ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂- ရန္ေအာင္ျမင္ ေတာရ (ၿမိဳ႕ေတာ္၀န္)ေက်ာင္းတြင္ ဝိပႆနာတရားစခန္း အမွတ္စဥ္(၁၅၈)ကို ဖြင့္လွစ္ပါမည္။ သင္တန္းကာလ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ (၁၇)ရက္၊ တနဂၤေႏြေန႔ညေနမွ ႏို၀င္ဘာလ (၂၄)ရက္ေန႔ တနဂၤေႏြေန႔ညေနအထိျဖစ္ပါသည္။ သင္တန္းသား စာရင္း ကန္႔သတ္ထားပါသျဖင့္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ပါသည္။

၃-ႏို၀င္ဘာလ(၁၇)ရက္ေန႔မွ (၂၄)ရက္ေန႕ထိ (၇)ရက္တရားစခန္းတ ြင္ အနႏၲရမ်ိဳးျဖစ္သည့္ အနႏၲရ၊ သမနႏၲရ၊ အာေသ၀န၊ နာနာကၡဏိကကမၼ၊ နတၱိ၊ ၀ိဂတႏွင့္ ပ႒ာန္းမာတိကာကို ပို႔ခ်မည္ဟု သိရွိရပါသျဖင့္ ႀကိဳတင္ပူေဇာ္ထားႏိုင္ရန္ႏွင့္ ပ႒ာန္း(၅)က်မ္းကိုပါ ယူေဆာင္လာပါရန္ ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္(ၿမိဳ႕ေတာ္၀န္)ေက်ာင္း ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၁၆-ဣၿႏၵိယပစၥေယာ Indriya Paccaya (Faculty condition) ေသျခင္းတရား (7 of 7)

၁၆-ဣၿႏၵိယပစၥေယာ Indriya Paccaya (Faculty condition)     

  ေသျခင္းတရား (7 of 7)  zawgyi

ေသျခင္းသေဘာတရား

(ဇ-၁)  အာယုဥသၼာ  ၀ိညာဏံ ၊ယဒါ ကာယံ ဇဟႏၱိမံ၊                                                          အပ၀ိေဒၶါ တဒါ ေသတိ၊နိရတၳံ၀ ကလိဂၤရံ။     

                     

အာယုအသက္ဟူေသာ ရုပ္ဇီ၀ိတႏွင့္ နာမ္ဇီ၀ိတ၊ ဥသၼာဟူေသာ ကိုယ္ေငြ႕(ဥသၼာ ေတေဇာဓာတ္) ႏွင့္၀ိညာဏ္ဓါတ္တို႕က ခႏၶာကိုယ္ႀကီးကိုစြန္႕သြားေသာ အခါဤကိုယ္ ေကာင္ႀကီးသည္ ပိုးေလာက္ စသည္တို႕၏အစာျဖစ္ေပေတာ့၏။

(ဇ-၂)၀ိညာဥ္ လိပ္ျပာထြက္သြားသည္မဟုတ္ဘဲ အသက္ရွင္ေစနိုင္သည့္အေၾကာင္းတရား မ်ားပ်က္စီး သြားသျဖင့္ေသဆံုးျခင္းျဖစ္ပါသည္။

(ဇ-၃)လူသားအမ်ားေတြးထင္ၾကသည့္အသက္ဟူေသာ အေကာင္အထည္ကားမဟုတ္ေပ။ ဓာတ္သဘာ၀ သက္သက္မွ်သာျဖစ္၏။ ဗုဒၶေဒသနာေတာ္ အရ ဘ၀ကူး ေျပာင္းရာတြင္္ အသက္၊လိပ္ျပာ ၊အတၱ ဟူ၍ မရွိေပ။

(ဇ-၄)ေရွ႕ကရုပ္ဇီ၀ိတႏွင့္နာမ္ဇီ၀ိတတို႕ကေပၚၿပီးေပ်ာက္၊ျဖစ္ေပၚလာၿပီးခ်ဳပ္ၿငိမ္းသြားေသာ္ လည္းေနာက္ ေနာက္ဇီ၀တမ်ားကို ]ဒို႕ျဖစ္သလိုျဖစ္ရစ္ၾကေနာ္} ဟုမေျပာေသာ္လည္း ေျပာဘိသကဲ့သို႕ အဆက္ဆက္ ေစာင့္ေရွာက္ျခင္းျဖစ္သည္။

(ဇ-၅)ပမာျပရေသာ္ စကၡဳပသာဒအၾကည္ဓာတ္ရုပ္တရားကအဆင္းကိုျမင္နိုင္ျခင္းမွာထို ဇီ၀ိတဟူေသာ အေၾကာင္းလည္းတစ္ေၾကာင္းပါ၀င္သည္။

(သ)ထို႕ေၾကာင့္အတၱ၊လိပ္ျပာ၊အသက္ေကာင္ပမာ ထာ၀ရ အျဖစ္တည္တံ့ေနျခင္းကား မဟုတ္ေပ။

(ဇ-၆)ျပဳခဲ့ၿပီးသည့္ကံ၏သတၱိ Potential energy ေၾကာင့္ဘ၀အသစ္ကိုရလာျခင္းျဖစ္သည္။

(ဇ-၇)ကံသည္ဘ၀အသစ္ကိုထူေထာင္ေပးၿပီးရုပ္ဇီ၀ိတ၊နာမ္ဇီ၀ိတကေစာင့္ေရွာက္ေပးၾကသည္။ စာေပလာ ဥပမာမွာမိခင္က သားကိုေမြးဖြားေပးၿပီးႏုိ႕ထိန္းက သားကေလးႀကီးျပင္းလာခ်ိန္အထိေစာင့္ေရွာက္သည္ႏွင့္ တူပါသည္။ မိခင္ရင္းသည္ကံႏွင့္တူၿပီး ၊ႏို႕ထိန္းမွာရုပ္ဇီ၀ိတႏွင့္ နာမ္ဇီ၀ိတတို႕ႏွင့္တူေလသည္။

       ဣၿႏၵိယပစၥည္းသည္နာမ္တရားက နာမ္႐ုပ္တရား (Mind to mind – matter) ကိုလည္းေကာင္း၊ ရုပ္တရားကနာမ္တရား (Matter to mind)  ကိုလည္းေကာင္း၊ရုပ္တရားကရုပ္တရား( matter to matter )တို႕ကို လည္းေကာင္း အျပန္အလွန္ေက်းဇူးျပဳေသာပစၥည္းျဖစ္သည္။       

 

၁၆-ဣန္ဒြိယပစ္စယော Indriya Paccaya (Faculty condition)

သေခြင်းတရား (7 of 7) Pyidaungsu – Unicode 

သေခြင်းသဘောတရား

(ဇ-၁) အာယုဥသ္မာ ဝိညာဏံ ၊ယဒါ ကာယံ ဇဟန္တိမံ၊ အပဝိဒ္ဓေါ တဒါ သေတိ၊နိရတ္ထံ၀ ကလိင်္ဂရံ။

အာယုအသက်ဟူသော ရုပ်ဇီဝိတနှင့် နာမ်ဇီဝိတ၊ ဥသ္မာဟူသော ကိုယ်ငွေ့(ဥသ္မာ တေဇောဓာတ်) နှင့်ဝိညာဏ်ဓါတ်တို့က ခန္ဓာကိုယ်ကြီးကိုစွန့်သွားသော အခါဤကိုယ် ကောင်ကြီးသည် ပိုးလောက် စသည်တို့၏အစာဖြစ်ပေတော့၏။

(ဇ-၂)ဝိညာဉ် လိပ်ပြာထွက်သွားသည်မဟုတ်ဘဲ အသက်ရှင်စေနိုင်သည့်အကြောင်းတရား များပျက်စီး သွားသဖြင့်သေဆုံးခြင်းဖြစ်ပါသည်။

(ဇ-၃)လူသားအများတွေးထင်ကြသည့်အသက်ဟူသော အကောင်အထည်ကားမဟုတ်ပေ။ ဓာတ်သဘာ၀ သက်သက်မျှသာဖြစ်၏။ ဗုဒ္ဓဒေသနာတော် အရ ဘဝကူး ပြောင်းရာတွင် အသက်၊လိပ်ပြာ ၊အတ္တ ဟူ၍ မရှိပေ။


(ဇ-၄)ရှေ့ကရုပ်ဇီဝိတနှင့်နာမ်ဇီဝိတတို့ကပေါ်ပြီးပျောက်၊ဖြစ်ပေါ်လာပြီးချုပ်ငြိမ်းသွားသော် လည်းနောက် နောက်ဇီဝတများကို ]ဒို့ဖြစ်သလိုဖြစ်ရစ်ကြနော်} ဟုမပြောသော်လည်း ပြောဘိသကဲ့သို့ အဆက်ဆက် စောင့်ရှောက်ခြင်းဖြစ်သည်။

(ဇ-၅)ပမာပြရသော် စက္ခုပသာဒအကြည်ဓာတ်ရုပ်တရားကအဆင်းကိုမြင်နိုင်ခြင်းမှာထို ဇီဝိတဟူသော အကြောင်းလည်းတစ်ကြောင်းပါဝင်သည်။

(သ)ထို့ကြောင့်အတ္တ၊လိပ်ပြာ၊အသက်ကောင်ပမာ ထာဝရ အဖြစ်တည်တံ့နေခြင်းကား မဟုတ်ပေ။

(ဇ-၆)ပြုခဲ့ပြီးသည့်ကံ၏သတ္တိ Potential energy ကြောင့်ဘဝအသစ်ကိုရလာခြင်းဖြစ်သည်။

(ဇ-၇)ကံသည်ဘဝအသစ်ကိုထူထောင်ပေးပြီးရုပ်ဇီဝိတ၊နာမ်ဇီဝိတကစောင့်ရှောက်ပေးကြသည်။ စာပေလာ ဥပမာမှာမိခင်က သားကိုမွေးဖွားပေးပြီးနို့ထိန်းက သားကလေးကြီးပြင်းလာချိန်အထိစောင့်ရှောက်သည်နှင့် တူပါသည်။ မိခင်ရင်းသည်ကံနှင့်တူပြီး ၊နို့ထိန်းမှာရုပ်ဇီဝိတနှင့် နာမ်ဇီဝိတတို့နှင့်တူလေသည်။

ဣန္ဒြိယပစ္စည်းသည်နာမ်တရားက နာမ်ရုပ်တရား (Mind to mind – matter) ကိုလည်းကောင်း၊ ရုပ်တရားကနာမ်တရား (Matter to mind) ကိုလည်းကောင်း၊ရုပ်တရားကရုပ်တရား( matter to matter )တို့ကို လည်းကောင်း အပြန်အလှန်ကျေးဇူးပြုသောပစ္စည်းဖြစ်သည်။

Comments are closed.