ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂-ဒီဇင္ဘာလ (၁၄၊ ၁၅)ရက္ စေန၊ တနဂၤေႏြေန႔ ႏွစ္ရက္
နံနက္ (၉)နာရီမွ ညေန (၄)နာရီထိ ပ႒ာန္းတရားေတာ္မ်ားကို
သင္ၾကားပို႔ခ်မည္ျဖစ္ပါသျဖင့္ ႀကိဳတင္ စာရင္းေပးသြင္းႏိုင္ပါရန္
ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္ေတာရေက်ာင္း
(ၿမိဳ႕ေတာ္၀န္က်ာင္း) ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၄- အနႏၲရပစၥေယာ Anantara Paccaya (Proximity condition) (3 of 7) ၀ီထိစိတ္ႏွင့္ ဘ၀င္စိတ္

၄- အနႏၲရပစၥေယာ Anantara Paccaya (Proximity condition) (3 of 7) zawgyi

၀ီထိစိတ္ႏွင့္ ဘ၀င္စိတ္

 

အနႏၲရ

(က-၁) အနႏၲရ (န+အႏၲရ) အႏၲရ = အၾကား၊ ကြက္လပ္။ န = မရွိ မည္သည့္ စိတ္မွ အၾကား၌ မျခားသျဖင့္ အျခားမရွိဟု ေခၚသည္။

(က-၂) အၾကားမရွိဘဲ ေရွ႕စိတ္ ေနာက္စိတ္ ႏွစ္စိတ္မဟုတ္ဘဲ တစ္ဆက္တည္းပင္ ျဖစ္ေနသည္ဟု ထင္မွတ္မွား ေလာက္ေအာင္ပင္ အၾကားမရွိျခင္းေပတည္း။

နိယာမတရားမ်ား

(က-၃) နိယာမတရား ၅-ပါး ရွိပါသည္။၄င္းတို႕မွာ၁-ဥတုနိယာမ၊ ၂-ဗီဇနိယာမ၊ ၃-ကမၼနိယာမ၊ ၄-ဓမၼနိယာမႏွင့္ ၅-စိတၱနိယာမ တို႔ျဖစ္သည္။ ဤတြင္ ေရွးေရွးစိတ္က ေနာက္ေနာက္စိတ္တို႔ ျဖစ္ေပၚလာေစရန္  ခ်ဳပ္ေပ်ာက္ ဖယ္ရွားေပးျခင္းကပင္ စိတၱနိယာမ Law of mind ေပတည္း။

 

၀ီထိစိတ္ႏွင့္ ဘ၀င္စိတ္

(က-၄) ၀ီထိစိတ္ကို Concious mind ဟူ၍လည္းေကာင္း၊ ဘ၀င္စိတ္ကို Unconcious mind ဟူ၍ လည္းေကာင္း ေခၚပါသည္။ အခ်ိဳ႕ေနရာတြင္မူ ၀ီထိစိတ္ကို Aware ဟူ၍လည္းေကာင္း၊ ဘ၀င္စိတ္ကို Life continuum, Deepsleep ဟူ၍လည္းေကာင္း ေနရာအားေလွ်ာ္စြာ ေခၚေ၀ၚပါသည္။

(က-၅) အိမ္ရွင္စိတ္ဟူသည္ လူျဖစ္ေစ၊ နတ္ျဖစ္ေစ၊ အယုတ္ဆံုးအားျဖင့္ တိရိစၦာန္ ၿပိတၱာပင္ျဖစ္ေစ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသည့္ကာလတြင္ ျဖစ္ေသာစိတ္မွာ ဘ၀င္စိတ္(၀ါ) အိမ္ရွင္စိတ္ ျဖစ္ေပသည္။

(က-၆) ထို႕အျပင္မ်က္စိ၊ နားစသည္ဒြါရမ်ား၌ ထင္လာေသာအာရံု အသစ္ေၾကာင့္ ၀ီထိစိတ္အစဥ္ မျဖစ္ေသးသည့္ တဒဂၤမ်ားတြင္ ျဖစ္ေသာစိတ္သည္လည္း ဘင္စိတ္ (၀ါ) အိမ္ရွင္စိတ္ပင္ ျဖစ္သည္။ အဘိဓမၼာအရ ၀ိပါက္စိတ္ဟ ုေခၚသည္။

(က-၇) ပုထုဇဥ္ႏွင့္ေသကၡာက ကုသိုလ္လုပ္ပါက ၀ုေ႒ာေနာက္ ကုသိုလ္ေဇာက်ပါသည္။ အကုသိုလ္လုပ္ပါက ၀ုေ႒ာေနာက္ အကုသိုလ္ေဇာက်ပါသည္။ ဘုရားရဟႏၲာမ်ားမွာမူ ၀ုေ႒ာေနာက္ ႀကိယာေဇာက်ပါသည္။ ထို႕ေၾကာင့္ ၀ုေ႒ာေနာက္တြင္ ကုသိုလ္ေဇာ၊ အကုသိုလ္ေဇာႏွင့္ ႀကိယာေဇာတို႕ ေစာနိုင္ပါသည္။

(က-၈) ဘ၀တစ္ခုက ေသၿပီးေနာက္ ဘ၀တစ္ခုရသည္ကိုသူ လိုကိုယ္လိုလူကသိနိုင္ခဲပါသည္။ ဤခႏၶာျဖင့္ပင္ ပုထုဇဥ္ ဘ၀မွသည္ အရိယာဘ၀ျဖစ္ရာ၌မူ ေသေသခ်ာခ်ာ သိႏုိင္ပါသည္။ ပမာျပရေသာ္ လူတစ္ေယာက္ ရူးေနသည္ကို ရူးမွန္မသိနိုင္ေသာ္လည္း အရူးေရာဂါသည္ဘ၀မွ ေဆးကုသသျဖင့္ ေကာင္းသြားသည္ကို ေသေသခ်ာခ်ာ သိသကဲ့သို႕ပင္ ျဖစ္ပါသည္။

 

၄- အနန္တရပစ္စယော Anantara Paccaya (Proximity condition) (3 of 7) pyidaungsu – unicode

ဝီထိစိတ်နှင့် ဘဝင်စိတ်

 

အနန္တရ

(က-၁) အနန္တရ(န+အန္တရ) အန္တရ=အကြား၊ ကွက်လပ်။ န= မရှိ မည်သည့် စိတ်မှအကြား၌ မခြားသဖြင့် အခြား မရှိဟုခေါ်သည်။

(က-၂) အကြားမရှိဘဲ ရှေ့စိတ် နောက်စိတ် နှစ်စိတ်မဟုတ်ဘဲ တစ်ဆက်တည်းပင်ဖြစ်နေသည်ဟု ထင်မှတ်မှား လောက်အောင်ပင် အကြားမရှိခြင်းပေတည်း။

နိယာမတရားများ

(က-၃) နိယာမတရား ၅-ပါး ရှိပါသည်။၎င်းတို့မှာ၁-ဥတုနိယာမ၊ ၂-ဗီဇနိယာမ၊ ၃-ကမ္မနိယာမ၊ ၄-ဓမ္မနိယာမနှင့်  ၅-စိတ္တနိယာမ တို့ဖြစ်သည်။ ဤတွင် ရှေးရှေးစိတ်က နောက်နောက်စိတ်တို့ ဖြစ်ပေါ်လာစေရန်  ချုပ်ပျောက် ဖယ်ရှားပေးခြင်းကပင် စိတ္တနိယာမ Law of mind ပေတည်း။

ဝီထိစိတ်နှင့် ဘဝင်စိတ်

(က-၄) ဝီထိစိတ်ကို Concious mind ဟူ၍လည်းကောင်း၊ဘဝင်စိတ်ကို Unconcious mind ဟူ၍ လည်းကောင်း ခေါ်ပါသည်။ အချို့နေရာတွင်မူ ဝီထိစိတ်ကို Aware  ဟူ၍လည်းကောင်း၊ ဘဝင်စိတ်ကို Life continuum, Deepsleep ဟူ၍လည်းကောင်း နေရာအားလျှော်စွာ ခေါ်ဝေါ်ပါသည်။

(က-၅)  အိမ်ရှင်စိတ်ဟူသည် လူဖြစ်စေ၊ နတ်ဖြစ်စေ၊ အယုတ်ဆုံးအားဖြင့် တိရိစ္ဆာန် ပြိတ္တာပင်ဖြစ်စေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့်ကာလတွင် ဖြစ်သောစိတ်မှာ ဘဝင်စိတ်(ဝါ) အိမ်ရှင်စိတ် ဖြစ်ပေသည်။

(က-၆) ထို့အပြင်မျက်စိ၊ နားစသည်ဒွါရများ၌ ထင်လာသောအာရုံ အသစ်ကြောင့် ဝီထိစိတ်အစဉ် မဖြစ်သေးသည့် တဒင်္ဂများတွင် ဖြစ်သော စိတ်သည်လည်း ဘင်စိတ် (ဝါ) အိမ်ရှင်စိတ်ပင် ဖြစ်သည်။ အဘိဓမ္မာအရ ဝိပါက်စိတ်ဟု ခေါ်သည်။

(က-၇)  ပုထုဇဉ်နှင့်သေက္ခာက ကုသိုလ်လုပ်ပါက ဝုဋ္ဌောနောက် ကုသိုလ်ဇောကျပါသည်။ အကုသိုလ်လုပ်ပါက ဝုဋ္ဌောနောက် အကုသိုလ်ဇောကျပါသည်။ ဘုရားရဟန္တာများမှာမူ ဝုဋ္ဌောနောက် ကြိယာဇောကျပါသည်။ ထို့ကြောင့် ဝုဋ္ဌောနောက်တွင် ကုသိုလ်ဇော၊ အကုသိုလ်ဇောနှင့် ကြိယာဇောတို့ စောနိုင်ပါသည်။

(က-၈)  ဘဝတစ်ခုက သေပြီးနောက် ဘဝတစ်ခုရသည်ကိုသူ လိုကိုယ်လိုလူကသိနိုင်ခဲပါသည်။ ဤခန္ဓာဖြင့်ပင်             ပုထုဇဉ် ဘဝမှသည် အရိယာဘဝဖြစ်ရာ၌မူ သေသေချာချာ သိနိုင်ပါသည်။ ပမာပြရသော် လူတစ်ယောက် ရူးနေသည်ကို ရူးမှန်မသိနိုင်သော်လည်း အရူးရောဂါသည်ဘဝမှ ဆေးကုသသဖြင့် ကောင်းသွားသည်ကို သေသေချာချာ သိသကဲ့သို့ပင် ဖြစ်ပါသည်။

Comments are closed.