ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂- ရန္ေအာင္ျမင္ ေတာရ (ၿမိဳ႕ေတာ္၀န္)ေက်ာင္းတြင္ ဝိပႆနာတရားစခန္း အမွတ္စဥ္(၁၅၈)ကို ဖြင့္လွစ္ပါမည္။ သင္တန္းကာလ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ (၁၇)ရက္၊ တနဂၤေႏြေန႔ညေနမွ ႏို၀င္ဘာလ (၂၄)ရက္ေန႔ တနဂၤေႏြေန႔ညေနအထိျဖစ္ပါသည္။ သင္တန္းသား စာရင္း ကန္႔သတ္ထားပါသျဖင့္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ပါသည္။

၃-ႏို၀င္ဘာလ(၁၇)ရက္ေန႔မွ (၂၄)ရက္ေန႕ထိ (၇)ရက္တရားစခန္းတ ြင္ အနႏၲရမ်ိဳးျဖစ္သည့္ အနႏၲရ၊ သမနႏၲရ၊ အာေသ၀န၊ နာနာကၡဏိကကမၼ၊ နတၱိ၊ ၀ိဂတႏွင့္ ပ႒ာန္းမာတိကာကို ပို႔ခ်မည္ဟု သိရွိရပါသျဖင့္ ႀကိဳတင္ပူေဇာ္ထားႏိုင္ရန္ႏွင့္ ပ႒ာန္း(၅)က်မ္းကိုပါ ယူေဆာင္လာပါရန္ ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္(ၿမိဳ႕ေတာ္၀န္)ေက်ာင္း ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၆-ဣၿႏၵိယပစၥေယာ Indriya Paccaya (Faculty condition) သုျဗဟၼာနတ္သား၀တၳဳ (6 of 7)

၁၆-ဣၿႏၵိယပစၥေယာ Indriya Paccaya (Faculty condition)       သုျဗဟၼာနတ္သား၀တၳဳ (6 of 7) zawgyi

 

 ဆႏၵထက္သန္သူမွသာ အရိယာျဖစ္မည္

(ဆ) စိတ္ဆႏၵထက္သန္သူသာ အရိယာျဖစ္မည္

၁။ သီလသိကၡာကို ေစာင့္ထိမ္းရာ၌ စိတ္ဆႏၵထက္သန္၏။

၂။တရားကို ဆင္ျခင္ရာ၌ စိတ္ဆႏၵထက္သန္၏။

၃။ကိေလသာတဏွာကို တူးၿဖိဳးရာ၌ စိတ္ဆႏၵထက္သန္၏။

၄။ဆိတ္ၿငိမ္ရာတြင္ တစ္ဦးတည္းေနျခင္း၌ စိတ္ဆႏၵထက္သန္၏။

၅။လံု႕လ၀ီရိယအရာ၌ စိတ္ဆႏၵထက္သန္၏။

၆။သတိပညာ၌ စိတ္ဆႏၵထက္သန္၏။

၇။အရိယာျဖစ္ရန္ စိတ္ဆႏၵထက္သန္၏။

ဤအျခင္းအရာ-၇ပါး၌ စိတ္ဆႏၵသည္ တစ္ခဏထက္သန္ျခင္းမဟုတ္ဘဲ ယခုေရာေႏွာင္ပါအစဥ္ အၿမဲထက္သန္ေနရ၏။

လကၤာ-သီလ၊ တရား၊ ကိေလသာ၊ တစ္ကိုယ္တည္း ေပ်ာ္တတ္ၿပီ။  

၀ီရိယ၊ ပညာ၊ အရိယာဆႏၵထက္သန္၏။

 

 

                              သုျဗဟၼာနတ္သား၀တၳဳ

    သုျဗဟၼာနတ္သားသည္ နႏၵ၀န္ဥယ်ာဥ္အတြင္း၌ နတ္သမီးတစ္ေထာင္ႏွင့္ ျမဴးတူးေပ်ာ္ပါးကာ နတ္စည္းစိမ္ကို ခံစားေနပါသည္။ နတ္သမီးငါးရာတို႕က ပန္းပင္ေပၚတက္ၿပီး ပန္းပြင့္မ်ားေျခြခ် ေပးၾကပါသည္။ က်န္နတ္သမီးငါးရာတို႕က ေၾကြက်လာသည့္ပန္းမ်ားကို နတ္သားဆင္ျမန္နိုင္ရန္ သီဆိုကခုန္ကာ သီကံုးေနၾကပါသည္။ အတန္ၾကာေသာ္အခါ ပန္းပင္ေပၚကပန္း လည္းက်မလာ၊ နတ္သမီးတို႕ ၏အသံကိုလည္း မၾကားရေတာ့သျဖင့္ နတ္သားက “ငါ့ရဲ့နတ္သမီးေတြ ဘယ္မ်ား သြားၾကပါလိမ့္”ဟု သူ၏ဒိဗၺစကၡဳနတ္မ်က္စိျဖင့္ ၾကည့္ေသာ္အခါ သစ္ပင္ေပၚမွ နတ္သမီးငါးရာအားလံုး ငရဲေရာက္သြားၿပီး ငရဲဒုကၡခံေနရသည္ကို ေတြ႕ျမင္ရေတာ့သည္။

      ထိုအခါအခါ နတ္သားသည္ အလြန္အမင္းစိတ္ေသာက ျဖစ္လာပါေတာ့သည္။ ဆက္လက္ၿပီးသူ၏ လားရာကို ၾကည့္ေသာအခါ၌လည္း က်န္နတ္သမီးငါးရာႏွင့္အတူ သူသည္ ယေန႔မွသည္-၇ ရက္ျပည့္လွ်င္ ငရဲကိုလားရေတာ့မည္အေၾကာင္း သိရွိရသျဖင့္ ပူေဆြးငိုေၾကြးကာ ေဆာက္တည္ရာမရ ျဖစ္သြားပါသည္။

           ‘လူ႕ျပည္မွျမတ္စြာဘုရားသည္သာ ငါ၏ ကိုးကြယ္ရာေထာက္တည္ရာ ျဖစ္ေလၿပီ’ဟ ုႀကံေတြးကာ ဘုရားထံေတာ္ပါး ခ်ဥ္းကပ္ရာ ျမတ္စြာဘုရားက

      “နာညၾတ ေဗာဇၥ်ာ တပသာ၊နာညႀတိၿႏၵိယ သံ၀ရာ။

      နာညၾတာ သဗၺနိႆဂၢါ ၊ ေသာတၳိ ံ ပႆာမိ ပါဏိနံ”

“ေဗာဇၥ်ဥ္တရားပြားမ်ားျခင္းကိုဖယ္ထား၍ သတၱ၀ါတို႕၏ ခ်မ္းသာခြင့္ကို ငါဘုရားမျမင္၊

ၿခိဳးၿခံေသာအက်င့္က်င့္ျခင္းကို ဖယ္ထား၍ သတၱ၀ါတို႕၏ ခ်မ္းသာခြင့္ကို ငါဘုရားမျမင္၊

ဣေႁႏၵေစာင့္စည္းျခင္းကို ဖယ္ထား၍ သတၱ၀ါတို႕၏ ခ်မ္းသာခြင့္ကို ငါဘုရားမျမင္၊

အလံုးစံုၿငိတြယ္ျခင္းကင္းေသာ နိဗၺာန္ကိုဖယ္ထား၍ သတၱ၀ါတို႕၏ ခ်မ္းသာခြင့္ ကိုငါဘုရား မျမင္”ဟု သုျဗဟၼာနတ္သားကို မိန္႕ၾကားေတာ္မူပါသည္။ ေဒသနာေတာ္အဆံုး၌ ေသာတာပန္တည္သြား၏။

     ထို႕ေၾကာင့္ ဤ၀တၳဳ၌လာရွိသည့္ ဣေႁႏၵ-၆ပါးဟူသည္ ၁-စကၡဳေၿႏၵ၊၂- ေသာတိေၿႏၵ၊ ၃-ဃာနိေၿႏ၊ ၄-ဇိ၀ွိေၿႏ၊ ၅- ကာယိေၿႏႏွင့္ ၆-မနိေၿႏတို႕ျဖစ္သည္။ ထိုထို မ်က္စိ၊နား၊ႏွာေခါင္း၊လွ်ာ၊ ကိုယ္စိတ္တို႕ ကိုမေစာင့္ထိန္းဘဲ သတၱ၀ါတို႔ ခ်မ္းသာမည္မဟုတ္ေၾကာင္းကို သိရန္လိုေပသည္။ ဣေႁႏၵ-၆ပါးကို ေစာင့္စည္းရန္ ပိဋကတ္ေတာ္တြင္  ေနရာမ်ားစြာတြင္ ျမတ္စြာဘုရား ေဟာၾကားဆံုးမေတာ္မူပါသည္။ ေယာဂီမ်ား ၀ိပႆနာတရားအားထုတ္ျခင္းဟူသည္မွာလည္း ထို ထိုဒြါရတံခါး၀၌ ထင္လာသည့္အာရံုတို႕ကို ရွဳမွတ္ေနျခင္းပင္ ျဖစ္ေပသည္။  (က်မ္းညႊန္း-သဂါထာ၀ဂၢသံယုတ္ ႏွာ-၇၆) 

 

၁၆-ဣန္ဒြိယပစ္စယော Indriya Paccaya (Faculty condition) သုဗြဟ္မာနတ်သားဝတ္ထု (6 of 7) Pyidaungsu – Unicode

ဆန္ဒထက်သန်သူမှသာ အရိယာဖြစ်မည်

(ဆ) စိတ်ဆန္ဒထက်သန်သူသာ အရိယာဖြစ်မည်

၁။ သီလသိက္ခာကို စောင့်ထိမ်းရာ၌ စိတ်ဆန္ဒထက်သန်၏။

၂။တရားကို ဆင်ခြင်ရာ၌ စိတ်ဆန္ဒထက်သန်၏။

၃။ကိလေသာတဏှာကို တူးဖြိုးရာ၌ စိတ်ဆန္ဒထက်သန်၏။

၄။ဆိတ်ငြိမ်ရာတွင် တစ်ဦးတည်းနေခြင်း၌ စိတ်ဆန္ဒထက်သန်၏။

၅။လုံ့လဝီရိယအရာ၌ စိတ်ဆန္ဒထက်သန်၏။

၆။သတိပညာ၌ စိတ်ဆန္ဒထက်သန်၏။

၇။အရိယာဖြစ်ရန် စိတ်ဆန္ဒထက်သန်၏။


ဤအခြင်းအရာ-၇ပါး၌ စိတ်ဆန္ဒသည် တစ်ခဏထက်သန်ခြင်းမဟုတ်ဘဲ ယခုရောနှောင်ပါအစဉ် အမြဲထက်သန်နေရ၏။

လင်္ကာ-သီလ၊ တရား၊ ကိလေသာ၊ တစ်ကိုယ်တည်း ပျော်တတ်ပြီ။

ဝီရိယ၊ ပညာ၊ အရိယာဆန္ဒထက်သန်၏။

 

သုဗြဟ္မာနတ်သားဝတ္ထု

သုဗြဟ္မာနတ်သားသည် နန္ဒဝန်ဥယျာဉ်အတွင်း၌ နတ်သမီးတစ်ထောင်နှင့် မြူးတူးပျော်ပါးကာ နတ်စည်းစိမ်ကို ခံစားနေပါသည်။ နတ်သမီးငါးရာတို့က ပန်းပင်ပေါ်တက်ပြီး ပန်းပွင့်များခြွေချ ပေးကြပါသည်။ ကျန်နတ်သမီးငါးရာတို့က ကြွေကျလာသည့်ပန်းများကို နတ်သားဆင်မြန်နိုင်ရန် သီဆိုကခုန်ကာ သီကုံးနေကြပါသည်။ အတန်ကြာသော်အခါ ပန်းပင်ပေါ်ကပန်း လည်းကျမလာ၊ နတ်သမီးတို့ ၏အသံကိုလည်း မကြားရတော့သဖြင့် နတ်သားက “ငါ့ရဲ့နတ်သမီးတွေ ဘယ်များ သွားကြပါလိမ့်”ဟု သူ၏ဒိဗ္ဗစက္ခုနတ်မျက်စိဖြင့် ကြည့်သော်အခါ သစ်ပင်ပေါ်မှ နတ်သမီးငါးရာအားလုံး ငရဲရောက်သွားပြီး ငရဲဒုက္ခခံနေရသည်ကို တွေ့မြင်ရတော့သည်။


ထိုအခါအခါ နတ်သားသည် အလွန်အမင်းစိတ်သောက ဖြစ်လာပါတော့သည်။ ဆက်လက်ပြီးသူ၏ လားရာကို ကြည့်သောအခါ၌လည်း ကျန်နတ်သမီးငါးရာနှင့်အတူ သူသည် ယနေ့မှသည်-၇ ရက်ပြည့်လျှင် ငရဲကိုလားရတော့မည်အကြောင်း သိရှိရသဖြင့် ပူဆွေးငိုကြွေးကာ ဆောက်တည်ရာမရ ဖြစ်သွားပါသည်။

‘လူ့ပြည်မှမြတ်စွာဘုရားသည်သာ ငါ၏ ကိုးကွယ်ရာထောက်တည်ရာ ဖြစ်လေပြီ’ဟ ုကြံတွေးကာ ဘုရားထံတော်ပါး ချဉ်းကပ်ရာ မြတ်စွာဘုရားက

“နာညတြ ဗောဇ္ဈာ တပသာ၊နာညတြိန္ဒြိယ သံဝရာ။

နာညတြာ သဗ္ဗနိဿဂ္ဂါ ၊ သောတ္ထိ ံ ပဿာမိ ပါဏိနံ”

“ဗောဇ္ဈဉ်တရားပွားများခြင်းကိုဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမမြင်၊

ခြိုးခြံသောအကျင့်ကျင့်ခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမမြင်၊

ဣန္ဒြေစောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရားမမြင်၊

အလုံးစုံငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကိုဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့် ကိုငါဘုရား မမြင်”ဟု သုဗြဟ္မာနတ်သားကို မိန့်ကြားတော်မူပါသည်။ ဒေသနာတော်အဆုံး၌ သောတာပန်တည်သွား၏။

ထို့ကြောင့် ဤဝတ္ထု၌လာရှိသည့် ဣန္ဒြေ-၆ပါးဟူသည် ၁-စက္ခုန္ဒြေ၊၂- သောတိန္ဒြေ၊ ၃-ဃာနိနြေ၊ ၄-ဇိဝှိနြေ၊ ၅- ကာယိနြေနှင့် ၆-မနိနြေတို့ဖြစ်သည်။ ထိုထို မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ ကိုယ်စိတ်တို့ ကိုမစောင့်ထိန်းဘဲ သတ္တဝါတို့ ချမ်းသာမည်မဟုတ်ကြောင်းကို သိရန်လိုပေသည်။ ဣန္ဒြေ-၆ပါးကို စောင့်စည်းရန် ပိဋကတ်တော်တွင် နေရာများစွာတွင် မြတ်စွာဘုရား ဟောကြားဆုံးမတော်မူပါသည်။ ယောဂီများ ဝိပဿနာတရားအားထုတ်ခြင်းဟူသည်မှာလည်း ထို ထိုဒွါရတံခါးဝ၌ ထင်လာသည့်အာရုံတို့ကို ရှုမှတ်နေခြင်းပင် ဖြစ်ပေသည်။ (ကျမ်းညွှန်း-သဂါထာဝဂ္ဂသံယုတ် နှာ-၇၆)

Comments are closed.