရုပ်များဖြစ်၏


(ဃ-၅) ကံထူထောင်စဉ်က အမျိုးသာကလည်း အမျိုးသားကဲ့သို့ပင် အာရုံခံစားသည်၊ အမျိုးသားကဲ့သို့ပင် ဝတ်စားဆင်ယင်သည်၊ အမျိုးသားကဲ့သို့ပင် လှပခံ့ငြားခြင်းသည်၊ ဤကံတို့ကပင် အမျိုးသားဘဝကို ရစေသည်။

(ဃ-၆) တစ်ဖန် ကံထူထောင်စဉ်က အမျိုးသမီးကလည်း အမျိုးသမီးကဲ့သို့ပင် အာရုံခံစားသည်၊ အမျိုးသမီးကဲ့သို့ပင် ဝတ်စားဆင်ယင်သည်၊ အမျိုးသမီးကဲ့သို့ပင်လှပခံ့ငြားခြင်သည်၊ ဤကံတို့ကပင် အမျိုးသမီးဘဝကို ရစေသည်။

(ဃ-၇) သို့သော် ကာမေသုမိစ္ဆာစာရကံကကဲ့သို့ အကုသိုလ်ကံကို လွန်ကျူးမိလျှင်မူ အထီးဘဝက အမဘ၀ နပုန်း၊ ပဏ္ဍုက်ဘဝအမျိုးမျိုး ဖောက်လွဲဖောက်ပြန် ဖြစ်သွားတတ်သည်။

ယောကျ်ားဘဝမှ မိန်းမဘဝသို့ပြောင်းသွားသော သောရေယျသူဌေးသား

သောရေယျမြို့မှ သောရေယျသူဌေးသားသည် မြစ်ဆိပ်ထဲ ရေကစားသွားစဉ် ရုပ်ရည်ဥပဓိသပ္ပါယ်ပြီး ဧတဒဂ်ရသည့် ရဟန္တာအရှင်မဟာကစ္စည်းထေရ်သူမြတ်ကို မြင်တွေ့ရသခိုက်စိတ် ဖောက်ပြန်ကာ “ဒီလိုရုပ်ချောမောလှပတဲ့ရဟန်း ငါ့မိန်းမဖြစ်ရင်ကောင်းမှာ…”ဟု ပြစ်မှားမိလေသည်။

ထိုကံကသူ့ကို ချက်ခြင်းအကျိုးပေးကာ သောရေယျသူဌေးသား သည် မိန်းမဘဝအဖြစ် လိင်ပြောင်းသွားပါတော့သည်။ ထိုအခါသူ၏ မူလပတ်ဝန်းကျင်ကို ရင်မဆိုင်ဝံ့တော့သဖြင့် မြစ်ဆိပ်မှသည် အိမ်မပြန် တော့ဘဲ တိတ်တဆိတ်ထွက်ခွါသွားရာ လှည်းကုန်သည်များနှင့်အတူ လိုက်ပါပြီး တက္ကသိုလ်ပြည်သို့ ရောက်ရှိသွားပါသည်။


တက္ကသိုလ် ပြည်မှ သူဌေးသားတစ်ဦးနှင့် အိမ်ထောင်ကျကာ သူဌေးကတော်ဖြစ်သွားပြီး သားနှစ်ယောက် ထွန်းကား ခဲ့သည်။ ထိုမျှကာလကြာညောင်းလာသည့်တစ်နေ့၌ သောရေယျမြို့ှက မြစ်ဆိပ်ထဲရေကစား အတူဆင်းခဲ့သည့်ရင်းနှီးသည့် မိတ်ဆွေတစ်ဦး တက္ကသိုလ်ပြည်ကို ကုန်ရောင်းဝယ်ရန် ရောက်လာသည်ကို တွေ့လေသည်။ မိတ်ဆွေကို အိမ်သို့ဖိတ်ခေါ်ကာ ထမင်းကျွေးပြီးသူ့ဘဝ၏ ဖြစ်ကြောင်းကုန်စဉ် ပြောကြားလိုက်လေသည်။

ထိုအခါကာလတွင် ရဟန္တာအရှင်မဟာကစ္စည်းသည်တက္ကသိုလ် ပြည် ရောက်ရှိသီတင်းသုံး တော်မူနေပါသည်။ ထို့ကြောင့် မိတ်ဆွေဖြစ်သူက ထေရ်ရှင်ကိုအိမ်ပင့်ပေးကာ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ပြစ်မှားကျူးလွန်ခဲ့သည့် ထိုထိုအပြစ်တို့ကို ကန်တော့တောင်းပန်လေ၏။ ထေရ် ရှင်ခွင့်လွတ်တော်မူသည်နှင့်တစ်ပြိုင်နက် အမျိုးသားဘ၀ ပြန်ဖြစ်သွားပါသည်။ထို့နောက် ထေရ်ရှင်သူမြတ်ထံပါး ရဟန်းပြုပြီး တရားကျင့်ကြံခဲရာ ရဟန္တာဖြစ်တော်မူခဲ့ပါသည်။

Comments are closed.