ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂- ရန္ေအာင္ျမင္ ေတာရ (ၿမိဳ႕ေတာ္၀န္)ေက်ာင္းတြင္ ဝိပႆနာတရားစခန္း အမွတ္စဥ္(၁၅၈)ကို ဖြင့္လွစ္ပါမည္။ သင္တန္းကာလ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ (၁၇)ရက္၊ တနဂၤေႏြေန႔ညေနမွ ႏို၀င္ဘာလ (၂၄)ရက္ေန႔ တနဂၤေႏြေန႔ညေနအထိျဖစ္ပါသည္။ သင္တန္းသား စာရင္း ကန္႔သတ္ထားပါသျဖင့္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ပါသည္။

၃-ႏို၀င္ဘာလ(၁၇)ရက္ေန႔မွ (၂၄)ရက္ေန႕ထိ (၇)ရက္တရားစခန္းတ ြင္ အနႏၲရမ်ိဳးျဖစ္သည့္ အနႏၲရ၊ သမနႏၲရ၊ အာေသ၀န၊ နာနာကၡဏိကကမၼ၊ နတၱိ၊ ၀ိဂတႏွင့္ ပ႒ာန္းမာတိကာကို ပို႔ခ်မည္ဟု သိရွိရပါသျဖင့္ ႀကိဳတင္ပူေဇာ္ထားႏိုင္ရန္ႏွင့္ ပ႒ာန္း(၅)က်မ္းကိုပါ ယူေဆာင္လာပါရန္ ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္(ၿမိဳ႕ေတာ္၀န္)ေက်ာင္း ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၃ – စ်ာနပစၥေယာ (Jhānapaccayo) ( file 3 of 9) – စ်ာန္၏အဓိပၸါယ္, စိတ္ႏွင့္ အာရံု

၃ – စ်ာနပစၥေယာ(Jhānapaccayo)  Zawgyi

(အပိုင္း ၃/၉) ( file 3 of 9) 

စ်ာန္၏အဓိပၸါယ္, ဥပမာျပဆိုျခင္း, စိတ္ႏွင့္ အာရံု

 

စ်ာန္၏အဓိပၸါယ္

–  စ်ာန္၏အဓိပၸါယ္မွာ စူးစူးစိုက္စိုက္ ရႈၾကည့္ျခင္းပင္ျဖစ္သည္။ စိတ္ကို အာရံုတစ္ခုေပၚတြင္ တည္္တံ့ေနေစရန္ ထားျခင္း ကပင္ စ်ာန္မည္ပါသည္။

– အျခားအာ႐ံုအားလံုးကို ေခတၱေမ့ထားၿပီး အာ႐ံုတစ္ခုတည္းေပၚ၌ ထပ္တလဲလဲ ျဖစ္ေနျခင္းကိုပင္ စ်ာန္၀င္စားျခင္း မည္ေပသည္။

– သကၠတစာေပ၌ Dyana ဟုလာရွိပါသည္။ Dhyana ကို အဂၤလိပ္စာေပျဖင့္ Meditation , Training of the Mind ဟုဘာသာ ျပန္ဆိုနိုင္္ပါသည္။

– ပါဠိစာေပ၌ လာရွိသည့္ယာနကိုို ယာဥ္ဟူ၍လည္းေကာင္း၊ သတိသမၸဇနကို သတိသမၸဇဥ္ ဟူ၍ လည္းေကာင္း၊ ၀ိညာဏကို ၀ိညာဥ္ဟူ၍လည္းေကာင္း ျမန္မာမႈျပဳေလ့ရွိပါေသာ္လည္း စ်ာန္ကိုမူ စ်ာဥ္ဟုမေခၚဘဲ စ်ာန္ဟု ျမန္မာစာေပ၌ သံုးႏႈန္းေလ့ ရွိပါသည္။

 

ဥပမာျပဆိုျခင္း

– ထိုထိုစ်ာန္အဂၤါတို႕သည္ ကုသိုလ္ႏွင့္လည္း ယွဥ္တဲြျဖစ္ေပၚတတ္ၿပီး အကုသိုလ္ႏွင့္လည္း ယွဥ္တဲြ ျဖစ္ေပၚတတ္ပါသည္။ အေ၀းက ပစ္မွတ္စက္၀ိုင္းတစ္ခုကို ျမႇားျဖင့္ မွန္ေအာင္ပစ္ေနသည့္ ေလးသမားသည္ စူးစူးစိုက္စိုက္ အာရံု၌တည္မွသာ မွန္ေအာင္ပစ္ႏိုင္ေပမည္။

– ပမာျပရေသာ္ ငါးမွ်ားေနသူ၏ အထက္၌ ေနကျခစ္ျခစ္ေတာက္ပူေနၿပီး ေအာက္၌ ရႊံႏြံထဲ ဒူးျမႇဳပ္ေနသည္။ တဖန္ ေရစပ္၌ ျခင္မဲႀကီးမ်ားက သူ၏ကိုယ္ခႏၶာေပၚတြင္ သီးေနေသာ္လည္း မသိေတာ့ေပ။ အေၾကာင္းမွာ သူ၏စူးစိုက္မႈက ငါးျမႇားခ်ိတ္ အရင္းက ေရေပၚေပၚေနသည့္ ေဖါ့တံုးေလးေပၚသို႕ျပည့္ျပည့္၀၀ ေရာက္ၿပီး သူ႕အာရံုႏွင့္သူ ပီတိျဖစ္ေနသည္။ ဧကဂၢတာ ျဖစ္ေနသည္။

– အထက္ပါဥပမာကဲ့သို႕ပင္ ၀ိတက္ စသည့္ စ်ာန္အဂၤါတို႕ကလည္း ကမၼ႒ာန္းအာရံုေပၚသို႕ စူးစူးစုိက္စုိက္ ကပ္ခါ ရႈမွတ္ ေနျခင္း ျဖစ္ပါသည္။ စိတ္ကိုအာရံုထဲ စူး၀င္ေနမတတ္ ထင္ရေလာက္ေအာင္ အာရံုႏွင့္ စိတ္ တဲြကပ္ထားသည့္ သေဘာ ကပင္ စ်ာန္မည္ေပသည္။

– သပၸာယ္သည့္ ဘုရားရုပ္ပြားေတာ္ကို ၾကည္ညိဳေနသူတစ္ဦး သဒၶါတရားမ်ားတဖြားဖြားျဖစ္ကာ ဘုရားအာရံုမွ တစ္ပါးအျခား အာရံုမ၀င္ ဘဲေနျခင္း၊ (၀ါ) ဘုရားအာရံုေပၚမွ စိတ္က မခဲြႏိုင္၊ မဖယ္ႏိုင္ျခင္းကပင္ စ်ာန္တရားျဖစ္ေပသည္။

– ထို႕ေၾကာင့္ လယ္တီဆရာေတာ္ႀကီးက ”စိုက္စိုက္စူးစူး၊ ထူးၿမဲၿမံ  ရွဳအားသန္ စ်ာန္ဟုေခၚသတတ္” ဟု မိန္႕ဆိုေတာ္ မူထား ပါသည္။

 

စိတ္ႏွင့္ အာရံု

– စိတ္သည္ အာရံုတစ္ခုေပၚမွ ကြာမသြားဘဲ ၾကာၾကာတည္ေနသည့္သေဘာကို ဆိုလိုပါသည္။ သို႕ေသာ္ စိတ္တစ္ခု၏ သက္တမ္းသည္ အလြန္႕ အလြန္ တိုေတာင္းသျဖင့္ အာရံုေပၚတြင္ ဘယ္ကဲ့သို႕ၾကာၾကာ တည္နိုင္သနည္းဟု ေမးစရာ ေပၚလာပါသည္။

– ထိုတိုေတာင္းလြန္းသည့္ အခ်ိန္ကာလတိုအတြင္း၌ ျဖစ္ခြင့္ရွိသည့္စိတ္ႏွင့္ ယွဥ္ေဖၚယွဥ္ဖက္ တရားအားလံုးတို႕သည္ အာရံုတစ္ခုတည္းေပၚ၌ မကဲြမကြာ ကပ္၍ တည္ေနျခင္းတည္း။ ထပ္တလဲလဲ အသစ္အသစ္ ျဖစ္ေနသည့္ စိတ္တို႕ကလည္း ေရွ႕စိတ္နည္းတူ အာရံုတစ္ခုတည္းေပၚ၌ မကဲြမကြာကပ္၍ တည္ေနျခင္းကို ဆိုလိုပါသည္။ ပထမစိတ္လည္း ဤအာရံု၌ တည္သည္။ ဒုတိယစိတ္လည္း ဤအာရံု၌ပင္ တည္သည္။ တတိယစိတ္လည္း ဤအာရံု၌ပင္ တည္သည္။

– သာမာန္အေျခအေနတြင္ နားက အသံၾကားလွ်င္ စိတ္ကအသံကို ေရာက္သည္၊ အနံ႕တခုခုရလွ်င္ စိတ္က ထိုအနံ႕ အာရံုဆီကို ေရာက္သည္။ စ်ာန္ဟူေသာ အေနအထား ေရာက္လာပါက သတ္မွတ္ထားသည့္ အာရံုမွတစ္ပါး အျခားအာရံုသို႕ စိတ္က မေရာက္ေတာ့ေပ။

 

၃ – ဈာနပစ္စယော(Jhānapaccayo)  Pyidaungsu – Unicode

(အပိုင်း ၃/၉) (file 3 of 9)

 ဈာန်၏အဓိပ္ပါယ်

–  ဈာန်၏အဓိပ္ပါယ်မှာ စူးစူးစိုက်စိုက် ရှုကြည့်ခြင်းပင်ဖြစ်သည်။ စိတ်ကို အာရုံတစ်ခုပေါ်တွင် တည်တံ့နေစေရန် ထားခြင်း ကပင် ဈာန်မည်ပါသည်။

– အခြားအာရုံအားလုံးကို ခေတ္တမေ့ထားပြီး အာရုံတစ်ခုတည်းပေါ်၌ ထပ်တလဲလဲ ဖြစ်နေခြင်းကိုပင် ဈာန်ဝင်စားခြင်း မည်ပေသည်။

– သက္ကတစာပေ၌ Dyana ဟုလာရှိပါသည်။ Dhyana ကို အင်္ဂလိပ်စာပေဖြင့် Meditation , Training of the Mind ဟုဘာသာ ပြန်ဆိုနိုင်ပါသည်။

– ပါဠိစာပေ၌ လာရှိသည့်ယာနကို ယာဉ်ဟူ၍လည်းကောင်း၊ သတိသမ္ပဇနကို သတိသမ္ပဇဉ် ဟူ၍ လည်းကောင်း၊ ဝိညာဏကို ဝိညာဉ်ဟူ၍လည်းကောင်း မြန်မာမှုပြုလေ့ရှိပါသော်လည်း ဈာန်ကိုမူ ဈာဉ်ဟုမခေါ်ဘဲ ဈာန်ဟု မြန်မာစာပေ၌ သုံးနှုန်းလေ့ ရှိပါသည်။

ဥပမာပြဆိုခြင်း

– ထိုထိုဈာန်အင်္ဂါတို့သည် ကုသိုလ်နှင့်လည်း ယှဉ်တွဲဖြစ်ပေါ်တတ်ပြီး အကုသိုလ်နှင့်လည်း ယှဉ်တွဲ ဖြစ်ပေါ်တတ်ပါသည်။ အဝေးက ပစ်မှတ်စက်ဝိုင်းတစ်ခုကို မြှားဖြင့် မှန်အောင်ပစ်နေသည့် လေးသမားသည် စူးစူးစိုက်စိုက် အာရုံ၌တည်မှသာ မှန်အောင်ပစ်နိုင်ပေမည်။

– ပမာပြရသော် ငါးမျှားနေသူ၏ အထက်၌ နေကခြစ်ခြစ်တောက်ပူနေပြီး အောက်၌ ရွှံနွံထဲ ဒူးမြှုပ်နေသည်။ တဖန် ရေစပ်၌ ခြင်မဲကြီးများက သူ၏ကိုယ်ခန္ဓာပေါ်တွင် သီးနေသော်လည်း မသိတော့ပေ။ အကြောင်းမှာ သူ၏စူးစိုက်မှုက ငါးမြှားချိတ် အရင်းက ရေပေါ်ပေါ်နေသည့် ဖေါ့တုံးလေးပေါ်သို့ပြည့်ပြည့်၀၀ ရောက်ပြီး သူ့အာရုံနှင့်သူ ပီတိဖြစ်နေသည်။ ဧကဂ္ဂတာ ဖြစ်နေသည်။

– အထက်ပါဥပမာကဲ့သို့ပင် ဝိတက် စသည့် ဈာန်အင်္ဂါတို့ကလည်း ကမ္မဋ္ဌာန်းအာရုံပေါ်သို့ စူးစူးစိုက်စိုက် ကပ်ခါ ရှုမှတ် နေခြင်း ဖြစ်ပါသည်။ စိတ်ကိုအာရုံထဲ စူးဝင်နေမတတ် ထင်ရလောက်အောင် အာရုံနှင့် စိတ် တွဲကပ်ထားသည့် သဘော ကပင် ဈာန်မည်ပေသည်။

– သပ္ပာယ်သည့် ဘုရားရုပ်ပွားတော်ကို ကြည်ညိုနေသူတစ်ဦး သဒ္ဓါတရားများတဖွားဖွားဖြစ်ကာ ဘုရားအာရုံမှ တစ်ပါးအခြား အာရုံမဝင် ဘဲနေခြင်း၊ (ဝါ) ဘုရားအာရုံပေါ်မှ စိတ်က မခွဲနိုင်၊ မဖယ်နိုင်ခြင်းကပင် ဈာန်တရားဖြစ်ပေသည်။

– ထို့ကြောင့် လယ်တီဆရာတော်ကြီးက ”စိုက်စိုက်စူးစူး၊ ထူးမြဲမြံ  ရှုအားသန် ဈာန်ဟုခေါ်သတတ်” ဟု မိန့်ဆိုတော် မူထား ပါသည်။

 

စိတ်နှင့် အာရုံ

– စိတ်သည် အာရုံတစ်ခုပေါ်မှ ကွာမသွားဘဲ ကြာကြာတည်နေသည့်သဘောကို ဆိုလိုပါသည်။ သို့သော် စိတ်တစ်ခု၏ သက်တမ်းသည် အလွန့် အလွန် တိုတောင်းသဖြင့် အာရုံပေါ်တွင် ဘယ်ကဲ့သို့ကြာကြာ တည်နိုင်သနည်းဟု မေးစရာ ပေါ်လာပါသည်။

– ထိုတိုတောင်းလွန်းသည့် အချိန်ကာလတိုအတွင်း၌ ဖြစ်ခွင့်ရှိသည့်စိတ်နှင့် ယှဉ်ဖေါ်ယှဉ်ဖက် တရားအားလုံးတို့သည် အာရုံတစ်ခုတည်းပေါ်၌ မကွဲမကွာ ကပ်၍ တည်နေခြင်းတည်း။ ထပ်တလဲလဲ အသစ်အသစ် ဖြစ်နေသည့် စိတ်တို့ကလည်း ရှေ့စိတ်နည်းတူ အာရုံတစ်ခုတည်းပေါ်၌ မကွဲမကွာကပ်၍ တည်နေခြင်းကို ဆိုလိုပါသည်။ ပထမစိတ်လည်း ဤအာရုံ၌ တည်သည်။ ဒုတိယစိတ်လည်း ဤအာရုံ၌ပင် တည်သည်။ တတိယစိတ်လည်း ဤအာရုံ၌ပင် တည်သည်။

– သာမာန်အခြေအနေတွင် နားက အသံကြားလျှင် စိတ်ကအသံကို ရောက်သည်၊ အနံ့တခုခုရလျှင် စိတ်က ထိုအနံ့ အာရုံဆီကို ရောက်သည်။ ဈာန်ဟူသော အနေအထား ရောက်လာပါက သတ်မှတ်ထားသည့် အာရုံမှတစ်ပါး အခြားအာရုံသို့ စိတ်က မရောက်တော့ပေ။

 

Comments are closed.