ရည္ရြယ္ခ်က္

တုိင္းျပည္၏ အနာဂတ္ကုိ ပုိင္ဆုိင္ထားၾကသည့္ လူငယ္ေမာင္မယ္မ်ား ယဥ္ေက်းလိမၼာၿပီး စာရိတၱမ႑ိဳင္ျမင့္မားကာ အမ်ိဳးဘာသာသာသနာကုိ ခ်စ္ျမတ္ႏိုးတတ္သည့္ လူေတာ္လူေကာင္းမ်ားေပၚထြန္းလာေစရန္။

Soon:

၁- လယ္ေ၀းၿမိဳ႕နယ္ သေျပပင္ ရန္ကင္းေတာရ ပရိယတ္ ပဋိပတ္ဌာနတ ြင္ တနဂၤေႏြအပါတ္စဥ္ဖ ြင့္လွစ္ပို႕ခ်လ်က္ရွိေသာ အဘိဓမၼာအျမင္ဖ ြင့္ သင္တန္းကို ရန္ေအာင္ျမင္ေတာရ(ၿမိဳ႕ေတာ္၀န္ေက်ာင္း) သံတမန္ဇုန္ႏွင့္ ရတနာမဥၥ (R)3လမ္း အၾကား၊ ဒကၡိဏသီရိၿမိဳ႕နယ္ ေနျပည္ေတာ္သို႔ ေျပာင္းေရႊဖြ ြင့္လွစ္ထားပါသည္။

၂- ရန္ေအာင္ျမင္ ေတာရ (ၿမိဳ႕ေတာ္၀န္)ေက်ာင္းတြင္ ဝိပႆနာတရားစခန္း အမွတ္စဥ္(၁၅၈)ကို ဖြင့္လွစ္ပါမည္။ သင္တန္းကာလ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ (၁၇)ရက္၊ တနဂၤေႏြေန႔ညေနမွ ႏို၀င္ဘာလ (၂၄)ရက္ေန႔ တနဂၤေႏြေန႔ညေနအထိျဖစ္ပါသည္။ သင္တန္းသား စာရင္း ကန္႔သတ္ထားပါသျဖင့္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ပါသည္။

၃-ႏို၀င္ဘာလ(၁၇)ရက္ေန႔မွ (၂၄)ရက္ေန႕ထိ (၇)ရက္တရားစခန္းတ ြင္ အနႏၲရမ်ိဳးျဖစ္သည့္ အနႏၲရ၊ သမနႏၲရ၊ အာေသ၀န၊ နာနာကၡဏိကကမၼ၊ နတၱိ၊ ၀ိဂတႏွင့္ ပ႒ာန္းမာတိကာကို ပို႔ခ်မည္ဟု သိရွိရပါသျဖင့္ ႀကိဳတင္ပူေဇာ္ထားႏိုင္ရန္ႏွင့္ ပ႒ာန္း(၅)က်မ္းကိုပါ ယူေဆာင္လာပါရန္ ဆရာေလးတို႔က ကုသိုလ္ေမွ်ာ္၍ အသိေပးႏိႈးေဆာ္အပ္ပါသည္။
ဆရာေလးမ်ား ရန္ေအာင္ျမင္(ၿမိဳ႕ေတာ္၀န္)ေက်ာင္း ႐ံုးခန္း

ဖုန္း—09 830 4446 — 09 797 303021 — 09 430 757 04

Email: ven.khemananda.brahmana@gmail.com

၄ – စ်ာနပစၥေယာ (Jhānapaccayo) ( file 4 of 9) – စ်ာန္ကို ကု/အကုဟု ပံုေသမဆိုႏိုင္ပါ

– စ်ာနပစၥေယာ(Jhānapaccayo) Zawgyi

(အပိုင္း ၄/၉) ( file 4 of 9)                                    

၄- စ်ာန္ကို ကု/အကုဟု ပံုေသမဆိုႏိုင္ပါ

{ စ်ာန္အဂၤါႏွင့္ မိမိတို႕၏ေန႕စဥ္ဘ၀, ကမၼ႒ာန္း – ၄၀, စ်ာန္အဂၤါႏွင့္ သမထကမၼ႒ာန္း}

 

 စ်ာန္ကို ကု/အကုဟု ပံုေသမဆိုႏိုင္ပါ

– ျမန္မာစကား၌မူ စ်ာန္၊ မဂ္၊ ဖိုလ္ဟု အစဥ္အလာအားျဖင့္ သံုးႏႈန္းလာခဲ့သျဖင့္ အဘိဓမၼာကို စနစ္တက် မေလ့လာထားသူ အဖို႕ စ်ာန္ကိုလည္း မဂ္္ဖိုလ္ကဲ့သို႕ပင္ အၿမဲေကာင္းသည့္တရားဟု ထင္မွတ္ထားၾကပါသည္။

–  စ်ာနစိတ္္ျဖစ္တိုင္း အၿမဲကုသိုလ္စိတ္ျဖစ္သည္ဟု မဆိုႏိုင္ေပ။ ေကာင္းသည့္စိတ္ျဖင့္လည္း အာ႐ံုကို စူးစိုက္ ႐ွဳတတ္ သကဲ့သို႕၊ မေကာင္းသည့္စိတ္ျဖင့္လည္း အာရံုကို စူးစိုက္႐ွဳတတ္ပါသည္။ ထို႕ေၾကာင့္ စ်ာန္ကို ကုသိုလ္ အကုသိုလ္ဟု ပံုေသ မဆိုႏိုင္ပါ။

 

စ်ာန္အဂၤါႏွင့္ မိမိတို႕၏ ေန႕စဥ္ဘ၀

– အာ႐ံုကို စူးစိုက္႐ႈမွတ္မႈႏွင့္ စပ္လ်ဥ္း စ်ာနအဂၤါ = စ်ာနဂၤ = စ်ာန္အဂၤါ ၅-ပါး  ရွိပါသည္။ ၄င္းတို႕မွာ (၁) ၀ိတက္ (၂) ၀ိစာရ (၃) ပီတိ (၄) သုခ (၅) ဧကဂၢတာ တို႕ျဖစ္ပါသည္။

– ဥပမာျပရေသာ္ ေၾကးစည္ကို စတင္ထိုးေသာအခါ ထြက္လာသည့္အသံ-အာရံုေပၚ စိတ္ေရာက္သည္ကို ၀ိတက္၊ တ၀ီ၀ီျမည္သံပမာ အာရံုကို သံုးသပ္ျခင္းက   ၀ိစာရဟု ျပၾကသည္။

– သာမာန္အားျဖင့္ ေန႕စဥ္ဘ၀ထဲ အခ်ိန္တိုင္းတြင္ ၀ိတက္၊ ၀ိစာရျဖစ္ေနသည္သာ။ ပမာျပရေသာ္ ပန္းကေလးတစ္ပြင့္ ေတြ႕လိုက္ရာတြင္ ၀ိတက္က အာရံုကိုယူသည္၊ ၀ိစာရက ဒါႏွင္းဆီပန္းပါလား၊ ဒါက စကၠဳပန္းအနီပါလားဟု သံုးသပ္ တာသည္ ၀ိစာရျဖစ္သည္။

  – စူးစိုက္မႈတိုင္းကို စ်ာန္ျဖစ္ေသာ္လည္း စ်ာန္တိုင္း ကုသိုလ္မျဖစ္ႏိုင္ေပ။ အာရံုလည္း  မွန္၊ ႏွလံုးသြင္းလည္းမွန္မွသာ ကုသိုလ္ျဖစ္မည္။ သို႕မဟုတ္ဘဲ အာရံုလည္းမွား၊ ႏွလံုးသြင္းလည္း မွားလွ်င္မူ အကုသိုလ္သာ ျဖစ္ေနေပေတာ့မည္။

– ကုသိုလ္စ်ာန္ျဖစ္ရန္ စူးစိုက္ရႈသင့္သည့္ အာရံုမ်ား (၄၀)ရွိေၾကာင္း က်မ္းဂန္မ်ား၌ လာ၏။ ၄င္းတို႕မွာ-

 

ကမၼ႒ာန္း – ၄၀

၁ – ပထ၀ီစသည့္ ကသိုဏ္း – ၁၀ ပါး။၂- အသုဘ – ၁၀ ပါး။ ၃ – ဗုဒၶနုႆတိ စသည့္ အႏုႆတိ – ၁၀ ပါး

၄ – ေမတၱာ၊ ကရုဏာ၊ မုဒိတာ၊ ဥေပကၡာဟူေသာ အပၸမညာတရား – ၄ ပါး။ ၅ – အာဟာေရပဋိကုလသညာ – ၁ ပါး

၆ – ဓာတ္ေလးပါးကို ပိုင္းျခားမွတ္သားသည့္ စတုဓာတု၀၀တၳာန္  – ၁ ပါး

၇ – အာကာသာနဥၥာယတန စသည့္အာရုပၸ – ၄ ပါး တို႔ျဖစ္သည္။

စ်ာန္အဂၤါႏွင့္ သမထကမၼ႒ာန္း

၀ိတက္ = မနားတမ္းေျပးလြားေနသည့္စိတ္ကုိ သမထကမၼ႒ာန္း၏  အာရံုျဖစ္သည့္ အာနာပါနေပၚသို႔ မနားတမ္း ဆဲြတင္ တင္ေပးေနသည့္သေဘာက ၀ိတက္ေပတည္း။ သကၠတစာေပ၌ Vitarka ဟူ၍လာရွိသည္။ အဂၤလိပ္ဘာသာျဖင့္ Initial application , Applied thinking ဟုျပန္ဆိုနိုင္ပါသည္။ ဤသို႕ အႀကိမ္ႀကိမ္ ဆဲြတင္ေပးဖန္မ်ား လာေသာအခါ စိတ္က မေျပးေတာ့ဘဲ ထားလိုသည့္ အာနာပါန ထြက္ေလ၀င္ေလ အာရံုေပၚ ၀ပ္၍ေနေတာ့သည္။ ဤသည္ကိုပင္  ၀ိတက္၊ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂၢတာတည္းဟူေသာ စ်ာန္အဂၤါ ငါးပါးႏွင့္ယွဥ္သည့္ ပထမစ်ာန္ကို ရေလၿပီ။ (ဒုတိယစ်ာန္ ေရာက္ေသာ အခါတြင္ စိတ္က ထားလိုသည့္ အာရံုေပၚသို႕၀ပ္ေနပါသျဖင့္ ၀ိတက္၏လုပ္ငန္း မရွိေတာ့ေပ)

၀ိစာရ = ၀ိစာရမည္သည္အာရံုကိုသံုးသပ္သည့္သေဘာျဖစ္သည္၊ သကၠတစာေပ၌ Vicara ဟူ၍လာ ရွိသည္။ အဂၤလိပ္ဘာသာျဖင့္ Sustained application Sustained thinking ဟု ျပန္ဆိုနိုင္ပါသည္။ ၀ိတက္၏ လုပ္ငန္းမရွိေတာ့သျဖင့္ စိတ္ကမေျပးေတာ့ဘဲ ၀ပ္ေနသျဖင့္ ထိုအာရံုကိုပင္ ထပ္တလဲလဲသံုးသပ္ ေနျခင္းျဖစ္ပါသည္။ ဤသည္ကိုပင္ ၀ိစာရ၊ ပီတိ၊ သုခ၊ ဧကဂၢတာတည္းဟူေသာစ်ာန္ အဂၤါ ေလးပါးႏွင့္ ယွဥ္သည့္ ဒုတိယစ်ာန္သမာဓိေပတည္း။ (တတိယစ်ာန္ေရာက္ေသာ အခါတြင္မူ စိတ္ကသံုးသပ္ရန္ မလိုေတာ့ပဲ ၿငိမ္ေနသျဖင့္ ၀ိစာရ၏ လုပ္ငန္းမရွိေတာ့ေပ)

ပီတိ =  ပီတိဟူသည္ ဤအာနာပါန အာရံုႏွင့္ ေနရသည္ကို အလြန္ေက်နပ္ ႏွစ္သိမ့္ျမတ္ႏိုး ေနေတာ့သည္။ သကၠတ စာေပ၌ Priti ဟူ၍လာရွိၿပီးပီတိကို အဂၤလိပ္ဘာသာျဖင့္ Rapture, Delight ဟု ျပန္ဆိုနိုင္ပါသည္။ အာရံုေပၚသို႔ ဆဲြတင္ ေပးသည့္ ၀ိတက္လည္းမလို၊ သံုးသပ္သည့္ ၀ိစာရလည္းမလိုဘဲ အျခားအာရံုကိုလည္း မယူလိုေတာ့ဘဲ ဤအာရံုႏွင့္ ႏွစ္သိမ့္ေက်နပ္၍ ေနေတာ့သည္။ မည္မွ်ၾကာသည့္တိုင္ တရားထိုင္ေနပါေသာ္လည္း ပ်င္းရိၿငီးေငြ႕သြားသည္ဟု မရွိဘဲ သေဘာက် ႏွစ္သက္မွဳက ထင္ရွားေနပါသည္။

ဤသည္ကိုပင္ ပီတိ၊ သုခ၊ ဧကဂၢတာတည္းဟူေသာ စ်ာန္အဂၤါသံုးပါးႏွင့္ ယွဥ္သည့္ တတိယစ်ာန္ သမာဓိေပတည္း။

သုခ = သုခဟူသည္ ကိုယ္စိတ္ ၿငိမ္းေအးခ်မ္းသာျခင္း ျဖစ္သည္။ သကၠတစာေပ၌ Sukha ဟူ၍လာရွိၿပီး အဂၤလိပ္ ဘာသာျဖင့္ Happiness ဟု ျပန္ဆိုနိုင္ပါသည္။ အလိုရွိေသာအာရံုကို ရရွိသည့္ခဏ၌ ႏွစ္သိမ့္အားရမွဳ ပီတိက သာလြန္ ထင္ရွားေနသည္။ ထိုအခိုက္ သုခရွိေနေသာ္လည္း မသံုးေဆာင္မခံစား ရေသးေသာေၾကာင့္ ထိုသုခ မထင္ရွားေသးပါ။ ရရွိသည့္အာရံု သံုးေဆာင္ခံစားသည့္အခိုက္ ကိုယ္စိတ္၏ ခ်မ္းသာရႊင္လန္းမႈသုခက သာ၍ ထင္ရွား၏ ၀ိသုဒၶိမဂ္၌ လာရွိ သည္။ တနည္းေဖၚျပရေသာ ပီတိေၾကာင့္ ခ်မ္းသာသည္ကိုႀကိဳက္ၿပီး ခ်မ္းသာျခင္းႏွင့္ ပမာျပဳၿပီး သုခ၏ခ်မ္းသာျခင္းကို မႀကိဳက္ဘဲ သူ႕အလိုလို ခ်မ္းသာျခင္းႏွင့္ ပမာျပဳၾကေလသည္။ ဤသည္ကိုသုခသက္သက္ စတုတၳစ်ာန္ခ်မ္းသာေပတည္း။ ပီတိကိုခြါႏိုင္ေသာေၾကာင့္ ခ်မ္းသာသက္သက္ကို ခံစားရျခင္းျဖစ္သည္။ အခ်ိဳ႕မွာ ဤခ်မ္းသာကိုပင္ နိဗၺာန္ခ်မ္းသာဟု ထင္မွတ္မွားၾကသည္။

OLYMPUS DIGITAL CAMERA

ဧကဂၢတာ = ဧကဂၢတာသည္ ပဥၥမစ်ာန္သမာဓိျဖစ္၏။  သကၠတစာေပ၌ Ekagrata ဟူ၍လာရွိၿပီး အဂၤလိပ္ဘာသာျဖင့္ One pointedness,  concentration ဟု ျပန္ဆိုႏိုင္ပါသည္။ သုခခ်မ္းသာကို ႏွစ္သက္တြယ္တာကာ မခြါႏိုင္လွ်င္လည္း ပဥၥမစ်ာန္ သမာဓိကိုု တက္မရပါ။ ေျပးလႊားေနသည့္စိတ္ ၿငိမ္ေအာင္ႀကိဳးစားစဥ္ကလည္း ပထမစ်ာန္သမာဓိ ရရွိခဲ့သည္။ ၀ိစာရသံုးသပ္ စဥ္ကလည္း ဒုတိယစ်ာန္ သမာဓိရရွိခဲ့သည္။ တတိယစ်ာန္၌လည္း သမာဓိရရွိခဲ့သည္။ ဤသို႕အဆင့္ဆင့္ေသာ သမာဓိကို ရရွိခဲ့ပါေသာ္လည္း ေလာကီခ်မ္းသာအားလံုးကို ဥေပကၡာျပဳႏိုင္သျဖင့္ ရရွိမည့္ ပဥၥမစ်ာန္သမာဓိေလာက္ မစင္ၾကယ္ေပ။

 

 

                

             ၄ – ဈာနပစ္စယော(Jhānapaccayo) Pyidaungsu – Unicode 

                          (အပိုင်း ၄/၉) ( file 4 of 9)                                   

၄- ဈာန်ကို ကု/အကုဟု ပုံသေမဆိုနိုင်ပါ

 {ဈာန်အင်္ဂါနှင့် မိမိတို့၏နေ့စဉ်ဘဝ, ကမ္မဋ္ဌာန်း – ၄၀, ဈာန်အင်္ဂါနှင့် သမထကမ္မဋ္ဌာန်း}

– မြန်မာစကား၌မူ ဈာန်၊ မဂ်၊ ဖိုလ်ဟု အစဉ်အလာအားဖြင့် သုံးနှုန်းလာခဲ့သဖြင့် အဘိဓမ္မာကို စနစ်တကျ မလေ့လာထားသူ အဖို့ ဈာန်ကိုလည်း မဂ်ဖိုလ်ကဲ့သို့ပင် အမြဲကောင်းသည့်တရားဟု ထင်မှတ်ထားကြပါသည်။

–  ဈာနစိတ်ဖြစ်တိုင်း အမြဲကုသိုလ်စိတ်ဖြစ်သည်ဟု မဆိုနိုင်ပေ။ ကောင်းသည့်စိတ်ဖြင့်လည်း အာရုံကို စူးစိုက် ရှုတတ် သကဲ့သို့၊ မကောင်းသည့်စိတ်ဖြင့်လည်း အာရုံကို စူးစိုက်ရှုတတ်ပါသည်။ ထို့ကြောင့် ဈာန်ကို ကုသိုလ် အကုသိုလ်ဟု ပုံသေ မဆိုနိုင်ပါ။

ဈာန်အင်္ဂါနှင့် မိမိတို့၏ နေ့စဉ်ဘဝ

– အာရုံကို စူးစိုက်ရှုမှတ်မှုနှင့် စပ်လျဉ်း ဈာနအင်္ဂါ = ဈာနင်္ဂ = ဈာန်အင်္ဂါ ၅-ပါး  ရှိပါသည်။ ၎င်းတို့မှာ (၁) ဝိတက် (၂) ဝိစာရ (၃) ပီတိ (၄) သုခ (၅) ဧကဂ္ဂတာ တို့ဖြစ်ပါသည်။

– ဥပမာပြရသော် ကြေးစည်ကို စတင်ထိုးသောအခါ ထွက်လာသည့်အသံ-အာရုံပေါ် စိတ်ရောက်သည်ကို ဝိတက်၊ တဝီဝီမြည်သံပမာ အာရုံကို သုံးသပ်ခြင်းက   ဝိစာရဟု ပြကြသည်။

– သာမာန်အားဖြင့် နေ့စဉ်ဘဝထဲ အချိန်တိုင်းတွင် ဝိတက်၊ ဝိစာရဖြစ်နေသည်သာ။ ပမာပြရသော် ပန်းကလေးတစ်ပွင့် တွေ့လိုက်ရာတွင် ဝိတက်က အာရုံကိုယူသည်၊ ဝိစာရက ဒါနှင်းဆီပန်းပါလား၊ ဒါက စက္ကုပန်းအနီပါလားဟု သုံးသပ် တာသည် ဝိစာရဖြစ်သည်။

  – စူးစိုက်မှုတိုင်းကို ဈာန်ဖြစ်သော်လည်း ဈာန်တိုင်း ကုသိုလ်မဖြစ်နိုင်ပေ။ အာရုံလည်း  မှန်၊ နှလုံးသွင်းလည်းမှန်မှသာ ကုသိုလ်ဖြစ်မည်။ သို့မဟုတ်ဘဲ အာရုံလည်းမှား၊ နှလုံးသွင်းလည်း မှားလျှင်မူ အကုသိုလ်သာ ဖြစ်နေပေတော့မည်။

– ကုသိုလ်ဈာန်ဖြစ်ရန် စူးစိုက်ရှုသင့်သည့် အာရုံများ (၄၀)ရှိကြောင်း ကျမ်းဂန်များ၌ လာ၏။ ၎င်းတို့မှာ-

 

ကမ္မဋ္ဌာန်း – ၄၀

၁ – ပထဝီစသည့် ကသိုဏ်း – ၁၀ ပါး။၂- အသုဘ – ၁၀ ပါး။ ၃ – ဗုဒ္ဓနုဿတိ စသည့် အနုဿတိ – ၁၀ ပါး

၄ – မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော အပ္ပမညာတရား – ၄ ပါး။ ၅ – အာဟာရေပဋိကုလသညာ – ၁ ပါး

၆ – ဓာတ်လေးပါးကို ပိုင်းခြားမှတ်သားသည့် စတုဓာတု၀၀တ္ထာန်  – ၁ ပါး

၇ – အာကာသာနဉ္စာယတန စသည့်အာရုပ္ပ – ၄ ပါး တို့ဖြစ်သည်။

ဈာန်အင်္ဂါနှင့် သမထကမ္မဋ္ဌာန်း

ဝိတက် = မနားတမ်းပြေးလွားနေသည့်စိတ်ကို သမထကမ္မဋ္ဌာန်း၏  အာရုံဖြစ်သည့် အာနာပါနပေါ်သို့ မနားတမ်း ဆွဲတင် တင်ပေးနေသည့်သဘောက ဝိတက်ပေတည်း။ သက္ကတစာပေ၌ Vitarka ဟူ၍လာရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် Initial application , Applied thinking ဟုပြန်ဆိုနိုင်ပါသည်။ ဤသို့ အကြိမ်ကြိမ် ဆွဲတင်ပေးဖန်များ လာသောအခါ စိတ်က မပြေးတော့ဘဲ ထားလိုသည့် အာနာပါန ထွက်လေဝင်လေ အာရုံပေါ် ဝပ်၍နေတော့သည်။ ဤသည်ကိုပင်  ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါ ငါးပါးနှင့်ယှဉ်သည့် ပထမဈာန်ကို ရလေပြီ။ (ဒုတိယဈာန် ရောက်သော အခါတွင် စိတ်က ထားလိုသည့် အာရုံပေါ်သို့ဝပ်နေပါသဖြင့် ဝိတက်၏လုပ်ငန်း မရှိတော့ပေ)

ဝိစာရ = ဝိစာရမည်သည်အာရုံကိုသုံးသပ်သည့်သဘောဖြစ်သည်၊ သက္ကတစာပေ၌ Vicara ဟူ၍လာ ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့် Sustained application Sustained thinking ဟု ပြန်ဆိုနိုင်ပါသည်။ ဝိတက်၏ လုပ်ငန်းမရှိတော့သဖြင့် စိတ်ကမပြေးတော့ဘဲ ဝပ်နေသဖြင့် ထိုအာရုံကိုပင် ထပ်တလဲလဲသုံးသပ် နေခြင်းဖြစ်ပါသည်။ ဤသည်ကိုပင် ဝိစာရ၊ ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသောဈာန် အင်္ဂါ လေးပါးနှင့် ယှဉ်သည့် ဒုတိယဈာန်သမာဓိပေတည်း။ (တတိယဈာန်ရောက်သော အခါတွင်မူ စိတ်ကသုံးသပ်ရန် မလိုတော့ပဲ ငြိမ်နေသဖြင့် ဝိစာရ၏ လုပ်ငန်းမရှိတော့ပေ)

ပီတိ =  ပီတိဟူသည် ဤအာနာပါန အာရုံနှင့် နေရသည်ကို အလွန်ကျေနပ် နှစ်သိမ့်မြတ်နိုး နေတော့သည်။ သက္ကတ စာပေ၌ Priti ဟူ၍လာရှိပြီးပီတိကို အင်္ဂလိပ်ဘာသာဖြင့် Rapture, Delight ဟု ပြန်ဆိုနိုင်ပါသည်။ အာရုံပေါ်သို့ ဆွဲတင် ပေးသည့် ဝိတက်လည်းမလို၊ သုံးသပ်သည့် ဝိစာရလည်းမလိုဘဲ အခြားအာရုံကိုလည်း မယူလိုတော့ဘဲ ဤအာရုံနှင့် နှစ်သိမ့်ကျေနပ်၍ နေတော့သည်။ မည်မျှကြာသည့်တိုင် တရားထိုင်နေပါသော်လည်း ပျင်းရိငြီးငွေ့သွားသည်ဟု မရှိဘဲ သဘောကျ နှစ်သက်မှုက ထင်ရှားနေပါသည်။

ဤသည်ကိုပင် ပီတိ၊ သုခ၊ ဧကဂ္ဂတာတည်းဟူသော ဈာန်အင်္ဂါသုံးပါးနှင့် ယှဉ်သည့် တတိယဈာန် သမာဓိပေတည်း။

သုခ = သုခဟူသည် ကိုယ်စိတ် ငြိမ်းအေးချမ်းသာခြင်း ဖြစ်သည်။ သက္ကတစာပေ၌ Sukha ဟူ၍လာရှိပြီး အင်္ဂလိပ် ဘာသာဖြင့် Happiness ဟု ပြန်ဆိုနိုင်ပါသည်။ အလိုရှိသောအာရုံကို ရရှိသည့်ခဏ၌ နှစ်သိမ့်အားရမှု ပီတိက သာလွန် ထင်ရှားနေသည်။ ထိုအခိုက် သုခရှိနေသော်လည်း မသုံးဆောင်မခံစား ရသေးသောကြောင့် ထိုသုခ မထင်ရှားသေးပါ။ ရရှိသည့်အာရုံ သုံးဆောင်ခံစားသည့်အခိုက် ကိုယ်စိတ်၏ ချမ်းသာရွှင်လန်းမှုသုခက သာ၍ ထင်ရှား၏ ဝိသုဒ္ဓိမဂ်၌ လာရှိ သည်။ တနည်းဖေါ်ပြရသော ပီတိကြောင့် ချမ်းသာသည်ကိုကြိုက်ပြီး ချမ်းသာခြင်းနှင့် ပမာပြုပြီး သုခ၏ချမ်းသာခြင်းကို မကြိုက်ဘဲ သူ့အလိုလို ချမ်းသာခြင်းနှင့် ပမာပြုကြလေသည်။ ဤသည်ကိုသုခသက်သက် စတုတ္ထဈာန်ချမ်းသာပေတည်း။ ပီတိကိုခွါနိုင်သောကြောင့် ချမ်းသာသက်သက်ကို ခံစားရခြင်းဖြစ်သည်။ အချို့မှာ ဤချမ်းသာကိုပင် နိဗ္ဗာန်ချမ်းသာဟု ထင်မှတ်မှားကြသည်။

ဧကဂ္ဂတာ = ဧကဂ္ဂတာသည် ပဉ္စမဈာန်သမာဓိဖြစ်၏။  သက္ကတစာပေ၌ Ekagrata ဟူ၍လာရှိပြီး အင်္ဂလိပ်ဘာသာဖြင့် One pointedness,  concentration ဟု ပြန်ဆိုနိုင်ပါသည်။ သုခချမ်းသာကို နှစ်သက်တွယ်တာကာ မခွါနိုင်လျှင်လည်း ပဉ္စမဈာန် သမာဓိကို တက်မရပါ။ ပြေးလွှားနေသည့်စိတ် ငြိမ်အောင်ကြိုးစားစဉ်ကလည်း ပထမဈာန်သမာဓိ ရရှိခဲ့သည်။ ဝိစာရသုံးသပ် စဉ်ကလည်း ဒုတိယဈာန် သမာဓိရရှိခဲ့သည်။ တတိယဈာန်၌လည်း သမာဓိရရှိခဲ့သည်။ ဤသို့အဆင့်ဆင့်သော သမာဓိကို ရရှိခဲ့ပါသော်လည်း လောကီချမ်းသာအားလုံးကို ဥပေက္ခာပြုနိုင်သဖြင့် ရရှိမည့် ပဉ္စမဈာန်သမာဓိလောက် မစင်ကြယ်ပေ။

Comments are closed.