ရည်ရွယ်ချက်
တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးတတ်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်။
Soon:
၁- လယ်ဝေးမြို့နယ် သပြေပင် ရန်ကင်းတောရ ပရိယတ် ပဋိပတ်ဌာနတွင် တနင်္ဂနွေအပါတ်စဉ်ဖွင့်လှစ်ပို့ချလျက်ရှိသော အဘိဓမ္မာအမြင်ဖွင့် သင်တန်းကို ရန်အောင်မြင်တောရ(မြို့တော်ဝန်ကျောင်း) သံတမန်ဇုန်နှင့် ရတနာမဉ္စ (R)3လမ်း အကြား၊ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်သို့ ပြောင်းရွှေဖွင့်လှစ်ထားပါသည်။
၂- ရန်အောင်မြင် တောရ (မြို့တော်ဝန်)ကျောင်းတွင် ဝိပဿနာတရားစခန်း အမှတ်စဉ်(၁၅၈)ကို ဖွင့်လှစ်ပါမည်။ သင်တန်းကာလ၂၀၁၉ခုနှစ် နိုဝင်ဘာလ (၁၇)ရက်၊ တနင်္ဂနွေနေ့ညနေမှ နိုဝင်ဘာလ (၂၄)ရက်နေ့ တနင်္ဂနွေနေ့ညနေအထိဖြစ်ပါသည်။ သင်တန်းသား စာရင်း ကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
၃-နိုဝင်ဘာလ(၁၇)ရက်နေ့မှ (၂၄)ရက်နေ့ထိ (၇)ရက်တရားစခန်းတွင် အနန္တရမျိုးဖြစ်သည့် အနန္တရ၊ သမနန္တရ၊ အာသေ၀န၊ နာနာက္ခဏိကကမ္မ၊ နတ္တိ၊ ၀ိဂတနှင့် ပဋ္ဌာန်းမာတိကာကို ပို့ချမည်ဟု သိရှိရပါသဖြင့် ကြိုတင်ပူဇော်ထားနိုင်ရန်နှင့် ပဋ္ဌာန်း(၅)ကျမ်းကိုပါ ယူဆောင်လာပါရန် ဆရာလေးတို့က ကုသိုလ်မျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။
ဆရာလေးများ ရန်အောင်မြင်(မြို့တော်ဝန်)ကျောင်း ရုံးခန်း
ဖုန်း—09 830 4446 — 09 797 303021 — 09 430 757 04
Email: ven.khemananda.brahmana@gmail.com
ဝိပဿနာဟူသည် ပဋ္ဌာန်းတရားတော်ကို ရှုပွားနေခြင်းပေတည်း (5 of 7) zawgyi
(စ-၁) အကြောင်းဓမ္မတည်းဟူသော နာမ်ဣနြေ္ဒ သဒ္ဓါတရားက အကျိုးဓမ္မတည်းဟူသော စိတ္တဇ ရုပ်ကို ကျေးဇူးပြုပုံကို ပမာပြုကာဖေါ်ပြပါမည်။ တနင်္ဂနွေနေ့ ပဋ္ဌာန်းသင်တန်း တက်ရတော့မည် ဖြစ်သဖြင့် နာမ်ဣနြေ္ဒတစ်ပါး ဖြစ်သည့် သဒ္ဓါတရားနှင့် ယှဉ်ဘက်စိတ်စေတသိက်တရားတို့က ထိုနေ့ နံနက်ကတည်းကပင် ထက်သန်ရုံမက ရုပ်ခန္ဓာ ကိုယ်ကောင်ကြီးကပါ ဖျတ်လတ်၊ သွက်လက်၊ ရွှင်လန်းနေခြင်းသည် အကြောင်းဓမ္မဖြစ်သည့် နာမ်ဣနြေ္ဒသဒ္ဓါတရားက အကျိုးဓမ္မဖြစ်သည့် စိတ္တဇရုပ်ကို ကျေးဇူးပြုခြင်း ပေတည်း။
(စ-၂) နာမ်ဣနြေ္ဒတစ်ပါးဖြစ်သည့်  သဒ္ဓါတရားလျော့နည်း၊ ညံ့ဖျင်းသွားပါမူ ကိုယ်အမူအရာ၊ နုတ်အမူအရာဟူသော စိတ္တဇရုပ်တို့လည်း လျော့ရဲသွား သည်ကို မိမိတို့၏လက်တွေ့ဘ၀ထဲတွင် နားလည်နိုင်ပါသည်။ (စ-၃) ခံစားမှုဝေဒနာကြောင့်၊ တည်ကြည်မှုသမာဓိကြောင့် ၊ စိတ်ကြောင့်၊ အသိဉာဏ်ပညာစသည် နာမ်ဣနြေ္ဒတို့ကြောင့် စိတ္တဇရုပ်ကို ကျေးဇူးပြုရာ၌လည်း အလားတူ နားလည်နိုင်ပေတော့မည်။
၁၆-ဣန္ဒြိယပစ္စယော Indriya Paccaya (Faculty condition) ဝိပဿနာဟူသည် ပဋ္ဌာန်းတရားတော်ကို ရှုပွားနေခြင်းပေတည်း (5 of 7)  Pyidaungsu – Unicode 
ရုပ်ဇီဝိတနှင့် နာမ်ဇီဝိတ
(င-၁) နာမ်တရား၊ ရုပ်တရားဟူသည် စိတ်-၈၉ပါး၊ စေတသိက်-၅၂ပါး၊ ရုပ်-၂၈ပါး၊နိဗ္ဗာန်တို့ဖြစ်၏။ ၎င်းတို့ သည် ပရမတ္ထတရားများ ဖြစ်ကြသည်။ ၎င်းကို အကျဉ်းအားဖြင့် ရုပ်နာမ်နှစ်ပါးဟု ခေါ်သြည်။
(င-၂) ရုပ်-၂၈ပါးထဲတွင် ရုပ်၏အသက်ဟူသော ရုပ်ဇီဝိတရှိ၏။ ၎င်းရုပ်ဇီဝိတကသူနှင့် အတူဖြစ်သည့် ကမ္မဇ ရုပ်တို့ကို မပုပ်သိုးမပျက်စီးစေရန် စိုးမိုးအုပ်ချုပ်ကာ ကျေးဇူးပြု၏။
(င-၃) နာမ်တရား-၅၂ပါးကို နာမ်၏အသက်ဟူသော နာမ်ဇီဝိတ မပျက်စီးစေရန် စိုးမိုးအုပ်ချုပ်ကာ ကျေးဇူးပြု၏။ ဝိပဿနာဟူသည် ပဋ္ဌာန်းတရားတော်ကို ရှုပွားနေခြင်းပေတည်း
(စ-၁) အကြောင်းဓမ္မတည်းဟူသော နာမ်ဣန္ဒြေ သဒ္ဓါတရားက အကျိုးဓမ္မတည်းဟူသော စိတ္တဇ ရုပ်ကို ကျေးဇူးပြုပုံကို ပမာပြုကာဖေါ်ပြပါမည်။ တနင်္ဂနွေနေ့ ပဋ္ဌာန်းသင်တန်း တက်ရတော့မည် ဖြစ်သဖြင့် နာမ်ဣန္ဒြေတစ်ပါး ဖြစ်သည့် သဒ္ဓါတရားနှင့် ယှဉ်ဘက်စိတ်စေတသိက်တရားတို့က ထိုနေ့ နံနက်ကတည်းကပင် ထက်သန်ရုံမက ရုပ်ခန္ဓာ ကိုယ်ကောင်ကြီးကပါ ဖျတ်လတ်၊ သွက်လက်၊ ရွှင်လန်းနေခြင်းသည် အကြောင်းဓမ္မဖြစ်သည့် နာမ်ဣန္ဒြေသဒ္ဓါတရားက အကျိုးဓမ္မဖြစ်သည့် စိတ္တဇရုပ်ကို ကျေးဇူးပြုခြင်း ပေတည်း။
(စ-၂) နာမ်ဣန္ဒြေတစ်ပါးဖြစ်သည့် သဒ္ဓါတရားလျော့နည်း၊ ညံ့ဖျင်းသွားပါမူ ကိုယ်အမူအရာ၊ နုတ်အမူအရာဟူသော စိတ္တဇရုပ်တို့လည်း လျော့ရဲသွား သည်ကို မိမိတို့၏လက်တွေ့ဘဝထဲတွင် နားလည်နိုင်ပါသည်။ (စ-၃) ခံစားမှုဝေဒနာကြောင့်၊ တည်ကြည်မှုသမာဓိကြောင့် ၊ စိတ်ကြောင့်၊ အသိဉာဏ်ပညာစသည် နာမ်ဣန္ဒြေတို့ကြောင့် စိတ္တဇရုပ်ကို ကျေးဇူးပြုရာ၌လည်း အလားတူ နားလည်နိုင်ပေတော့မည်။
(စ-၄) စိတ်က အဆင်းအာရုံ၊ အသံအာရုံစသည့် အာရုံအသစ်ကို ယူနိုင်ရန် တိုက်ရိုက်မစွမ်းနိုင်သဖြင့် မျက်စိ၊ နားစသည့်တို့ကို စေခိုင်းရပါသည်။
(စ- ၅ ) ရံခါစိတ်ကို လိုချင်မှုလောဘက လွမ်းမိုးခြယ်လှယ်ထားလျှင် လည်းကောင်း၊ ရံခါမုန်းတီး ရန်လိုမှုဒေါသက လွမ်းမိုးချယ်လှယ်ထားလျှင် ထိုထိုလောဘ ဒေါသကိလေသာတို့၏ ကျေးကျွန်ဘ၀ ရောက်ရှိသွားသဖြင့် သခင်ဖြစ်သည့် ကိလေသာ၏ စေခိုင်းမှုအရ သူလိုချင်သည့် အာရုံတို့ကို မနားမနေရှာဖွေဆက်သနေရခြင်းကိုပင် လောကလူသားအများစုက ဘဝ၏တာဝန်၊ ဘဝ၏အဓိပ္ပါယ်ဟု မိုက်မိုက်မဲမဲ ခံယူကြပါသည်။ (စ-၆) စြင်္က ံလျှောက်ရာတွင် သိသိနေသည့် စိတ်နှင့်ယှဉ်ဘက် စေတသိက်တို့က နာမ်ဣန္ဒြိယပစ္စည်း အကြောင်းဓမ္မ ဖြစ်ပြီး၊ သွားနေ၊ ရပ်နေသည့် ကိုယ်အမူအရာကြီးက အကျိုးဓမ္မ စိတ္တဇရုပ် ဖြစ်၏။
(စ-၇) ဝိပဿနာတရားရှုပွားနေသည့် ယောဂီက ပဋ္ဌာန်းတရားတော်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ နားမလည်သည် ဖြစ်စေ ဝိပဿနာတရားဟူသည် ပဋ္ဌာန်းတရားများတော်ကို ရှုပွားနေခြင်းသာ ဖြစ်ပေသည်။
Comments are closed.